ဒီလိုနဲ့ yunho နဲ့ သူနဲ့ တစ်အိမ်ထဲနေဖြစ်ခဲ့တယ် မနက်တိုင်း yunho အတွက် မနက်စာ ပြင်ပေးတာက သူ့အလုပ်
အလုပ်ကပြန်လာတိုင်း yunho ရှိမရှိ နားစွင့်ရတာလည်း သူ့အလုပ်ပင်ဖြစ်သည်yoona ကတော့ yunho ခုလိုလာနေတာကို ဘာမှမပြောခဲ့ ဒါပေမယ့်သူမစိတ်ထဲမှာအနည်းငယ်လောက်တော့ မကျေနပ်ဖြစ်နေလိမ့်မယ်လို့ changmin ထင်သည်
ဒါပေမယ့် သူဘာကိုမှထည့်မတွက်နိုင်လောက်အောင်ပျော်နေခဲ့သည် yunho နဲ့ သူအတူနေရခြင်းဟာ သူအတွက်တော့အေးချမ်းမှုနဲ့နွေးထွေးမှုကိုပေါင်းစပ်ခံစားနေရသလိုပင်ရက်တွေအချိန်တွေပြောင်းလာသည်
yunho နဲ့သူဟာ အခင်ဆုံးသူငယ်ချင်းတွေအဖြစ်ရောက်ရှိလာတယ် တတွဲတွဲဖြစ်လာတယ် သူ yoona ကိုပေးတဲ့အချိန်ကလည်းတစ်ဖြည်းဖြည်းနည်းလာတယ်ဒါပေမယ့်သူyoona ရဲ့ မျက်နှာကိုတစ်ချက်ပင်ငဲ့မကြည့်မိခဲ့
အချိန်ပြည့်သူ့စိတ်ထဲတွင် Jung Yunho ကနေရာယူထားသည်သူမှားနေမှန်းသိပေမယ့် သူနောက်ပြန်လှည့်မကြည့်မိပါ
သူမျက်စိစုံမှိတ်ကာရှေ့ဆက်တိုးမိသည်
တကယ်လို့သာအရှေ့မှာစောင့်ကြိုနေတာက မျက်ရည်စတွေသာဆို သူရှေ့ဆက်တိုးမိပါ့မလား
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ yunho ကသာသူ့အတွက်အရေးအကြီးဆုံးဖြစ်နေသည်Yunho နဲ့သူ တစ်အိမ်ထဲနေခဲ့တာ ၁ နှစ်ပြည့်တဲ့နေ့မှာ ပြသနာတွေကစတင်ဝင်ရောက်လာသည် မမျှော်လင့်ထားသောအဆိုးတွေပေါ့
အဲ့ဒီနေ့က yunho entertainment တစ်ခုနှင့်စာချုပ် ပြန်ချုပ်ဖြစ်သည်
yunho အတွက်တော့ အောင်မြင်မှုတွေတစ်ဖန်စတင်သည့်နေ့ဖြစ်သည်
yunho ကအရမ်းပျော်နေခဲ့ပြီး သူနဲ့ yoona ကို ညစာလိုက်ကျွေး သည် အဲ့ဒီနောက် သူတို့ ဘားမှာ အရက်သွားသောက်ကြသည်အရက်မူးစအချိန်မှာ yunho က သူ့ငယ်ငယ်ကအကြောင်းတွေစပြောသည် သူမသိသော yunho ဘဝရဲ့အစိတ်အပိုင်းတွေ ပြီးတော့ yunhoရဲ့ချစ်သူ Jessica အကြောင်း yunho က သူ Jessica ကိုဘယ်လောက်အထိချစ်ခဲ့ကြောင်း Jessica နဲ့အတူဘဝကိုဘယ်လိုတည်ဆောက်ဖို့ကြံစည်ထားတယ်ဆိုတဲ့အကြောင်းတွေပြောလာသည်
Yunho ပြောစကားကိုနားထောင်ရင်းသူ မူးချင်လာသည် ဝီစကီက ပဲပြင်းတာလား သူ့ရင်ထဲက ခံစားချက်တွေကပဲ ပြင်းတာလား သူ ရင်ထဲတွင်ပူလောင်နေသည်
Jessica က yunho ကို လမ်းခွဲသွားတဲ့အခါ yunho ထက်သာတယ်ထင်ရတဲ့လူဆီကိုပါသွားတဲ့အခါ yunho ပြောရင်းနဲ့စငိုသည်
မူးမူးနဲ့ရင်ဖွင့်နေတဲ့ yunho က စပြီး ငိုတဲ့အခါသူုပါရောငိုချင်လာသည် သူဆက်မသိချင်တော့ သူဆက်မကြားနိုင်တော့ မကြားချင်တိုင်း သူအရက်တွေ ဖိသောက်တဲ့အခါ yoona က သူ့ကို ဆက်မသောက်ဖို့တားသည်
yunhoလည်း မှောက်နေပြီ