Two months with you

793 83 0
                                    

"မင်းအခုတလောခဏရှောင်နေရမယ်
နိုင်ငံရေးအခြေအနေကြောင့်လုပ်ကြံထားရတဲ့Dating rumorပဲ"

"အဲ့တာဆိုကြိုပြောလေ ရိုက်ကွင်းတွေရောဘယ်လိုလုပ်မှာလဲ"

Hyunjin သူ့ဦးထုပ်အဖြူ‌ရောင်ကိုချွတ်ပြီးဆံပင်အညို‌ရောင်‌တွေကိုဆွဲဖွမိသည်
သူတတ်သစ်စမင်းသားတစ်ဦးဖြစ်သည် ငယ်ငယ်ကကလေးသရုပ်ဆောင်လုပ်ဖူးရာကနေ
အခုလွန်ခဲ့တဲ့အပတ်ကစပြီးထုတ်လွှင့်တဲ့ဒရမ်မာကတစ်ဆင့်လူသိများလာခြင်း

နိုင်ငံ၏ရွေးကောက်ပွဲကာလဖြစ်တဲ့အလျှောက်အထက်ပိုင်းလူကြီးတွေရဲ့မကောင်းသတင်းတွေကိုဖုံးချင်ရင်အနုပညာရှင်တွေသတင်းတွေရဲ့ဟိုးလေးတကျော်ဖြစ်အောင်ဖုံးတော့တာပဲ

"ဟေ့ကောင်မင်းကဟိုတစ်ပတ်ကမှထွက်လာတဲ့ဇာတ်ကားနဲ့ငါတို့အေဂျင်စီကြောင့်အောင်မြင်တာနော်ခိုင်းတဲ့အတိုင်းလုပ်"

"ဘာဖြစ်စေချင်တာလဲ"

"အဲ့တာကြောင့်ဖြစ်နိုင်ရင်သတင်းထောက်တွေမမြင်တဲ့နေရာမှာရှောင်ပေးစေချင်တယ်"

ချီးပဲ ရွံစရာကောင်းတာတွေလုပ်ရပြန်ပြီ

"သွားမယ်ဗျာ နှစ်လလောက်ပျောက်ပေးရင်ရပြီမလား"

လက်ထဲကဦးထုပ်ကိုကြမ်းပြင်ပေါ်ပစ်ချပြီးရုံးခန်းထဲကထွက်လညယာသည် ရွံစရာတွေ ဘာလို့အနုပညာရှင်တွေကအမြဲအသုံးချခံဖြစ်နေရသနည်း

အေဂျင်စီအဆောက်အဦးရှေ့မှာကြက်သွေးရောင်ရှပ်အင်္ကျီကိုတံတောင်ဆစ်အထိဆွဲတင်လိုက်ပြီးအနက်ရောင်ဘောင်းဘီအရှည်နဲ့မင်းသားတစ်ယောက်ရဲ့အသွင်အပြင်မှန်းသိသာလှသည် ဦးထုပ်မရှိတော့တာကြောင့်မန်နေဂျာအကိုကmaskအမဲရောင်တစ်ခုကိုယူပေးတဲ့အခါသက်ပြင်းကိုသာချပြီးတံခါးဖွင့်ပေးလာတဲ့အခါ အနောက်ခန်းမှာသာခြေပစ်လက်ပစ်ထိုင်မိသည်

" သူဌေးကဘာပြောလဲ"

မန်နေဂျာအကိုကကားနောက်မှန်ကနေသူ့ကိုတစ်ဆင့်ကြည့်ပြီးမေးတဲ့အခါHyunjinသည်ကားမှန်ကိုတင်လြိက်ချလိုက်ဆော့နေရင်းနဲ့မှစိတ်မရှည်တဲ့လေသံနဲ့ပြန်ပြောသည်

"မသိဘူး!လူတွေသိပ်မရှိတဲ့နေရာမှာရှောင်ပေးတဲ့တစ်ဖက်ကကောင်မလေးကidolမို့လို့ သတင်းထောက်တွေမလာနိုင်တဲ့နေရာတဲ့"

"ဘယ်နေရာသွားမယ်လို့စိတ်ကူးထားလဲ"

"မင်းမွေးရပ်မြေမှာပဲသွားနေမလား"

"အဲ့ဒီ့ပင်လယ်ဘေးကနေရာလား"





_____________________

Stella : တိုတိုလေးပဲ ဒီညအကုန်ပြီးရင်အကုန်တင်ပေးမယ်

Two months with you (Completed)Where stories live. Discover now