Chapter 5

467 57 2
                                    

Chapter 5 အတန်းပိုင်အသစ် ရှားချင်းယွဲ့

[အမည်   ကျိုးယွမ်]
[ဇစ်မြစ်   ကျိုးမိသားစု၏ သခင်လေး]
[အသက်   ဆယ့်ခုနစ်နှစ်]
[ကျင့်ကြံမှုအဆင့်  ချီစီးဆင်းမှုနယ်ပယ် ပထမအဆင့်]
[ဆွဲဆောင်မှု  တစ်ရာ (အမှတ်ပြည့်က တစ်ရာ ဖြစ်ပါတယ်)]
[ကံကောင်းမှုအမှတ် ငါးဆယ် (ပျမ်းမျှမှာ ငါးမှတ်)]
[ဗီလိန်အမှတ် ကိုးရာ]
[ပညာ အဆင့်မြင့် ဆေးပညာ၊ အဆင့်မြင့် ကားမောင်းပညာ]
[အရည်အချင်း အဆင့်မြင့် ကျင့်ကြံခြင်း ပါရမီ၊ အဆင့်မြင့် သိုင်းပညာ ပါရမီ]
[ပစ္စည်း မရှိ]
[စနစ်စတိုးဆိုင် မဖွင့်သေး]
ကျိုးယွမ်သည် သူ့အရှေ့မှ သုံးဖက်မြင်ဖန်သားပြင်ကို မြင်သောအခါ ကျေနပ်စွာ ပြုံးလိုက်မိသည်။ လက်ရှိ အဖြစ်အပျက်နှင့် ပတ်သက်၍ သူ အလွန် ကျေနပ်မိနေသည်။
"ကဲ ပြဿနာကို ဖြေရှင်းပြီးသွားပြီ၊ မင်းတို့တွေ ပါးစပ်ပိတ်ထားမယ်လို့ ငါ မျှော်လင့်တယ်၊ ဘာလို့လဲဆိုတော့ မကြာခင် ဆရာမ လာတော့မယ်"
ကျိုးယွမ်က ထရပ်၍ အခြေအနေကို တည်ငြိမ်စေရန် မဆိုသလောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
အတန်းထဲမှ လူတိုင်း ငြိမ်ကျသွားပြီး ကိုယ့်နေရာ၌ ပြန်သွားထိုင်ကြသည်။
ကျိုးယွမ်သည်လည်း ပြန်ထိုင်လိုက်ပြီး ကျေနပ်သော အမူအရာမျိုး ပေါ်လွင်နေသည်။ မိမိကို လေးစား၍ နာခံသော ခံစားချက်က အလွန် ကောင်းမွန်လှသည်။
...
ငါးမိနစ် ကြာသွားပြိးနောက် ရှောင်ချန်က ကျိုးယွမ်ကို အေးစက်စွာ ကြည့်နေသည်။
အထူးသဖြင့် လင်းကျီယန်နှင့် စကားပြောနေသည်ကို မြင်သောအခါ သူ ပို၍ မနာလို ဖြစ်မိသည်။
*ကျိုးယွမ် ငါ မင်းနာမည်ကို မှတ်ထားတယ်*
...
"ဘယ်လိုလုပ် အဲ့လူက သူက မင်းရဲ့ သတို့သားလောင်းလို့ ပြောရတာလဲ"
ကျိုးယွမ် သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ငါတို့က တကယ် စေ့စပ်ထားတာ၊ သူ့နာမည်က ရှောင်ချန်၊ သူက ငါ့အိမ်ကို လက်ထပ်စာနဲ့အတူ ရောက်လာပြီးတော့ စေ့စပ်ပွဲလုပ်ဖို့ ကြိုးစားတယ်၊ ငါ့အဘိုးက ငါ့သဘောကို မမေးဘဲ ချက်ချင်း သဘောတူလိုက်တယ်လေ၊ ငါတော့ သဘောမတူဘူး၊ ဘယ်တော့မှလည်း သဘောတူလာမှာ မဟုတ်ဘူး၊ သူ့ကို လက်ထပ်မယ့်အစား အိမ်ကနေပဲ ထွက်ပြေးလိုက်မယ်"
လင်းကျီယန်က ကျိုးယွမ်ကို အလုံးစုံ ရှင်းပြလေသည်။
"ငါ နားလည်ပြီ"
ကျိုးယွမ် ခေါင်းညိတ်လိုက်သည်။
"နင် အထင်မလွဲဖို့ ငါ မျှော်လင့်ပါတယ်၊ ငါ ရှောင်ချန်ကို လုံးဝ သဘောမကျဘူး၊ သူက အရမ်း စိတ်ပျက်ဖို့ ကောင်းတယ်"
"စိတ်မပူပါနဲ့ ငါလည်း ရှောင်ချန်ပြောတာကို ဟာသလို့ သဘောထားပါတယ်"
ကျိုးယွမ်က ညင်သာသော အပြုံးနှင့်အတူ ပြန်ပြောလိုက်သည်။
