Chapter 3 ကံကောင်းခြင်းသားတော် ရှောင်ချန်
လင်းမိသားစုခေါင်းဆောင်က သူ့ကို လင်းကျီယန်နှင့် လက်ထပ်ပေးရန် သဘောတူလိုက်ခြင်းက သူ့ဆရာကြောင့် ဖြစ်နိုင်ပေသည်။
သူ့ဆရာသည် အလွန် စွမ်းအားကြီးပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာ နာမည်ကျော်သည်။ သူ့တွင် အဆက်အသွယ် များစွာလည်း ရှိ၏။
ထို့အပြင် သူ့ဆရာက လင်းကျီယန်၏ အဘိုးကို ကုသပေးခဲ့သဖြင့် လင်းမိသားစု၏ သူ့ဆရာအပေါ် လေးစားမှုက တိုးလာခဲ့သည်။
"ဒုန်း"
စားပွဲကို ရိုက်လိုက်သည့်အသံကြောင့် အတွေးနက်နေသော ရှောင်ချန် အာရုံပျက်သွားသည်။ သူ ဘေးသို့ ငဲ့ကြည့်လိုက်သောအခါ လူနှစ်ယောက်က သူ့အား အထက်စီးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ရှောင်ချန်က ထိုနှစ်ယောက်ကို မသိချင်ယောင်ဆောင်၍ မျက်လုံးပြန်မှိတ်၍ သူ့အစီအစဉ်ကို ထပ်စဉ်းစားရန် ပြင်လေသည်။
"ဒီခွေးမသား"
ရှောင်ချန်က သူ့အား အဖက်မလုပ်သည်ကို မြင်သောအခါ ဝမ်ဟန် ဒေါသထွက်သွားလေသည်။
သူသည် ဤကျောင်းမှ ကျောင်းသားအချို့နှင့်ယှဉ်လျင် ဘာမှမဟုတ်သော်လည်း နိမ့်ကျသော ကျောင်းသားများတွင် သူသည် အဆင့်မြင့်ပါသေးသည်။ သူ လေးစားမှု ခံယူထိုက်သူ ဖြစ်နေပါသေး၏။
ထို့အပြင် အခန်းထဲမှ ကျောင်းသားများအားလုံး သူ့ကို ကြည့်နေကြသဖြင့် သူ့မျက်နှာက ပို၍ သုန်မှုန်လာသည်။ သူ လက်သီးကို ဆုပ်ကာ ရှောင်ချန်ကို ထိုးလိုက်သည်။
သူ့လက်သီးက ရှောင်ချန်၏ မျက်နှာကို မထိခင် သူ့လက်ကို ရှောင်ချန်က ဖမ်းချုပ်လာသည်။
ဝမ်ဟန် မျက်မှောင်ကြုတ်သွားပြီး လက်ကို ပြန်ရုတ်သော်လည်း ရှောင်ချန်၏ ဖမ်းချုပ်ထားမှုက သန်မာလွန်းသဖြင့် မလှုပ်နိုင် ဖြစ်နေသည်။
"ငါ့ကို လာမနှောင့်ယှက်နဲ့"
ရှောင်ချန်က အေးစက်စွာ ပြော၍ ဝမ်ဟန်ကို တွန်းလိုက်သောကြောင့် ဝမ်ဟန် ကြမ်းပြင်ပေါ် လဲကျသွားလေသည်။
YOU ARE READING
ဗီလိန်သခင်လေးအဖြစ် ပြန်ဝင်စားခြင်း
Action⚠️ Notice : This is not BL⚠️ ဗီလိန်ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ဘယ်လိုတွေးလိုက်မိလဲ။ ယုတ်မာ၊ ရက်စက်ပြီး၊ ဉာဏ်များတာလား။ မှန်တယ်၊ ဒါပေမဲ့ ဒီဝတ္ထုရဲ့ ဇာတ်လိုက်က ဗီလိန်အဖြစ် ပြန်လည်ဝင်စားလာတာ ဆိုရင်ရော။ သူက အဆုံးမသတ်နိုင်တဲ့ ဇာတ်ကွက် အကာအကွယ်တွေရှ...