ဘုရားကျောင်းအမိုးအောက်ရောက်ပြီး သိပ်မကြာခင်မှာပဲ တိတ်သွားတဲ့မိုးကြောင့် ကျေးဇူးတင်စကားပြောပြီး ပြန်ဖို့လုပ်နေတဲ့လူစိမ်း။
"ခဏ"
သူ့ဆီကိုပြန်ရောက်လာတဲ့ အညိုရောင်မျက်ဝန်းတွေက ပထမတစ်ခါထက်တော့ပိုပြီး ဆွဲလမ်းစရာပင်။
"ဟိုလေ..ဘယ်ကိုပြန်မှာလဲဟင်"
မိုးရေတခြမ်းစိုနေတဲ့ ကီမိုနိုစကိုတင်းတင်းဆုပ်ကိုင်ရင်းမေးမိပေမယ့် မျက်လုံးချင်းတော့မဆုံရဲ။
ထိုမျက်ဝန်းနက်နက်တွေထဲ နစ်မြှုပ်သွားမိမှာကို သိပ်ကိုကြောက်ရပါသည်။
"မြို့ထဲကိုပါ"
"ကျိုတိုမြို့ထဲကိုလား"
သေချာပြီးသားအဖြေကို ထပ်မေးမိတဲ့ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိသည်။
ဒါပေမယ့် မျက်ဝန်းညိုတွေနဲ့သူစိမ်းက စိတ်မရှည်ဟန်မရှိ။စိတ်ရှည်လက်ရှည် ခေါင်းငြိမ့်ပြရှာသည်။
"အဲ့တာဆိုမပြန်ပါနဲ့ဦး..မိုးကထက်ရွာဦးမှာ မမှီလိုက်ဘူး"
တိမ်ညိုတွေဖုံးနေတဲ့ကောင်းကင်ကမကြာခင်မှာ မိုးရွာဦးမှာသေချာသလောက်ပင်။
မျက်ဝန်းညိုတွေနဲ့ လူစိမ်းဟာ သူ့အမြင်ကို အလေးထားပုံရသည်။ကောင်းကင်ကိုမော့ကြည့်ကာ ခေါင်းညိမ့်ပြရင်း အမိုးအောက်ကိုပြန်ဝင်လာသည်။
ပြန်ရွာကျလာတဲ့ မိုးနဲ့အတူ ပတ်ဝန်းကျင်လုံးက ပြန်လည်ဆူညံသွားသည်။
နီခီ့မှာ စိုနေတဲ့ကီမိုနိုကိုလဲဖို့အာရုံမရ။
လူစိမ်းကိုသာတချက်ချက်ခိုးကြည့်နေရင်း မျက်လုံးချင်းဆုံမိတော့အသာအယာပြုံးပြလာတာကြောင့် နီခီ့မှာ အယောင်ယောင်အမှား။
YOU ARE READING
浮世「𝙎𝙐𝙉𝙆𝙄」
FanfictionUkiyo: (Noun) 浮世, "floating world" ခပ်လှမ်းလှမ်းဘုရားကျောင်းက ခေါင်းလောင်းသံသည် တောင်ကျရေသံတွေနဲ့ စည်းချက်ညီစွာ.... အဖြူရောင်ချယ်ရီတွေ မြေခတိုင်းမှာ သူ့ကိုလွမ်းသည်... မိုးရေစက်တွေကြားမှ ဆန္ဒတစ်စုံမှာ အဖြူရောင်ကီမိုနိုလေးမိုးရေမစွန်းမ...