Chapter 2

618 71 3
                                    

Chapter 2 ပထမဇာတ်လိုက်

အချိန် မည်မျှ ကြာသွားသလဲ မသိလိုက်တော့ပါ။ မကြာခင်မှာပင် ပြတင်းပေါက် အပြင်ဘက်မှနေ၍ ငှက်သံများ တကျီကျီ ထွက်လာပြီး နေရောင် စထွက်လာ၏။

ကျိုးယွမ် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။ သူ နိုးလာသည်နှင့် ခေါင်းကိုက်ခြင်းက ဆီးကြို နေသည်။

သူ ခေါင်းကိုကိုင်၍ မိနစ်အချို့ကြာအောင် ငြိမ်နေသော်လည်း မူးဝေခြင်းက ပြင်းထန်နေဆဲပင်။

ငါးမိနစ်အကြာတွင် ဝေဒနာ ပျောက်ကွယ်သွားပြီး သူ ခုတင်ပေါ်၌ တင်ပျဉ်ခွေထိုင်လိုက်သည်။ မပြတ်မသား ဖြစ်နေသေးသော မှတ်ဉာဏ်များကို သူ စုစည်းရန် လိုအပ်နေသေးသည်။

...

ဆယ်မိနစ်ကြာသော် ကျိုးယွမ် မျက်လုံးပြန်ဖွင့်လိုက်ပြီး အားရကျေနပ်သော အမူအရာမျိုး ပေါ်နေသည်။

သူ့ခန္ဓာကိုယ်က ထူးခြားသော ပြောင်းလဲမှုများ ကြုံခဲ့ရကြောင်း သူ သတိပြုလိုက်မိသည်။

ယခင်ကထက် သူ ပိုသန်မာနေပြီး ထူးခြားသော စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်တွင်း စီးဆင်းနေသည်ကို ခံစားမိနေသည်။

"ငါ ထင်တာ မမှားဘူးဆိုရင် ဒါက ဒန်ထျန်လို့ခေါ်တဲ့ဟာ ဖြစ်မယ်"

ကျိုးယွမ်က ဘယ်ဘတ်ရင်အုံကို လက်ဖြင့် ကိုင်ထားလိုက်ဖြင့် ကျေနပ်စွာ ပြောလိုက်သည်။

ချီစီးဆင်းမှုနယ်ပယ်သည် ပါရမီရှင်တစ်ယောက်ပင် ဤနယ်ပယ်သို့ ရောက်အောင် ဆယ်စုနှစ်တိုင်အောင် အချိန်ယူရမည် ဖြစ်သည်။ သို့သော် သူကတော့ ဤနယ်ပယ်ကို အသက် ဆယ့်ခုနစ်နှစ်တည်းဖြင့် ရောက်သွားလေပြီ။

လက်ရှိတွင် သူ အလွန် သန်မာနေပြီ ဖြစ်သော်လည်း ထိုမျှ မပျော်နိုင်ပါ။ ဤကမ္ဘာအကြောင်း ပြည့်ပြည့်ဝဝ သိထားသော မှတ်ဉာဏ်နှင့် အနာဂတ်မှ အကြောင်းအရာအချို့ကို သိထားသော မှတ်ဉာဏ်အရ သူ အချို့သော အကြောင်းအရာများကို သိနေသည်။

ဥပမာအားဖြင့် မကြာခင် ပေါ်လာမည့် ဇာတ်လိုက်များပင်။ သူတို့ကလည်း သန်မာပေသည်။ ပို၍ စိတ်ဝင်စားစရာ ကောင်းသည်မှာ နောင်အနာဂတ်တွင် အရှိန်အဝါက ပို၍ သန်မာလာမည် ဖြစ်ခြင်းပင်။

ဗီလိန်သခင်လေးအဖြစ် ပြန်ဝင်စားခြင်းWhere stories live. Discover now