🌐🌐Unicode🌐🌐
ဟုတ်ပါတယ် လှိုင်းရဲ့ အသစ်ဆက်ဆက်ဟန်ဆောင်ရည်းစားကြီးပါ
လှိုင်းလန့်သွားပြီး ဘာပြောရမှန်းမသိဖြစ်သွားလေရဲ့ လှိုင်းပြောစရာမရှိပေမယ့် bossကတော့
" မြန်မြန်တက်ပါ ကိုယ့်မှာအချိန်သိပ်ပေါမနေဘူး ဒီနေ့ကိုယ့်ex wedding ရှိတယ် မင်းလိုက်ခဲ့ရမယ် "
" ဒါ..ဒါဆိုအလုပ်ကရော "
" အခုမင်း ကိုယ့်ရာထူးကိုမေ့နေတာလား "
" အာ.. ဟုတ်ဟုတ် "
တွန့်ချိုးသွားတဲ့ bossမျက်ခုံးတွေကြောင့် လှိုင်း ဘာမှမတွေးနေဘဲ ခေါင်းငြိမ့်ရုံသာ.. လှိုင်းကို designerတွေနဲ့ သေချာပြင်ဆင်ခိုင်းလိုက်ပြီး bossကတော့ အပြင်ကနေစောင့်နေလိုက်တယ် ပြင်ဆင်လို့ပြီးတော့
" boss ကျွန်တော်ပြီးပြီဗျ "
သူ့မျက်စိရှေ့က အဖြူsuitနဲ့ကောင်လေးကိုကြည့်ပြီး bossရင်ထဲက ကြည်နူးမှုလေးတွေဖြတ်သန်းသွားမိရုံမက မျက်ရည်များပင်ဝဲလို့
လှိုင်း နားမလည်နိုင် bossက သူ့ကိုကြည့်ပြီးမျက်ရည်ဝဲနေပုံက မသိရင် မင်္ဂလာဆောင်မှာသူနဲ့bossကျနေရော
Weddingအရောက် သတို့သမီးနာမည်လေးကို ကြည့်မိတော့ ရှင်းသန့်မေတဲ့ အင်း နာမည်ကြားရုံနဲ့တင် အေးချမ်းစေတာပဲ ပြန်ခါနီး bossကရှင်းသန့်မေနဲ့နှုတ်ဆက်နေရင်း ရုတ်တရပ် ရှင်းသန့်မေက လှိုင်းကိုနှုတ်ဆက်လာသည်
" မတွေ့ရတာတောင်ကြာပြီပဲ ကိုယံဘုန်း "
လှိုင်း အံ့ဩသွားရသည် ရှင်းသန့်မေနဲ့သူ တစ်ခါမှမဆုံဖူးသလို နာမည်တောင် အခုမှသိသည်မဟုတ်လား ဒါကို ဘယ်လိုလုပ်
" ဗျာ ! ကျွန်... ကျွန်တော့်နာမည်ကို သိနေတာလား "
ထိုအချိန် bossက သူ့ကိုနူးနူးညံ့ညံ့လေး ခါးကနေသိမ်းဖက်လိုက်ပြီး သူပြောပြထားတယ်လို့ သိလိုက်ရသည်
မေးခွန်းတွေ ခေါင်းထဲမှာအစီအရီပေါ်လာပေမယ့်လည်း ခါးကို ထိတွေ့လာတယ့် လက်နွေးနွေးတစ်ဖက်ကြောင့် လှိုင်းမေးခွန်းတွေ လေထဲလွင့်ပျယ်သွားရပြီ
YOU ARE READING
Romance🌐🌐Unicode🌐🌐 မင်းသက်ဝဠာခွန် မောင်စောင့်နိုင်ပါတယ်... မောင့်အသည်းအသက်လေး မုန်းမသွားရင် ကျေနပ်ပြီမလို့ လှိုင်းသုယံဘုန်း အရာအားလုံးအတွက် ကျေးဇူးပါမောင်... 🌐🌐Zawgyi🌐🌐 မင်းသက်ဝဠာခွန် မောင်စောင့်နိုင်ပါတယ်... မောင့်အသည်းအသက်လေး မုန်းမသွားရင် ကျေနပ...