Chapter 5

4 0 0
                                    

🌐🌐Unicode🌐🌐

"မင်းသက်ဝဠာခွန်!!!"

"ဝဠာ!!! သား သားလေးး"

ဧည့်ခန်းစာပွဲပေါ်က ပန်းအိုးတွေနဲ့ အိမ်နံရံမှာချိတ်ထားတဲ့ ပန်းအိုးတွေကျကွဲကုန်ပြီး ကြမ်းပြင်ပေါ် ပွကျဲလျက်

အတ္တကြီးတယ်လို့ နာမည်ကြီးတဲ့ ဦးဝဠာဘုန်းရှိန်ရဲ့လက်သီးတစ်ချက်က ဝဠာ့မျက်နှာပေါ်သက်ရောက်ပြီး ကျန်လက်သီးချက်တွေကတော့ အပြစ်ကင်းစင်တဲ့ ပန်းကလေးတွေရှိတဲ့နံရံအပေါ် အငြိုးကြီးစွာ သက်ရောက်ခဲ့ပြီ..

ဝဠာတစ်ယောက် ဘဝမှာပထမဆုံးအကြိမ် အထိုးခံရခြင်းပင်ဖြစ်သည်။ သူအရမ်းလန့်နေပေမယ့် သူခေါ်လာတဲ့ ယံဘုန်းတို့သားမိကို စိတ်ပူရသေးသည်။

တကယ်ဆို အရာအားလုံးကို ကြိုပြီးမပြင်ဆင်လာခဲ့တဲ့ သူ့အမှားတွေပင်... မေမေက ကျောင်းတက်တုန်းက သတိရလို့ ဖုန်းဆက်တဲ့အချိန်တွေဆို ဖေဖေဘေးမှာရှိနေတာတောင် ကိုသက်ထက်နဲ့ သဘောတူကြောင်း တဖွဖွပြောနေတတ်တာမို့ အဆင်ပြေမယ် ထင်ခဲ့ပေမယ့် စိတ်ကူးနဲ့ လက်တွေ့က ဆီနဲ့ရေလိုဖြစ်ခဲ့ရပြီ

သူအရမ်းအားနာမိသည်။ အိမ်အထိခေါ်ပြီး အန်တီ့ကို အရှက်ခွဲသလိုဖြစ်သွားပြီလား? အန်တီ စိတ်နာသွားပြီလား? ယံဘုန်းနဲ့ သဘောတူနိုင်ပါအုန်းမလား?

ဖေဖေ့ကို သူပြန်မကြည့်နိုင်တော့ လစ်လျူရှုပြီး ယံဘုန်းတို့ကိုသာ ကားပေါ်ဆွဲခေါ်လာလိုက်သည်။ မျက်လုံးချင်းဆုံမှာလည်း ကြောက်မိသလို ရှက်စိတ်နဲ့ အားနာစိတ်လည်း ရောယှက်နေပြန်သည်။

ယံဘုန်းတို့ကို အိမ်ပြန်လိုက်ပို့ပြီး အန်တီ့ကိုလည်း တောင်းပန်ခဲ့သည်။ အန်တီကတော့ အားနာစရာမလိုကြောင်း နားလည်ပါကြောင်း တဖွဖွပြောရင်း နှစ်သိမ့်ပေးပြီး ယံဘုန်းနဲ့ စကားအေးဆေးပြောကြဖို့ ဆိုသည်။

ရင်ခွင်ထဲက ကလေးလေးကတော့ လန့်သွား၍ထင်သည် ကားပေါ်တုန်းကဆို ကျောက်ရုပ်များဖြစ်သွားပြီလားတောင် ထင်မိသည်အထိ။ အခုအိမ်ရောက်ပြန်တော့ ရင်ခွင်ထဲခေါင်းအပ်ကာ ဖက်ငိုနေလေပြန်ပါသည်။

လှိုင်းကလေးက မောင့်အပိုင်🍂❤️‍🔥 လှိုင်းကလေးက မောင့်အပိုင်🍂❤️‍🔥Where stories live. Discover now