ကျိုးယွမ်၏ စကားကို ကြားသော် လင်းကျီယန် စိတ်အေးသလို ခံစားလိုက်ရသည်။ သို့သော် စက္ကန့်ပိုင်းအတွင်း သူမမျက်နှာ နီရဲလာ၏။
သူမက ဘာလို့ ကျိုးယွမ်ကို ဒါတွေ ရှင်းပြမိသနည်း။ သူမက သူ့ကို ကြိုက်နေသည်ဟု ကျိုးယွမ် ထင်သွား လေမလား။
လင်းကျီယန် မျက်နှာ နီမြန်းလာပြီး တစ်ဖက်သို့ လှည့်သွားသည်။
[လင်းကျီယန် စိတ်လှုပ်ရှားနေပါတယ်၊ သင့်အပေါ် သူ့ရဲ့ အမြင်က ပိုကောင်းလာပါပြီ၊ သင် ဗီလိန်အမှတ် နှစ်ရာ ရရှိပါတယ်]
သူ့စိတ်ထဲမှ စက်ရုပ်အသံကို ကြားလိုက်ရသောအခါ ကျိုးယွမ် ပြုံးလိုက်မိသည်။ ဆွဲဆောင်မှု ကိုးဆယ့်ငါးမှတ်က ဟာသ မဟုတ်ပေ။ ထို့အပြင် သူ၏ ကံကောင်းမှုအမှတ်ကလည်း တိုးလာသည်။
ယင်းက ဇာတ်လိုက်နှင့် ရင်ဆိုင်ရာတွင် ပို၍ လွယ်ကူလာစေသလို လင်းကျီယန်ကဲ့သို့ ဇာတ်လိုက် မင်းသမီးနှင့် ရင်ဆိုင်ရတွင်လည်း အဆင်ပြေစေသည်။
....
ဆယ်မိနစ် ကြာပြီးနောက် နူးညံ့သိမ်မွေ့သော ဟန်အမူအရာရှိပြီး လှပသော အမျိုးသမီးတစ်ယောက်က စာသင်ခန်းထဲ ဝင်လာပြီး ဆရာစားပွဲသို့ ဦးတည်လျှောက်သွားလေသည်။
သူမသည် အသက် သုံးဆယ်ဝန်းကျင် ရှိပုံရပြီး အတော်လေး အရပ်မြင့်ကာ အဖြူရောင် ရှပ်အင်္ကျီနှင့် စကပ်တိုကို ဝတ်ဆင်ထားပြီး မျက်မှန် တပ်ထားသည်။
စားပွဲပေါ် စာအုပ်တင်လိုက်ပြီးနောက် သူမက ကျောင်းသားကျောင်းသူများကို လှမ်းကြည့်၍ နူးညံ့စွာ ပြုံးပြသည်။
"အားလုံးပဲ မင်္ဂလာပါ၊ ဆရာမနာမည်က ရှားချင်းယွဲ့ပါ၊ ဆရာမက မင်းတို့ရဲ့ အတန်းပိုင် အသစ်လေ၊ ဆရာမတို့ အားလုံး အချင်းချင်း အဆင်ပြေပြေနဲ့ အထက်တန်း နောက်ဆုံးနှစ်ကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ပါတယ်"
ထိုစကားအဆုံး၌ ကျောင်းသားများက စိတ်လှုပ်ရှားစွာ ပြောလာကြသည်။
"ဝိုး ... သူက ငါတို့ရဲ့ အတန်းပိုင်လား၊ တအား လှတာပဲ"
"ဟုတ်တယ် သူမက နောက်အတန်းက နတ်သမီးထက်တောင် ပိုလှသေးတယ်"
"အခုကစပြီး ငါ စာကြိုးစားတော့မယ်၊ ဒါမှ မစ္စ ရှားချင်းယွဲ့က ငါ့ကို ဂုဏ်ယူလာမှာ"
...
ယောကျ်ားလေးများ အသံတိတ်သွားရန် အချိန်တစ်ခဏမျှ ကြာသွားခဲ့သည်။
"ဒီအတန်းက ဆရာမတို့ကျောင်းမှာ အတော်ဆုံးလို့ ကျောင်းအုပ်ဆီကနေ ဆရာမ ကြားခဲ့တယ်၊ အထူးသဖြင့် လင်းကျီယန်နဲ့ လီဟန်တို့ပေါ့၊ မင်းတို့ နှစ်ယောက်က ကျောင်းပြိုင်ပွဲတွေမှာ အမြဲ နိုင်တယ်နော်"
ရှားချင်းယွဲ့က ပြုံး၍ လင်းကျီယန်နှင့် လီဟန်ကို ချီးကျူးလေသည်။
"ကျေးဇူးတင်ပါတယ် မစ္စရှား"
လီဟန်က ဂုဏ်ယူစွာ ပြောသည်။
"ကောင်းပြီ၊ မင်းတို့ရဲ့ အောင်မြင်မှုကို ဆက်ထိန်းထားနော်"
ရှားချင်းယွဲ့က ပြုံး၍ ခေါင်းညိတ်ပြသည်။
...
