Hyunjin အိမ်ပြင်ကိုထွက်လာပြီးညနေလာမဲ့မန်နေဂျာအကိုကိုတည်းခိုခန်းမှာသော့ပြန်အပ်ပေးဖို့ရယ် အဝတ်အစားတွေကိုဒီဘက်ယူလာဖို့ပြောတော့မန်နေဂျာကမယုံ
တစ်ဖက်သူကမျက်စိသိပ်မကောင်းတာမို့စိတ်ချလို့ရသည်ဟုပြောပြီးတော့အတင်းကိုယူလာခိုင်းလိုက်သည်ဘာပဲဖြစ်ဖြစ်သူ့စိတ်ထဲတွင်ဒီလိုမျိုးနေဖို့ထပ်ပြဿနာတစ်ခုရှိသည်
ဒီကောင်လေးအားတစ်ယောက်ထဲစိတ်မချတာကြောင့်ဖြစ်သည်"ကိုကြီးလာတော့ ဟင်းရည်ကျတ်ပြီ"
အိမ်ထဲကအော်သံခပ်ကျယ်ကျယ်ကိုကြားရသဖြင့်ဖုန်းကိုဘောင်းဘီအိတ်ထဲထိုးကာအမြန်ပြေးဝင်ရတော့သည် အိုးပူကြီးကိုင်ပြီးတိုက်မိဦးမှဖြင့်လေ
.........
ညနေအထိHyunjinဒီမှာသောင်တင်နေတာဖြစ်ပြီးမန်နေဂျာအကိုရောက်လာတော့အကောင်သေးသေးလေးကတဝါးဝါးနဲ့အော်နေပြန်ရော
မန်နေဂျာအကိုကသေသေချာချာစကားပြောသွားမှအဲ့ဒီ့မှာသရုပ်ဆောင်တစ်ဦးဆိုတာသိပြီးလန့်ကလဲလန့် ဘေးချင်းကပ်ရက်ရပ်နေတာနဲ့အတူပါးစပ်ကလေးကိုလက်နဲ့အုပ်ပြီးHyunjinကိုလဲလာလာရိုက်ပြီးကိုကြီးကတကယ်သရာပ်ဆောင်လားလို့ခဏခဏလာမေးပြန်သည်
"ကိုကြီးကတကယ်သရုပ်ဆောင်လား"
"တက်သစ်စပါ"
"ဒီမြိုမှာမွေးတာပေါ့ ဝါးတကယ်မိုက်တယ်"
Hyunjin အသံထွက်အောင်ရီမိသေးသည် သူသည်လဲလာပို့ထားတဲ့ညဝတ်အင်္ကျီနဲ့အဆက်ပြေနေသလိုကောင်လေးကလဲရေမိုးချိူပြီးဟူဒီအပွအနက်ရောင်လေးနဲ့သူထိုင်နေတဲ့နားလာပြီးတဝါးဝါးနဲ့လုပ်နေသည်
"ဒါပေမဲ့နှမြောစရာက ကိုကြီးကတက်သစ်စမင်းသားဆိုရင်ကျွန်တော်မမြင်ဖူးဘူးထင်တယ်"
"ဘာဖြစ်လို့လဲ"
"ကျွန်တော်မျက်စိကဖုန်းတွေTVတွေမကြည့်ရတာလေးငါးလရှိပြီ တဖြည်းဖြည်းပိုပိုဆိုးလာတာအခု ကျွန်တော်အကို့ခန္ဓာကိုယ်ကိုမြင်ပေမဲ့မျက်နှာကိုမသဲကွဲဘူး နှမြောစရာပဲ"
Hyunjin ထိုင်နေရင်းနဲ့လက်ထဲကခေါင်းအုံးကိုပိုက်ထားကာမျက်မှောင်တို့ကြုံ့သွားပြီးဘေးကိုလှည့်ကြည့်တော့သူ့ကိုကြည့်နေတဲ့မျက်လုံးလေးတွေနဲ့တိုးသည်