🌐🌐Unicode🌐🌐
လွန်ခဲ့တဲ့ ၉နှစ် ကျတော်စီးပွါးရေးတက္ကသိုလ် first yearတုန်းကပေါ့...
" မင်းနာမည်က ဝဠာလား "( ဒီမှာဝဠာလို့ပြောရတာက အကုန်လုံးက ဝဠာလို့ခေါ်ကြတာမလို့ ငယ်ငယ်ကတည်းက ဝဠာ့နာမည်အရင်းကို သိပ်မသိကြလို့ပါ )
" ဟုတ်ပါတယ် "
" အော် ငါကfirst year BBA majorက ဆရာမဒေါ်ခင်သန္တာရဲ့သားပါ မင်းက မေမေ့သူငယ်ချင်းရဲ့သားဆို.. မင်းကိုသွားနှုတ်ဆက်ဖို့ မေမေကလွှတ်လိုက်လို့ "
" ကိုသက်ထက် ဆိုတာလားဗျ "
" အေးဟုတ်တယ် နောက်ဆိုကျောင်းသွားရင် ငါတို့နဲ့တူတူသွားမယ်လေ အခုကစပြီး ဘော်ဒါတွေ ဖြစ်သွားပြီလို့မှတ်လိုက် "
" အိုခေ! ဒါနဲ့ ကိုသက်ထက်ကိုကြည့်နေတာ တစ်ကျောင်းလုံးမသိတဲ့သူရော ရှိသေးရဲ့လား "
" ဟဟ ငါက8တန်းကတည်းက ကျောင်းဆင်းရင် မေမေ့ဆီလာပြီးမှ မေမေနဲ့တူတူပြန်တာဆိုတော့ အကုန်လုံးနဲ့ ခင်နေတာပါ "
" အော် အင်းပါ "
" ဒါနဲ့ ညကျအပြင်ထွက်မှာ မင်းလိုက်မယ်မလား ဆေးကျောင်းကအကိုတွေလည်းပါတယ် "
ပြောပြီး ကိုသက်ထက်ကတော့ပြန်အဖြေကိုပင်မစောင့်တော့ပဲ လုပ်စရာရှိသေးလို့ဆိုတဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး ထွက်သွားပါပြီ
ဝဠာလည်း ဒီရောက်နေတာတစ်ပတ်လောက်ရှိနေပေမယ့် ဘယ်မှသေချာမရောက်ဖူးသေးတာနဲ့ပဲ လိုက်သွားဖို့ဆုံးဖြတ်ထားတယ်...
ကိုသက်ထက်အပြောအရဆို အခုသွားနေတာညဈေးတန်းကိုပဲ လူများတာမို့ စကားတပြောပြောနဲ့ လမ်းလျှောက်ဖို့သာ သဘောတူခဲ့ကြတယ်
ဟိုရောက်တော့စားချင်တဲ့ဆိုင်ဝင်ဝယ်ပြီး ဈေးတန်းထိပ်နားက စားသောက်ဆိုင်မာဆုံကြဖို့ပြောရင်း လူစုခွဲလိုက်ကြတယ်
ကိုသက်ထက်ကတော့ မသွားတတ်မှာဆိုးလို့ဆိုပြီး ကျတော်နဲ့နေခဲ့ပေးပြီး ဘာစားမလဲမေးကာဆိုင်တွေပြပေးနေတယ် မစားတော့ပါဘူးငြင်းနေပေမယ့်လည်း အလိုက်ကန်းဆိုးမသိ ဗိုက်ထဲကအကောင်က တ"ဂွီ ဂွီ"ထမြည်နေလို့ ဘေးနားကတွေ့တဲ့အကင်ဆိုင်သာ ဝင်ဝယ်ဖို့ရွေးလိုက်မိသည်
![](https://img.wattpad.com/cover/329250378-288-k362653.jpg)
YOU ARE READING
Romance🌐🌐Unicode🌐🌐 မင်းသက်ဝဠာခွန် မောင်စောင့်နိုင်ပါတယ်... မောင့်အသည်းအသက်လေး မုန်းမသွားရင် ကျေနပ်ပြီမလို့ လှိုင်းသုယံဘုန်း အရာအားလုံးအတွက် ကျေးဇူးပါမောင်... 🌐🌐Zawgyi🌐🌐 မင်းသက်ဝဠာခွန် မောင်စောင့်နိုင်ပါတယ်... မောင့်အသည်းအသက်လေး မုန်းမသွားရင် ကျေနပ...