2014 .12.24
Changmin နိုးလာခဲ့တယ်
နိုးစက်ပင်မမြည်သေးပါ
မနက် ၅ နာရီခွဲသာရှိသေးသည်
ညကလည်း သူအိပ်မပျော်ခဲ့ ခုလည်းအစောကြီးနိုးနေခဲ့သည်
မရည်ရွယ်ပဲ သူလက်တွေက အိပ်ရာ တစ်ဖက်အခြမ်းကို စမ်းမိသည့်အခါ
အိပ်ရာ၏အေးစက်စက်အထိအတွေ့က သူ့စိတ်ကို ပိုပြီးဟာစေသည်
အိပ်ရာကနေသူထလိုက်ပြီးနောက်
ဆေးလိပ်တစ်လိပ်ကိုထုတ်ကာ သူရှူရှိက် လိုက်သည်
ဆေးလိပ်အငွေ့တို့ အခန်းတွင်းမှာ ပြန့်နှံ့သွားသည်
တစ်လကျော်ကြာနေသေးပေမယ့် yunhoရဲ့ရနံ့တို့ကို ခပ်သင်းသင်းရနေသေးသည်
ဆေးလိပ်တစ်လိပ်ကုန်ဆုံးသွားပြီ
သူအသက်မဲ့သူတစ်ယောက်လိုထိုင်နေခဲ့မိသည် ဒီနေ့ သူသွားစရာတစ်ခုရှိသည်
သူမသွားချင်ဆုံးသောပွဲတစ်ခု
ပြီးတော့ သူမသွားမဖြစ်သွားရမယ့်ပွဲတစ်ခု
ရေချိုးခန်းမှန်ရှေ့မှာ သူ့ကိုယ်သူရပ်ကြည့်မိသည် နှုတ်ခမ်းမွေးတွေနဲ့ ပေစုတ်စုတ် လူတစ်ယောက်ကနာကျင်နေသောမျက်လုံးများဖြင့် သူ့ကိုပြန်ကြည့်သည်
ခံစားချက်တွေကင်းမဲ့နေသည် သူနာကျင်နေတာလား သူပျော်ရွှင်နေတာလား သူကြေကွဲနေလား သူဘာမှမသိပါ
သို့သော် ဒီနေ့သူသပ်သပ်ရပ်ရပ်ဖြစ်ဖို့လိုအပ်သည် မလိုအပ်သော မုတ်ဆိပ်မွေးတွေကိုရိပ်ပစ်ရင်း မပီပြင်သောအပြုံးတစ်ခုကိုသူကြိုးစားပြုံးပြမိသည် သူ ပြုံးတတ်ဖို့ကို လေးကျင့်မိသည် ဒါမှသာ yunhoရှေ့မှာ သူပျော်ရွှင်နေပုံရမည်
သပ်သပ်ရပ်ရပ်ဖြစ်အောင် သူဝတ်ဆင်လိုက် ပြီးနောက် လှပစွာ ထုပ်ပိုးထားသည့် လက်ဆောင်ထုပ်ကလေးကို သူယူလိုက်သည်......... အလှဆုံး လက်စွပ်လေးနှစ်ကွင်းက သူ့ရဲ့နောက်ဆုံးအနေနဲ့ပြုလုပ်တဲ့ လက်ဝတ်ရတနာဒီဇိုင်းဖြစ်လိမ့်မည် ......... ဒီနေ့ပြီးရင် သူလေလွင့်တော့မည် .........
သူမဝတ်တော့ဘူးလို့ရည်ရွယ်ထားတဲ့လက်ပတ်လေးကို သူဝတ်လိုက်သည်
အရင်က အမြဲတမ်းဝတ်နေကြ ဒီနေ့တော့ သူမဝတ်သင့်တော့ပေ ဒါပေမယ့် သူဝတ်လိုက်သည် အရင်ကလိုဝတ်နေကြ လက်ပတ် လေးတစ်ကွင်းနေရာမှာ အခုတော့ နောက်ထပ်ဆင်တူတစ်ကွင်းပါတိုးလာသည် ဘာကြောင့် မှန်းမသိ သူ့မျက်ရည်တွေ့ဝေ့ဝဲ တက်လာသည်
မျက်ရည်ကို အလျင်အမြန် ထိန်းသိမ်းရင်း သူ အိမ်ကနေ ထွက်လိုက်သည် အချိန်အား ဖြင့် ၈ နာရီ ၁၅ ရှိပြီ ဖြစ်သည်
သူကားကို မောင်းထွက်လာသည် ဆောင်းတွင်း၏အေးစက်မှုများသည် သူ့နှလုံးသားကိုပိုပြီး ထုံကျင်စေ၏်
ကားမောင်းနေရင်း အတူယှဉ်တွဲဝတ်ထား သောလက်ပတ်လေးကဘတွဲလောင်းကျနေသော snow flake လေး နှစ်ခုက ဆောင်းတွင်းရဲ့အေးစက်မှုကြောင့်ပို၍မှိန်ဖျော့နေသလိုပင်............
----------------