Unicode ***
2010ခုနှစ် အောက်တိုဘာ 13ရက်နေ့
"အဟင့်..အီးဟီး.."
"ဟင်?မြေး..ဘာလို့ငိုနေတာလဲ"
ဘတ်ဆောင်းချန်းတစ်ယောက်ရှိုက်ကြီးတငင်ငိုနေသည့်သူ့မြေးကိုကြည့်ပြီးမေးလိုက်သည်
အသက်ငယ်ငယ်တည်းကနားထောင်နေကျဇာတ်လမ်းတစ်ခုကိုအခုထပ်နားထောင်လဲငိုနေတုန်း မွေးနေ့ရောက်တိုင်းအိမ်ကိုလာနေကျမြေးဖြစ်သူက အခုလဲနားထောင်ချင်သေးတယ်ဆိုတာကြောင့်ပြောပြလိုက်တာ ဘတ်ဆောင်းချန်းတစ်ယောက်မှားပြီးလားဟုတောင်တွေးမိသည်အထိ..
"ဘယ်နှစ်ခါပြန်နားထောင်နားထောင် အဲ့ထဲမှာသုံးယောက်လုံးကသနားစရာတွေဖိုးဖိုးရယ် သူတို့ကအပြင်မှာရှိလားဟင် အဲ့တုန်းက ကင်မ်ဆိုတဲ့သူကို ဂျီမင်းဖြင့်တအားမုန်းတာပဲ အဟင့်!"
"ဘာလို့တုန်းမြေးရဲ့"
" သူသာဆရာဝန်လေးကိုတစားခံမလုပ်ခဲ့ရင်
အဟင့် ဘယ်သူမှမသေဘူးကို အခုတော့
ဆော့ဂျင်းဆိုတဲ့သူက သူချစ်တဲ့သူကိုကာကွယ်ဖို့သေပေးရတယ် ပြီးတော့ ဂျောင်ကုဆိုတဲ့သူဆိုလဲ ကိုယ့်ချစ်သူနောက်ဆုံးအချိန်လေးတောင်ရှိမနေပေးနိုင်ခဲ့ဘူးလေ တွေ့လိုက်ရတာသူ့ချစ်သူရဲ့သေနေတဲ့အလောင်းကြီးကို ပြီးတော့ဘာဆက်ဖြစ်သွားသေးလဲဟင် ""မြေးသိနေပြီးသားပဲကိုဘာလို့ထပ်သိချင်နေတာတုန်း "
"ဟာဗျာ..ပြောပြပါဖိုးဖိုးရယ် နော်ထပ်သိချင်ပါသေးတယ်ဆို "
"ဟုတ်ပြီ ဟုတ်ပြီ ထပ်မငိုဘူးကတိပေး"
"ဟီးဟီး...ဟုတ် "
" အဲ့တုန်းက ဆော့ဂျင်သေ သွားတဲ့အချိန် ဂျောင်ကုကဒဏ်ရာရပြီးမေ့သွားရုံပဲ သူ့ကိုသူ့လူတွေကတစ်ဖက်ကလူတွေနဲ့တိုက်ခိုက်ပြီးပြန်ခေါ်သွားကြတယ် ကင်မ်ထယ်ယောင်းကတော့သူ့အဖေအပြစ်ပေးတာခံလိုက်ရတယ်လေ နိုင်ငံခြားကိုလွှတ်လိုက်တာ ဒါပေမဲ့ သူသွားတဲ့လေယာဥ်ကပျက်ကျပြီးခရီးစဥ်မှာပါသမျှလူတွေအကုန်သေသွားကြတာ ဂျောင်ကုသူသတိရတဲ့အချိန်ကျတော့ သူ့မှာယူကြုံးမရတွေဖြစ်ပြီး လူအင်းအားစုလို့ရတာနဲ့တိုက်ခိုက်ကြတယ် အဲ့တုန်းကတော့အပြင်းထန်ဆုံးစစ်ပွဲဖြစ်သွားတယ် အဲ့ဒီမှာဂျောင်ကုလဲထိခိုက်များပြီးသေဆုံးသွားတယ်လေ "
YOU ARE READING
I Want Is To Be Yours(Z+U)
Fanfiction(taejinkook) oneshot Jungkook- အချစ်လား.ဘာကိုပြောတယ်ဆိုတာတော့သေချာမသိဘူး... အစွမ်းကုန်ရူးမိုက်မယ် လွန်ခဲ့တဲ့ကတိတွေကိုပြန်တည်မယ် ကျွန်တော့်အပိုင်ဖြစ်စေမယ် Jin- ရင်ခုန်ဖူးလားဆိုတော့ ဟင့်အင်း! ရင်မခုန်ဘူး! ဒါပေမဲ့ တစ်စုံတစ်ဦးကအနားမှာရှိရင် ရင်ခုန်သံက...