ဒီဇင်ဘာရဲ့လအလယ်မို့ တောင်ပေါ်ဒေသရဲ့မနက်အစောဟာ မြူတို့သိုင်းလို့ဝေဝါးလျက်သား။ဖြတ်သွားဖြတ်လာကားတို့ကလည်း လမ်းမပေါ်မှာ တစ်စီးနဲ့တစ်စီး ခပ်ခြားခြား။ေအးစက်လှတဲ့ေန့ေတွမို့ ပုံမှန်ရက်တွေထက် ဒီရက်ပိုင်းမှာဆိုင်ကို လူအလာကျဲသည်။ထင်းရှူးပင်ရဲ့ကိုင်းတစ်ကိုင်းဆီ မီးရောင်တစ်ခုဟပ်လာပြီးတဲ့နောက် လမ်းပေါ်မှ မီးထွန်းထားသော ကားတစ်စီးက အရှိန်နှေးနှေးဖြင့် ဖြတ်ကျော်သွားသည်။ရှေ့က အခိုးသေနေပြီဖြစ်တဲ့ အေးတော့မည့် ကော်ဖီခွက်ကိုယူလို့ တစ်ငုံငုံလိုက်ပြီး ဖတ်လက်စစာအုပ်ကိုဆွဲယူသူရဲ့အနားက ကော်ဖီခွက်ကိုအသာမယူလိုက်သည်။
"ဒီနှစ်ရဲ့ဆောင်းက နည်းနည်းပိုချမ်းသလိုပဲ"
စာအုပ်ကိုင်ရင်း အပြင်ဘက်ငိုင်တွေစွာငေးနေသူက လည်ချောင်းသံလေးတစ်ချက်ဟန့်လို့ ခွန်းတုန့်ပြန်လာ၏။
"ဘာလိုလိုနဲ့ နှစ်တစ်နှစ်တောင်ကူးပြီး အသက်တစ်နှစ်ကြီးတော့မယ် ဝမ်ဝမ်းတို့ကတော့ တစ်သက်လုံး တစ်ယောက်တည်းပဲ အရိုးထုတ်လို့သွားမလားးး"
အေးနေတဲ့ကော်ဖီခွက်ကိုအပူနဲ့လဲပေးဖို့ ထထွက်သွားပြီး အချိန်ကြာကြာလေးနေမှ စကားပြန်လာသည်။
"မင်းအပူ တစ်ပြားသားမှပါမနေပါဘူး"
မသက်ဆိုင်စေချင်ပေမယ့် ဒီလူကတော့ သက်ဆိုင်လို့ ပူချင်ပါသည်။
.......
တောင်ပေါ်ဒေသရဲ့ အေးချမ်းတဲ့မြို့ငယ်လေးတစ်မြို့....
နွေးထွေးမှုနဲ့ချိုမြိန်မှုတွေကို တစ်ဝကြီးခံစားနိုင်တဲ့ နေရာလေးတစ်ခု....
သီချင်းတွေရှိမယ်၊ပျော်ရွှင်စရာတွေလည်းရှိပြီး လူငယ်တွေရဲ့ လွတ်လပ်မှုနဲ့ချစ်ခြင်းေမတ္တာေတွလွှမ်းခြံုေနမယ့် အေးရိပ်ငြိမ်လေးတစ်ခု.....
အအေးဒဏ်ဆိုလုံးဝမခံနိုင်တဲ့လူတစ်ယောက် ဝေဒနာတွေနဲ့ နစ်မြှုပ်နေတဲ့နေရာ....။
.........
"ဝမ်ဝမ်း ကျွန်တော့်ကိုဂစ်တာတီးပြ"
စကားဆိုရင်း အခန်းတံခါးကိုတွန်းဖွင့်ဝင်လျင်ဝင်ချင်း ဝမ်ဝမ်းက သူ့ခြေထောက်တို့ကိုဆုပ်နယ်၍ ဆေးလိမ်းနေတာနဲ့ဆုံသည်။ယူလာသောဂစ်တာကို ဘေးချ၍ ဝမ်ဝမ်းလက်ထဲကဆေးဗူးကိုဆွဲလုကာ ဝင်းဝါသော ခြေထောက်သွယ်သွယ်တို့ထက် လိမ်းလိုက်သည်။အေးစက်သောနေ့ရက်တွေမှာ ဝမ်ဝမ်း၏ခြေလက်တို့က မခံမရပ်နိုင်အောင် ကိုက်ခဲတတ်သည်။