Unicode***
အစည်းအဝေးကပြီးဆုံးသွားတော့ ချိတ်ထားသည့်ကုတ်အင်္ကျီကိုဆွဲယူရင်း ပြန်ထွက်ရန်ပြင်ပြီးမှ
" အစ်ကိုလေး ရုံးတစ်ခါတည်းဆင်းတော့ဖို့လား?? "
အခုမှအခန်းထဲဝင်လာဟန်ရှိသည့်မန်နေဂျာ ဂူကလက်ထဲဖိုင်တစ်ချို့ကိုကိုင်ကာ မေးလေသည်။
"အင်း ဟုတ်တယ် တကယ့်လို့ပေးစရာရှိသေးရင်အိမ်ကိုပဲတစ်ခါတည်းပို့ပေးထားလိုက်နော်ပြီးမှရုံးဆင်းလိုက်ပေါ့ ကျွန်တော်ကတော့ဝင်စရာရှိသေးတော့လေ တာဝန်ကျေလိုက်ပါအုံး "
အနက်ရောင်တီရှပ်အင်္ကျီကိုဆွဲတင်လိုက်သည်နှင့်ပေါ်လာသည့် နက်ပြာရောင် TAG Heuer carrera ဒိုင်ခွက်နာရီအားကြည့်လေတော့
ညွှန်ပြနေသည့်အချိန်ကြောင့် ပြုံးလိုက်ပြီး
ကျောင်းသို့ပြေးရန်သာ...ကျောင်းရှေ့ရောက်တော့ကားကိုအရှိန်သပ်လိုက်ပြီး တစ်ဖက်မှထွက်လာမဲ့သူကိုမျှော်ရသည် သူ့ပုံစံကအခုမှကောင်မလေးကိုလိုက်နေသည့်ဆယ်ကျော်သက်ကောင်လေးလိုပင်
တစ်ယောက်စတစ်ယောက်စထွက်လာတဲ့သူတွေကြားထဲမှာတော့ သူမျှော်နေသည့်သူတော့ပါမလာသေးချေ...
ထွက်သွားပြီဖြစ်တဲ့သူတွေထဲမှာသူ့ညီမဖြစ်သူလဲပါသွားချေပြီကျောင်းသားတွေကုန်ကာနီးမှထွက်လာသည့်သူ့အသက်ကမနက်ကသူတွေ့ခဲ့တဲ့ကောင်ရဲ့ဘေးမှာရှိနေပြန်သည်
စိတ်ရှိလက်ရှိဆို အဲ့ဒါငါ့လူကွလိုပြောပြီးပြေးထိုးပြန်ရင်လဲ ဝိုင်းကြည့်နေကြမည့်ကျောင်းသူများရှိသည်မို့ သူသာသည်းခံထားလိုက်ပြီး သူ့ကိုမြင်တော့ပြေးလာသည့်သူကြောင့် အမြန်ပြန်ပြုံးရသည်
ဟိုမလောက်လေးမလောက်စားကောင်ကတော့သူတို့ကိုကြည့်ရင်းအနောက်မှာပင်ကျန်နေခဲ့သည်...."ထပ်လာပြန်ပြီလား?? "
"မောင်က မောင့်အသက်ကိုလိုက်နေတဲ့သူလေ ဒါကြောင့် အခုလိုအသေးအဖွဲ့လေးတွေနဲ့အမှတ်ယူရမှာပေါ့! "
"မင်းကိုဘယ်သူစဥ်းစားပေးမယ်ပြောလို့လဲ "
"ဪ..မပြောလိုက်ဘူးလား?သေချာတာကတော့မငြင်းလိုက်ဘူးလေ"
YOU ARE READING
I Want Is To Be Yours(Z+U)
Фанфіки(taejinkook) oneshot Jungkook- အချစ်လား.ဘာကိုပြောတယ်ဆိုတာတော့သေချာမသိဘူး... အစွမ်းကုန်ရူးမိုက်မယ် လွန်ခဲ့တဲ့ကတိတွေကိုပြန်တည်မယ် ကျွန်တော့်အပိုင်ဖြစ်စေမယ် Jin- ရင်ခုန်ဖူးလားဆိုတော့ ဟင့်အင်း! ရင်မခုန်ဘူး! ဒါပေမဲ့ တစ်စုံတစ်ဦးကအနားမှာရှိရင် ရင်ခုန်သံက...