"ဘာထွက်လုပ်တာလဲညဖက်ကြီးကို တစ်ယောက်ထဲ"
"ဒီအတိုင်းထွက်ချင်လာလို့အိမ်ထဲမှာတစ်ယောက်ထဲပျင်းတယ်"
အပြန်လမ်းမှာဘေးနားကနေစတီးတုတ်ကောက်ကိုပဲစမ်းစမ်းစမ်စမ်းနဲ့လုပ်တာတာမို့Hyunjinသည်တုတ်ကိုသူ့ဘက်ယူလိုက်ပြီးအေးစက်နေတဲ့Yongbokလက်ဖျားလေးတွေကိုသူ့လက်ကြီးကြီးနဲ့ဆုတ်ကိုင်ကာလမ်းကိုတသ်ဖြည်းဖြည်းလျှောက်လာသည်
"ဘာကြီးလဲရင်တောင်ခုန်တယ် ရုတ်တရပ်ကြီးလက်ကိုလာကိုင်တာကြီးက"
Yongbok သူ့ကိုရုတ်တရပ်လက်လာကိုင်တာမို့ဖက်ကနဲလန့်သွားပြီးကိုယ်လေးတောင်တုန်တက်သွားသည် ဒီလိုဘေးချင်းကပ်ပြီးလမ်းလျှောက်တာကြီးကတော့
"ပျင်းတာက အရင်ကလဲအဲ့ဒီ့လိုပဲနေတာမလား"
အမေးစကားအားသံသယတစ်သုံတစ်ရာမပါစေရန်အမြန်ပြန်ဖြေတော့သည်
"ဟုတ်တော့ဟုတ်ပေမဲ့ကိုကြီးရောက်လာတော့နည်းနည်းလေးမရှိတာတောင်အထီးကျန်တတ်သွားပြီ အဟီးဟီး"
သူဖြေလိုက်တာများနည်းနည်းပွင့်လင်းသွားလေသလား
"အဲ့တာကကြက်ကြော်လား မွေးတယ်နော်ကျွန်တော်အများကြီးကြိုက်တာ"
Hyunjin သည်လဲသူ့ဘေးနားကကောင်လေးကသူ့လက်တစ်ဖက်ကဆွဲထားတဲ့ကြက်ကြော်ထုတ်ကိုလက်ညိုးထိုးပြီးပြောနေတာမို့အထုတ်လေးကိုအနားကပ်ပေးလိုက်တော့နှာခေါင်းတစ်ရှုံ့ရှံ့နဲ့အနံ့ခံကာရှုပြန်သည်
ချစ်စရာကောင်းသည် လူကောင်လေးသေးနေတာကအစ နူးနူးညံ့ညံ့လေးနေတတ်တာအဆုံး
အိမ်ထဲကိုဝင်ဝင်ပြီးနောက်တွင်သူတို့နှစ်ယောက်ညစာစားကျသည်ကြက်ကြော်နဲ့ကိုလာ စားမေရင်းတန်းလန်းနဲ့မှHyunjinသည်"မင်းဆေးရုံတွေဘာတွေမပြဘူးလား"
"ဟင့်အင်း"
"ကိုယ်ပေးမယ် ကိုယ်ကကုသစရိတ်ပေးမှာမို့လို့ တစ်ခေါက်လောက်ဖြစ်ဖြစ်သွားကြည့်မလား"
"ဟင့်အင်း ကျွန်တော်ကချမ်းသာပါတယ်နော်မေမေတို့အမွေပေးခဲ့တာတွေနဲ့ ပြီးတော့ကျွန်တော်ဒီကိုမလာခင်ကစုံနေအောင်ပြခဲ့ပြီးပြီ"