"ကဲ အခု မိတ်ဆက်တာတွေ တော်လောက်ပြီ ထင်တယ်၊ ဆရာမ အသေးစိတ် ထပ်မပြောတော့ဘူး၊ မင်းတို့ အရင်ဆုံး လုပ်ရမယ့်အရာက စာမေးပွဲ ဖြေဖို့ပဲ"
ရှားချင်းယွဲ့က အပြုံးနှင့် ပြောလိုက်သည်။
"အာ ... ဘာလဲဟ အခုမှ ကျောင်းတက်တာ တစ်ရက်ပဲ ရှိသေးတယ်၊ ငါတို့ ချက်ချင်း စာမေးပွဲ ဖြေရတော့မှာလား"
"အား ... ငါ မနေ့ညက စာလုံးဝ မကြည့်ခဲ့ဘူး"
"မင်းက တော်သေးတယ်၊ ငါဆို ဘာဖတ်စာအုပ်မှ သယ်မလာဘူးကွ"
အတန်း၏ အခြေအနေက စိတ်လှုပ်ရှား၍ ရွှင်လန်းနေရာမှ စာမေးပွဲဟူသည့် စကားလုံးကို ကြားပြီး ယခု သုန်မှုန် ထိုင်းမှိုင်းသွားလေသည်။
သူတို့ ဘာပြင်ဆင်မှုမှ မရှိခဲ့ပေ။ ထို့အပြင် ကျောင်းစတက်သည့် ပထမရက်မှာပင် စာမေးပွဲ ဖြေရမည်ဆိုသည်က ရုတ်တရက် ဆန်လွန်းလှသည်။
"ဟင်းဟင်း ... စိတ်မပူပါနဲ့ စာမေးပွဲကို နှစ်ရက်နေမှ စစ်မှာပါ၊ ဒီနေ့ကတော့ အစပျိုးထားရုံလေးပါ၊ အဲ့ဒါကြောင့် မင်းတို့မှာ ပြင်ဆင်ဖို့ နှစ်ရက်တောင် အချိန်ရပါသေးတယ်"
"ဆရာမလည်း မင်းတို့ကို ပြောစရာ ရှိတယ်၊ ဒီနေ့က အလံတင် အခမ်းအနား ကျင်းပတဲ့နေ့ ဖြစ်ပင်မယ့် ပြဿနာ အချို့ကြောင့် အခမ်းအနားကို ရက်ရွှေ့ထားတယ်၊ မနက်ဖြန်မှ ကျင်းပလိမ့်မယ်"
ရှားချင်းယွဲ့က ပြောပြသည်။
...
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး ယနေ့ ကျောင်းချိန် ပြီးဆုံးသွားပြီး နောက်တစ်နေ့သို့ ရောက်လာ၏။
ယနေ့တွင် မနေ့ကနှင့် ထူးခြားသော ကိစ္စများ မရှိပေ။ ရှောင်ချန်က အတန်းထဲ၌ အိပ်နေသဖြင့် ကျိုးယွမ် သူ့ကို ထပ်အရှက်ခွဲနိုင်မည့် အခွင့်အရေး မရလိုက်ချေ။
ယနေ့မနက်သည် နေသာနေ၏။
ပုံမှန်လိုပင် ကျိုးယွမ်က သူ၏ တန်ဖိုးကြီးကားကို မောင်း၍ ကျောင်းသွားလေသည်။ ယခုတစ်ခါတွင် သူ Ferrari ကားကို မောင်းလာသည်။
သူ့ကားကို ကားပါကင်၌ ရပ်လိုက်ပြီးနောက် ကျိုးယွမ်က နားကြပ်ဖြင့် သီချင်းနားထောင်လျက်ဖြင့် စာသင်ခန်းဆီသို့ လျှောက်လာသည်။
သို့သော် သူ အထပ်မြင့် အဆောက်အဦးနားသို့ လျှောက်လာပြီးနောက် ရုတ်တရက် ရပ်လိုက်သည်။ ၎င်းသည် ငါးထပ် ရှိသော စာသင်ဆောင် ဖြစ်လေသည်။
ကျိုးယွမ် အေးစက်စက် အကြည့်ဖြင့် မော့ကြည့်လိုက်သောအခါ ယောက်ျားတစ်ယောက်က ကျိုးယွမ်၏ အကြည့်ကို ရှောင်ရန် ချက်ချင်း နောက်သို့ ဆုတ်သွားလေသည်။
"အဲ့ငကြောင်ကိုမြင်မှ ငါ အကြံကောင်းတစ်ခု ရလာပြီ"
ကျိုးယွမ် အပြုံးကြီး ပြုံးလိုက်သည်။
...
