Yunho အခုတလော သိသိသာသာ changmin ကိုရှောင်နေမိသည် သူမရှောင်လို့မဖြစ်တော့ပေ သူ့ရင်ခုန်သံတွေက လန့်စရာကောင်းလာသည် changmin ပြုံးပြတာပဲဖြစ်ဖြစ် တစ်ခါတစ်လေ သူ့အပြန်လာကိုစောင့်ရင်းအိပ်ပျော်နေတာကိုကြည့်မိတာပဲဖြစ်ဖြစ် သူ့ရင်ခုန်သံတွေကကြောက်ဖို့ကောင်းလာသည် ဘယ်လိုရပ်တန့်ရမလဲသူမသိပေ ဒါကြောင့်အကောင်းဆုံးနည်းက ရှောင်နေတာဖြစ်မယ်လို့သူထင်သည် ဒါပေမယ့် သူထင်တာမှားသည် မတွေ့တာများလေ နေရပိုခက်လေ သူအတွက် ဒီခံစားချက်တွေကိုဝန်ခံဖို့ခက်ခဲနေသည် သူgay မဟုတ်ဘူးလို့သူ့ကိုယ်သူယုံကြည်ထာူသည် ဒါပေမယ့် အခု သူဖြစ်နေတဲ့ခံစားချက်မျိုး ဘယ်သူ့အပေါ်မှာမှ သူမဖြစ်ဖူးပေ နောက်ဆုံး Jessica အပေါ်မှာတောင် ဒီလောက်အထိဆိုးဆိုးရွားရွားမငြိတွယ်ခဲ့ အခုက မျက်လုံးမှိတ်ထားလည်း changmin စားလည်း changmin သွားလည်း changmin ဒီကြားထဲ changmin သတိထားမိမှာလဲစိုးရိမ်မိသေးသည်
အကယ်၍ သူဒီလိုဖြစ်နေတာ changmin သာသိသွားခဲ့ရင် ဘယ်လိုလုပ်မလဲ သူ့အပေါ် gay တစ်ယောက်ဆိုပြီးရှောင်ဖယ်သွားမှာလည်းကြောက်နေသည်
ဒါပေမယ့် ဒီလိုခံစားချက်တွေပေါင်းစုံနဲ့ သူဆက်နေရင်ရူးသွားဖို့ပဲရှိတော့သည်
သူစိတ်တွေညစ်လာသည် နှလုံးသားနဲ့ဦးနှောက် ကြားထဲမှာ ရွေးရခက်လာသည် ပြီးတော့ သူchangmin ကိုသူချစ်နေတာ ပတ်ဝန်းကျင်ကသိသွားရင်ရော Idol တစ်ယောက်အနေနဲ့ သူဘယ်လိုရင်ဆိုင်မလဲ ပြီးတော့ သူ့မိသားစု ချမ်းသာတယ် ဂုဏ်သိက္ခာရှိလှပါတယ်ဆိုတဲ့သူ့မိသားစု သူ့အပေါ်အခုထက်ပိုအထင်သေးတဲ့အကြည့်တွေ ပြီးတော့ သူအပေါ်လက်ညှိုးထိုးမှာတွေ သူ စိတ်တွေအရမ်းညစ်လာသည် သူအရက်တွေသောက်မိတယ် လွန်ခဲ့တဲ့တစ်နှစ်ကျော်ကလိုပဲသူဘာမှမသိချင်တော့ လောက်အောင် သူမူးလောက်အောင်သောက်လာခု့သည်နာရီ က ၁၂ နာရီကျော် ပြီ yunho အိမ်ပြန်မရောက်သေးပေ သူစိတ်တွေပူလာပြီ ဘာလုပ်ရမှန်းမသိတော့ပေ
တစ်နေကုန်ဖုန်းလည်းမကိုင်ပေ
အခုတလောမှာ yunho သူ့ကိုသိသိသာသာရှောင်နေသည် ဘာကြောင့်လဲ သူချစ်နေတာကိုများသိသွားလို့ရှောင်နေတာလား သူစိတ်တွေအရမ်းပူလာသည်
တံခါး ကို တဒုန်းဒုန်း ထုလိုက်တော့ တံခါးကိုသူဆွဲအဖွင့်မှာ သူ့အပေါ်ပြိုလဲကျလာတဲ့ yunho