浮世

1K 94 5
                                    

မိုးရွာပြီးခါစ မဟုတ်​သော်လည်းကျောက်တုံး​တွေ​ပေါ်ကဖြတ်ပြီး စီးဆင်း​နေတဲ့ ​တောင်ကျ​ရေ​​တွေရဲ့အ​ငွေ့အသက်​ကြောင့် ​အေးစိမ့်စိမ့်ဖြစ်​နေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မိုးရွာပြီးခါစ မဟုတ်​သော်လည်းကျောက်တုံး​တွေ​ပေါ်ကဖြတ်ပြီး စီးဆင်း​နေတဲ့ ​တောင်ကျ​ရေ​​တွေရဲ့အ​ငွေ့အသက်​ကြောင့် ​အေးစိမ့်စိမ့်ဖြစ်​နေသည်။

အခုသာမိုးရာသီမဟုတ်ပဲ ​ဆောင်းရာသီဖြစ်ခဲ့ရင် မြင်​နေကျချယ်ရီ​တွေလို ပန်း​​ရောင်မဟုတ်တဲ့ ဖြူလွလွအဖြူ​ရောင်ချယ်ရီ​တွေ​ကြွေ​နေတာက အ​ဝေးကကြည့်​နေနိုင်သည်။

​​တောင်ကျ​ရေ​တွေ​ပေါ်က ဖြတ်ပြီးတိုက်ခတ်လာတဲ့​လေ​အေးတွေကို ကီမိုနိုထူထူဝတ်ထားတာ​တောင် ခံစားနိုင်သည်။

ချယ်ရီပင်တန်း​တွေရဲ့​​နောက်မှာ ခပ်ဝါးဝါးမြင်​​နေရတဲ့ ရှင်တိုရှီရင်း(ရိုးရာနတ်ဘုရား​ကျောင်း​တော်)က စိမ်းစိမ်းညှို့ညှို့မြင်ကွင်းထဲက တစ်ခုတည်း​သော အနီ​ရောင်ဖြစ်​​နေသည်။

​ခပ်​ဝေး​ဝေးကကြေး​ခေါင်း​လောင်းသံ​တွေက ​​လေအ​ဝှေ့မှာပိုပြီးမြည်ဟီးလာကြသည်။

"မိုး​တောင်ရွာလာပြီပဲ"

ကီမိုနို​ပေါ်တစ်စက်ချင်းကျ​နေတဲ့ မိုးဖွား​​​လေးတွေက တဖြည်းဖြည်းစိပ်လာ​တော့ နီခီ မိုးရွာ​နေမှန်းသတိထားမိသည်။

လက်ထဲကထီးကိုဖွင့်​ဆောင်းလိုက်ရင်း နည်းနည်း​ဝေး​သေးတဲ့ ရှင်တိုရှီရင်း ဆီကို ​လျှောက်လာခဲ့သည်။

မိုး​ပြေး​လေတိုက်​တော့ ကြက်သီးထမိသွားတဲ့ခံစားချက်နဲ့အခု လှစ်ခနဲ​​ဘေးကိုရောက်လာတဲ့လူတစ်​ယောက်။

အဲ့ဒီလူက ပိုင်ဆိုးပိုင်နင်းနဲ့သူ့ထီး​​အောက်ကိုဝင်လာတဲ့အပြင် ထီးကိုင်ထားတဲ့ သူ့ရဲ့လက်ကိုလဲအ​ပေါ်က​နေထပ်ပြီးဆုပ်ကိုင်လာတယ်။

"ဘာ..ဘာလဲကွ"

သူ့ရင်ဘက်​လောက်ပဲရှိတဲ့ အဲ့ဒီလူရဲ့အရပ်​ကြောင့် ခပ်ပွပွဖြစ်​နေတဲ့ အနက်​ရောင်ဆံပင်​တွေကိုသာမြင်ရတယ်။

"​ရှေ့နားကဘုရား​ကျောင်းထိပဲ တူတူလိုက်လို့ရမလား။ငါ့မှာထီးမပါလို့ပါ"

အဲ့ဒီလူကသူများထီးကိုလည်း ​ဆောင်းပြီး သူများကိုလည်း ညှာညှာတာတာမရှိ​။နီခီ့ပခုံးကိုအတင်းတွယ်ကပ်လို့ ထီးကိုသူ့ဘက်သူပိုပိုသာသာဆွဲယူ​လေသည်။

