"ဆောလ်နူးစံ ပြန်ပါတော့ဆို!"
နီခီရဲ့အသံကိုကြားလိုက်မှာသေချာပေမယ့် အဲ့ဒီကင်မ်ဆောလ်နူးကတော့ လှေကားထိပ်က တောစောင့်နတ်ရုပ်ထုကြီးကိုပဲ စိတ်ဝင်စားစရာလိုကြည့်နေတယ်။
ကိုရီးယားသားတွေ ပြောရတာလက်ပေါက်ကပ်တယ် တကယ်!
ဒီကတော့စေတနာနဲ့ မိုးမိမှာစိုးလို့ပြန်ခိုင်းနေတာမရဘူး။ပေကပ်နေတာ။
စကားပြန်မရတဲ့သူကြောင့် ခေါင်းခါရင်းကိုယ့်အလုပ်သာကိုယ်ဆက်လုပ်နေလိုက်တော့သည်။
အခုတလောမိုးကအမြဲလိုလိုရွာနေတာကြောင့် ဘုရားကျောင်းလှေကားတွေမှာ ရေညှိတွေတတ်နေပြီဖြစ်သည်။
ပထမတစ်ခေါက်တိုက်ထားတာက သိပ်မကြာသေးဘူးဆိုပေမယ့် လှေကားကမက်တာမို့လို့ ချောမကျအောင်အတော်လေးဂရုစိုက်ရသည်။
တခြားသူတွေကတော့ တော်ရုံတန်ရုံ ဒီတောင်ပေါ်ဘုရားကျောင်းကိုဘယ်သူမှမလာကြပါဘူး။
နေ့တိုင်းလာနေတဲ့ ရှုပ်ပြာရှုက်ပြာဆောလ်နူးစံကြောင့်သာ။
တဖျက်ဖျက်တိုက်ခတ်လာတဲ့ မိုးပြေးလေကြောင့်လက်ကိုဘေးနားက စမ်းချောင်းလေးမှာနှစ်ဆေးလိုက်ပြီး လုပ်လက်စအလုပ်ကိုရပ်လိုက်သည်။
အခုထိတောစောင့်နတ်ရုပ်ထုဘေးနားမှာပဲ ပေကပ်ကပ်နဲ့ရပ်နေတဲ့ ဆောလ်နူးစံကိုလှမ်းကြည့်လိုက်တော့သိသိသာသာမျက်နှာလွှဲသွားသည်။
ကင်မ်ဆောလ်နူးဒီနေ့ ဆိုးနေရတဲ့အကြောင်းရင်းက မနက်ကျရင်နီခီနဲ့အတူ တောထဲကိုလိုက်ချင်နေတာကြောင့်ဖြစ်သည်။
YOU ARE READING
浮世「𝙎𝙐𝙉𝙆𝙄」
FanfictionUkiyo: (Noun) 浮世, "floating world" ခပ်လှမ်းလှမ်းဘုရားကျောင်းက ခေါင်းလောင်းသံသည် တောင်ကျရေသံတွေနဲ့ စည်းချက်ညီစွာ.... အဖြူရောင်ချယ်ရီတွေ မြေခတိုင်းမှာ သူ့ကိုလွမ်းသည်... မိုးရေစက်တွေကြားမှ ဆန္ဒတစ်စုံမှာ အဖြူရောင်ကီမိုနိုလေးမိုးရေမစွန်းမ...