ထိုအခိုက်တွင် စာသင်ဆောင်၏ အပေါ်ထပ်၌ ယောက်ျားသား သုံးယောက် အတူတူ ရပ်နေကြသည်။ ထိုလူများမှာ မန်ဟောင်၊ ကျန်းနန်နှင့် ကျောက်ဝေ့တို့ ဖြစ်သည်။
"ချီးပဲ ကျိုးယွမ်ရဲ့ အကြည့်က အမြဲ ကြောက်ဖို့ကောင်းနေတာပဲ"
ကျောင်းဝတ်စုံပေါ်၌ ဟူဒီထပ်ဝတ်ထားသော ယောက်ျားတစ်ယောက်က နောက်သို့ဆုတ်၍ စိတ်ထဲရှိသည့်အတိုင်း ပြောလေသည်။ သူက ကျန်းနန် ဖြစ်သည်။
"ဘာဖြစ်တာလဲ"
ကျောင်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ထားသည့် တစ်ယောက်က မေးလာသည်။
"ကျိုးယွမ်က ငါ့ကို အေးစက်စက်နဲ့ မော့ကြည့်လာတာ၊ တကယ် ကြောက်ဖို့ကောင်းတယ် သောက်မျိုးမစစ်ကောင်"
"အဲ့ကျိုးယွမ်လား၊ ငါ သူ့ကို မတွေ့ရတာ ကြာနေပြီ၊ အခု သူ ဘယ်လိုလဲ"
"ကျိုးယွမ်က သူ့မိသားစု အဆင့်အတန်းကိုပဲ မှီခိုနေတဲ့ကောင်၊ ဘာမှမတော်ဘူး"
ထိုစဉ် ကျောင်းဝတ်စုံကို မသပ်မရပ် ဝတ်ထားသော်လည်း ကြည့်ကောင်းနေသည့် ခပ်ချောချော လူတစ်ယောက်က ဝင်ပြောလာ၏။ ထိုသူမှာ ကျောက်ဝေ့ပင်။
"ကျောက်ဝေ့ မင်း အဲ့လိုတော့ ပြောလို့မရဘူးလေ၊ ဘယ်လိုပဲဖြစ်ဖြစ် သူက မင်းထက် သာတယ်"
မန်ဟောင်က ရန်စသော လေသံဖြင့် ပြောသည်။
"တကယ်လား၊ ငါ သူနဲ့ ချရင် ငါ နိုင်မှာ သေချာတယ်"
ကျောက်ဝေ့က အေးစက်စွာ ပြောလိုက်သည်။
"နိုင်နိုင်သလို၊ မနိုင်နိုင်တာလည်း ဖြစ်နိုင်တယ်"
မန်ဟောင်က ပြုံး၍ ပြောသည်။
"မင်းတို့နှစ်ယောက်ကို ကြည့်ရတာ အတော်လေး ပျော်စရာကောင်းတဲ့ ကိစ္စတွေ ပြောနေတဲ့ပုံပဲ"
ရုတ်တရက် အနောက်မှနေ၍ အသံတစ်သံကို ကြားလိုက်ရသည်။
သုံးယောက်သား လှည့်ကြည့်လိုက်သောအခါ ရင်းနှီးနေသော ပုံရိပ်ကို တွေ့လိုက်ရလေသည်။
"ကျိုးယွမ် မင်း ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ"
ကျန်းဟန်က အလန့်တကြား ပြောလာသည်။
"မင်း ဘယ်လိုထင်လဲ၊ ငါ ဒီနေရာကို တည်နေရာ ကူးပြောင်းပြီးလာတာလို့ ပြောရင် မင်း ယုံမှာလား"
ကျိုးယွမ်က ရိသဲ့သဲ့အပြုံးနှင့် ပြောလိုက်သည်။
"ကျိုးယွမ် မင်း ဒီကို ဘာလာလုပ်တာလဲ"
ကျောက်ဝေ့က မျက်မှောင်ကြုတ်၍ အသံမာမာဖြင့် မေးလိုက်သည်။
"ငါ မင်းတို့ကို တွေ့ချင်ရုံသက်သက်ပါပဲ ငကြောင်တွေရ"
ကျိုးယွမ်က ခနဲ့တဲ့တဲ့ ပြုံးနေသည်။

ဗီလိန်သခင်လေးအဖြစ် ပြန်ဝင်စားခြင်းWhere stories live. Discover now