ကားအတွင်းသီချင်းသံခပ်ငြိမ့်ငြိမ့်ကြားရသည်Hyunjinသည်လဲကားမှန်ကိုဖွင့်လိုက်ပိတ်လိုက်ဆော့ကစားနေဆဲ
ခေါင်းလေးပေါ်ရုံသာဖွင့်လိုက်ပိုက်လိုက်လြပ်နေတာမို့ အပြင်ဘက်မှကြည့်လျှင်ဆံစလေးတွေကိုပဲမြင်ရမှာဖြစ်တာကြောင့်ကားမောင်းနေရင်းမှမန်နေဂျာသည်လဲဘာမှမပြောပဲနေလိုက်တော့သည်
ဒီကလေးလဲ အတော်စိတ်ညစ်နေပြီထင်သည်
"ဒီနေ့ပဲသွားတော့မလား Hyungလဲအနားနေပေးလို့မရဘူး သတင်းထောက်တွေကခြေရာခံတာမြန်တယ်"
"အဆင်ပြေသလိုလုပ်ပြီး ကျွန်တော့်ကိုလိုတဲ့ဟာတွေလာပို့ပေး..... ဟာ စိတ်ညစ်ပါတယ်ဆိုမှမိုးတွေရွာပြီ"
"မနေ့ကမိုးလေဝသသတင်းထဲမှာကြေညာသွားတယ်လေ"
"မကြည့်လိုက်မိဘူးScheduleရှိလို့"
Hyunjinမှန်တံခါးကိုပြန်ပိတ်ပြီးထိုင်ခုံနောက်မှီကိုသာကျောမှီပြီးမျက်လုံးတို့ကိုအနားပေးလိုက်သည် အခုတလောရိုက်ကွင်းတွေကြောင့်ရော စိတ်ပင်ပန်းတာကြောင့်ပါအိပ်ရေးပျက်တာအတော်များနေပြီဖြစ်သည်
မိုးရွာတုန်းလေး မိုးသည်းသံလေးကြားတုန်းမှာသူခဏလောက်တော့အနားယူနိုင်မယ်ထင်သည်ဖြစ်ချင်ရာတွေသာဖြစ်ပါစေတော့ ဒီလောကထဲဝင်ထဲကကိုယ့်ဘဝကိုယ်မှမပိုင်တော့တာပဲ
............
"ရောက်ပြီ ညီလေး ထတော့"
"ဟင်...အင်း"
Hyunjin တစ်ယောက်အိပ်ပျော်သွားတာအတော်ကြာ၏ ခရီးဝေးကိုတောင်သူတစ်လမ်းလုံးအိပ်လာတာမို့အင်းအဲနဲ့မန်နေဂျာHyungလာနှိုးမှသိတော့သည်
"Hyungအိမ်ကယူးရာတွေယူလာပြီးရင်လာပို့မယ် မနက်ဖြန်ကျရင်အိမ်ငှားဖို့ဖြစ်ဖြစ်လာစီစဉ်ပေးမှာမို့လို့ ဒီညတော့ဒီမှာပဲ"
"ရတယ် နောက်နေ့မှလာ ကျွန်တော့်ကိုအခုပိုက်ဆံနည်းနည်းလောက်ပေးခဲ့ ငွေသားပါမလာဘူး"
Hyunjin ပြောလိုက်တော့မန်နေဂျာအကိုကလက်ထဲကိုပိုက်ဆံအိတ်တစ်ခုလူံထည့်ပေးလာတာမို့လို့ ငွေသားသုံးလေးရွက်လောက်ပဲထုတ်ကာပြန်ထည့်ပေးလိုက်သည်