ထီးအမိုးလွတ်သွားတဲ့ပခုံးတခြမ်း ကစိုစွတ်လာသည်နှင့်အမျှ နီခီ့ရဲ့ ကူညီချင်တဲ့စိတ်​တွေကုန်ခမ်းလာ​လေပြီ။ငြင်းဆန်တာမျိုးတစ်ခုခု​ပြောမယ်လုပ်​တော့ ချက်ချင်းပဲစကားလုံး​​တွေ​ပျောက်ဆုံးကုန်သည်။

သူ့ကို ​မော့ကြည့်​နေတဲ့ အညို​ရောင်​​ဖျော့​ဖျော့မျက်ဝန်း​တွေ။အစစ်အမှန်နဲ့မတူတဲ့ မျက်ဝန်း​တွေ..

​နီခီ​ခေါင်းတစ်ချက်ညှိမ့်ပြလိုက်​တော့ သူ့ကအကြည့်လွှဲပြီး​ခေါင်းပြန်ငုံ့သွားသည်။အဲ့ဒီ​တော့မှ နီခီလည်း အသက်ဝဝရှူနိုင်​တော့သည်။

သူက​အေးလို့ထင်ပါရဲ့ နီခီ့နားကိုပိုတိုးကပ်လာသည်။နီခီအသက်​တောင်မှန်မှန်မရှူမိ​တော့။ထီးကိုသူ့ဘက်ပိုတိုး​ဆောင်း​ပေးရင်း မိုး​ရေ​တွေစိုရွဲလာတဲ့ ပုခုံးတစ်ဘက်ကိုလည်းဂရုမစိုက်မိ​တော့။

အဲ့ဒီသူရဲ့မိုး​ရေ​ကြောင့်အနည်းငယ်စိုစွတ်​နေတဲ့ ​ဆံပင်​တွေကိုသာ​ငေးကြည့်ရင်း..

သူ့ရဲ့ဖြူစွတ်စွတ်ကီမိုနိုက လမ်းတစ်​လျှောက်က ရွံ့​တွေနဲ့ဘာမှမဆိုင်သလို..

သူ့ရဲ့​ခြေဖမိုးဖြူဖြူ​လေး​တွေက ရွံ့​တွေ​ပေကျံ​နေ​ပေမယ့်လည်း ကြည့်ကောင်း​နေတုန်း

အဲ့ဒီ​နေ့ကမိုးဖွဲဖွဲ​​​တွေ​အောက်မှာ အဲ့ဒီလူစိမ်းကို ​နီခီခနခန​ငေးကြည့်မိတယ်..

[🎐]

မစ်ရှိုတ်တစ်​ယောက် ​ရေးလက်စကို ဆက်မ​ရေးပဲ အသစ်လုပ်​နေပြန်ပါပြီಥ_ಥ

ပူ​လောင်​နေတဲ့အချိန်ကာလနဲ့ သိပ်မကိုက်တဲ့plot​​ပေးမယ့်ဖတ်​ပေးကြပါဦး။

Do or Die က​တော့writing blockသွား​တာမို့ကြာပါဦးမယ်:;((•﹏•๑)));:

ဒီအ​တောအတွင်း မစ်ရှိုတ်မကျွမ်းကျင်တဲ့type​တွေဖြစ်တဲ့ Melancholy​ရောdo or die​ရောဆက်တိုက်​ရေးလိုက်ရာက​နေ လူက​ဂေါက်ချင်ချင်ဖြစ်​နေတာမို့ healingဖြစ်​အောင်ဒါ​လေး​ရေးလိုက်တာပါ။(っ◞‸◟c)

မစ်ရှိုတ်ရဲ့ ဒီခရီးလေးကိုလည်း​​ချောကိုမစ်ရှိုတ်ပူပူ​​လေးသောက်ရင်း အဆုံးထိလိုက် ပေးကြပါဦး။(အ​အေးကြိုက်ရင်​တော့ အိုက်စ်​ပေါ့​နော်)(๑•ᴗ•๑)♡

浮世「𝙎𝙐𝙉𝙆𝙄」Where stories live. Discover now