Chapter 3

13 0 0
                                    

🌐🌐Unicode🌐🌐

အဲ့လိုနဲ့ပဲ လှိုင်းတစ်ယောက် တစ်ညလုံးဓာတ်လိုက်ပြီး မိုးလင်းသွားတော့တယ် မနက်ရောက်တော့ စောစောထပြီး ရေချိုးဖို့ပြင်ဆင်ရင်း မှန်ထဲကြည့်မိတော့ မှန်ထဲမှာ အမောင် လှိုင်းသုယံဘုန်း မျက်နှာနဲ့ပန်ဒါတစ်ကောင် ရောက်နေသတဲ့ကွယ်...

ရေချိုးပြီးပြန်အထွက် တွေ့လိုက်ရတဲ့bossကြောင့် လှိုင်း လန့်ပြီး ရေချိုးခန်းထဲ ပြန်ဝင်ပြေးသွားတာ တပတ်တောင်မမြဲတော့

မနက်အိပ်ရာနိုးတော့ ညကဖက်ပြီးနှိပ်စက်လိုက်တဲ့ သေးသေးလေးကို လက်နဲ့စမ်းပြီးရှာမိပေမယ့် မရှိတော့ ထိုကောင်လေးညကအိပ်မပျော်မှာ သူသိသည် သူ့မြတ်နိုးရာလေးက သိပ်အနေကျပ်တတ်သည်မဟုတ်ပါလား သူ့ကို ၃နှစ်လောက်ဒုက္ခပေးထားတဲ့ ထိုကောင်လေးကို သူလည်းတစ်ညလောက် ပြန်ဒုက္ခပေးတာ မလွန်ပါဘူးနော်

အိပ်ရာထဲကထလာတော့ ရေချိုးခန်းဘက်ကို ကြည့်လိုက်တဲ့အချိန် ထွက်လာတဲ့ ဖြူလုံးလုံးလေး.. သူ့ကိုမြင်ပြေးသွားတာ တပတ်တောင် ကျွတ်ကျနေခဲ့လေရဲ့...

ဒါနဲ့ ယံဘုန်းလေးအနေခက်မာဆိုးလို့ သူရေချိုးပြီးပြင်ဆင်နေတဲ့အချိန် ရှောင်ထွက်ပြီး မနက်စာပြင်နေလိုက်တယ် ယံဘုန်းပြင်ဆင်ပြီးတဲ့အချိန် ထမင်းစားခန်းမာစောင့်ခိုင်းပြီး သူလည်းရေချိုးပြင်ဆင်လိုက်တယ်

သူ့မြတ်နိုးရာလေးက မနက်စာဆိုအဆာမခံနိုင်တာ သူအသိဆုံးမို့ အမြန်လုပ်ရတာ ကျကွဲတဲ့ပစ္စည်းတွေလည်းကွဲနဲ့

ထမင်းစားခန်းထဲမှာ မနက်စာတွေမစားရပဲ အလှကြည့်နေခိုင်းခဲ့တဲ့ bossကို စိတ်ထဲမှာ မေတ္တာပေါင်းစုံပို့ပြီးနေပြီ အထဲကနေ ပစ္စည်းကျကွဲသံတွေလည်း ဆူညံနေတာပဲ တတိယကမ္ဘာစစ်ထဲများ မှားရောက်လာလားမသိ

နောက်ဆုံးတော့ပေါ်လာပါပြီ နက်ကတိုင်ချည်ထားတာလည်း လက်ကျိုးနေတဲ့ပုံ ဖရိုဖရဲနဲ့.. စိတ်ထဲမှာတော့ ဒါလား မိန်းကလေးတွေက မြင်တဲ့နေရာတိုင်းမာငေးရတဲ့သူ..

သူကြားဖူးတဲ့ အဲ့လိုဘဲကြီးတွေက အကုန်မလုပ်နိုင်တာမရှိတဲ့ perfect manတွေပါ သူ့ကျမှ ဘယ်ချုံကြားကထွက်လာမှန်းမသိတဲ့ အရူးပုံနဲ့

လှိုင်းကလေးက မောင့်အပိုင်🍂❤️‍🔥 လှိုင်းကလေးက မောင့်အပိုင်🍂❤️‍🔥Where stories live. Discover now