Unicode***
ထုံးစံအတိုင်းဂျွန်အိမ်တော်၏မနက်ခင်းထမင်းဝိုင်းကတိတ်ဆိတ်မြဲ...
အရင်ကအတိုင်းဆိုဂျွန်ဂျောင်ကုစားပြီးသည်နှင့်ထသွားလိုက်မှာဆိုပေမဲ့ အခုထိမလှုပ်သေးပဲမိန့်မိန့်ကြီးထိုင်နေတဲ့သူ့ကိုအထူးအဆန်းဖြင့် ကြည့်လာတဲ့အိမ်သားသုံးဦးကတော့..
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက်ပင်
အင်း..သူလဲမေးဖို့တော့မမျှော်လင့်ပါဘူး..
ခပ်တည်တည်ဖြသ်နေတဲ့သူ့ရဲ့မျက်နှာကိုမြင်တော့တော်ရုံမမေးကြ ထိုအထဲမှာတော့ သူ့ညီမဖြစ်သူတော့မပါချေ"ကိုကို!?"
လက်ဖက်ရည်ခွက်ကိုဖြေးဖြေးလေးလှည့်
နေရင်းသူ့ညီမကိုပြန်ဖြေလိုက်သည်။"အင်း ဆူဂယောင်း "
"အခုစားပြီးပြီကို ကုမ္ပဏီမသွားသေးဘူးလား?? မန်နေဂျာဂူကိုစောင့်နေတာဆိုရင်လဲမနက်ကအစောကြီးလာပြီးနှုတ်ဆက်သွားတယ် အခုလောက်ဆိုကိုကို့ကိုစောင့်နေလောက်ပြီ "
"အင်း..ကိုကိုသိတယ်! သူ့ကိုကုမ္ပဏီတစ်ခါတည်းသွားခိုင်းလိုက်ပြီ "
"ဪ..."
နောက်ထပ် ထပ်မမေးတော့ပဲငြိမ်ကျသွားသည့်သူ့ညီမကိုစိတ်မရှည်တော့...
ထပ်မေးလေ!ဒါမှမဟုတ်လဲ အစောကြီးရှိသေးတာ မသွားသေးရင် ညီမလေးကိုလိုက်ပို့ပါလားတို့ဘာတို့..
တကယ်ဆိုသူတွေးထားတာက ဒီနေ့သူ့ညီမကပူဆာလို့ကျောင်းကိုလိုက်ပို့ပေးရပြီး လမ်းကြုံသလိုနဲ့ဆေးပေးခန်းကိုဝင်မယ်လို့လေ
အခုတော့သူ့ညီမလေးကသူ့စိတ်ကိုဘာလို့လုံးဝမသိရတာလဲ!?
နောက်ဆုံးတော့မနေနိုင်တဲ့သူကပဲ..
"ဒီနေ့လဲစောနေသေးတော့ ကိုကိုကျောင်းလိုက်ပို့မယ်နော် "
"ဟင်...အဟွတ်..အဟွတ်!!"
" ကိုကို!!!"
"ဪ..ဘေးမှာရှိပါတယ်ဆူဂယောင်းရယ် "
"ဘယ်တုန်းကလိုက်ပို့ဖူးလို့..ပြီးတော့အဖေပြောတာဒီနေ့နိုင်ငံခြားကုမ္ပဏီနဲ့ချိတ်ဆက်အစည်းအဝေးပွဲရှိတယ်ဆို."
YOU ARE READING
I Want Is To Be Yours(Z+U)
Fanfiction(taejinkook) oneshot Jungkook- အချစ်လား.ဘာကိုပြောတယ်ဆိုတာတော့သေချာမသိဘူး... အစွမ်းကုန်ရူးမိုက်မယ် လွန်ခဲ့တဲ့ကတိတွေကိုပြန်တည်မယ် ကျွန်တော့်အပိုင်ဖြစ်စေမယ် Jin- ရင်ခုန်ဖူးလားဆိုတော့ ဟင့်အင်း! ရင်မခုန်ဘူး! ဒါပေမဲ့ တစ်စုံတစ်ဦးကအနားမှာရှိရင် ရင်ခုန်သံက...