Chapter 1

20 0 0
                                    

🌐🌐Unicode🌐🌐

" ဖုန်း "

စာချုပ်တစ်ခုပစ်ချသံနဲ့အတူ bossဆီက စကားသံကြောင့် လှိုင်းတစ်ယောက်ကြောင်သွားတယ်

" ဒါက မင်းလုပ်ခဲ့တဲ့ပြစ်မှုအတွက် ပြစ်ဒဏ်ပဲ "

သူ စာချုပ်ကို ကောက်ကြည့်လိုက်တော့ ဟန်ဆောင်ချစ်သူအဖြစ် စာချုပ်ချုပ်ရမယ်ဆိုတာ သိလိုက်တယ်။ ဒါပေမယ့် သူမယုံနိုင်တာက boss

' bossက gayတစ်ယောက်တဲ့လား။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီး ဦးမင်းသက်ဝဠာခွန်ကလေ...။ လှိုင်း တကယ် အံ့ဩရပါသည်။ bossပုံစံက ဘယ်လိုကြည့်ကြည့် gayလို့ မထင်ရဘူးကို...' သူ့အတွေးမဆုံးခင်မှာ bossက ထပ်ပြောလာတယ်

" မင်းမှာ ငြင်းပိုင်ခွင့်မရှိဘူး၊ မင်းငြင်းမယ်ဆိုရင်လည်း သဘောပါ မင်းတိုက်ပစ်လိုက်တဲ့ ကားတန်ကြေးကို လျော်ပေးနိုင်ရင်ပေါ့.. "

လှိုင်းတစ်ယောက် ခေါင်းကျိန်းရပါတော့တယ် အလုပ်ဝင်တာမှ တစ်လမပြည့်သေးဘူး လုပ်ငန်းအတွေ့အကြုံကလည်းမရှိ ဒါကို bossက ယုံကြည်ပြီး သူ့ကားကိုပေးမောင်းရာကနေ အခုတော့..

••FLASH BACK••

" သားရေ မေမေ့လှိုင်းကလေး ထတော့လေသားရဲ့ အလုပ်သွားဖို့နောက်ကျနေအုန်းမယ် ပြီးတော့ညနေကျရင် မင်းရဲ့ကိုကို သွင်ရေမင်း ပြန်လာတော့မှာတဲ့ "

လှိုင်း မေမေ့အသံကြောင့် အိပ်ချင်မူးတူးနဲ့ နာရီကြည့်ပြီး ထလိုက်ပေမယ့် မေမေ့စကားအဆုံးသတ်ကို ကြားလိုက်ချိန်မှာတော့ အလွန်တုန်လှုပ်မိသွားသည်မှာအမှန် ဒါကိုမြင်တော့ မေမေက အံ့ဩပြီး အပျော်လွန်သွားပြီလို့ ထင်နေလောက်ပြီ။

သွင်ရေမင်းဆိုတာက လှိုင်းနဲ့ ငယ်ငယ်လေးကတည်းက အတူနေအတူစား အတူကြီးပြင်းလာကြတာ သွင်ရေမင်းဘက်က လှိုင်းကို အရမ်းချစ်ပေမယ့် လှိုင်းကတော့သဘောမကျ။ အကြောင်းကတော့ သူ့ကို မိန်းကလေးလိုဆက်ဆံလို့ပင် အရာရာမှာ အားနွဲ့နေတဲ့လူတစ်ယောက်လို သဘောထားတာကို လှိုင်းလုံးဝမကြိုက် ဒါ့အပြင် ဘာမှအဖြစ်မရှိတဲ့လူလို နှိမ်လွန်းလို့

လှိုင်းကလေးက မောင့်အပိုင်🍂❤️‍🔥 လှိုင်းကလေးက မောင့်အပိုင်🍂❤️‍🔥Where stories live. Discover now