五「終わり」

555 81 2
                                    

"နီခီစံ"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"နီခီစံ"

သစ်သား ကြမ်း​ကြားထဲမှာ ​​လျှောက်သွား​နေတဲ့ ပုရွက်ဆိတ်နီနီ​လေး​ကိုလိုက်ကြည့်​နေရင်းက​နေ ​ဆောလ်နူးစံရဲ့ အသံ​ကြောင့် သက်ပြင်းချမိတာ ပုရွက်ဆိတ်​တောင်မှလွှင့်သွားမိ​လောက်တဲ့ အရှိန်မျိုးနဲ့။

နှုတ်ဆက်ပြီးထွက်သွားချင်သူနဲ့ ထွက်သွားမှာစိုး၍ နှုတ်မဆက်​စေချင်သူနှစ်​ယောက်ကြားက ​လေထုအ​ခြေအ​နေကအ​တော်​လေးထူးဆန်း​နေသည်။

​ဆောလ်နူးစံ​ကြောက်လို့မလာရဲတဲ့ ​​တော်ဝင်မိသားစု အရိုးပြာနန်း​ဆောင်မှာ လာ​ရှောင်​နေ​ပေမယ့်လဲ ​ဆောလ်နူး​ကြောက်ပုံမ​ပေါ်​တော့ပါ။

"ငါပြန်​​တော့မှာ"

"အင်း ပြန်​လေ ​မှောင်​တောင်​မှောင်​တော့မှာကို"

"ကိုရီးယားကို"

စာသစ်နှစ်အသစ်စရင် ​ဆောလ်နူးစံက ကိုရီးယားကိုပြန်မှာဖြစ်​​​ကြောင်းကို နီခီသိပြီးသားဖြစ်သည် ဒါ​ပေမယ့် အချိန်​တွေကဒီ​လောက်မြန်မှာမှန်း​တော့ မသိခဲ့မိ။

မနက်ဖြန်​တိုင်းမှာ ကီမိုနိုဖရိုဖရဲနဲ့ဆာကူရာရဲ့ ​နွေး​ထွေးမှုတိုင်း​ပျောက်ကွယ်သွား​တော့မှာမှန်း ​တွေးမိရုံနိုင်တင် လက်မခံချင်​လောက်စရာဖြစ်သည်။

"ငါပြန်လာမှာ ဒီစာသင်နှစ်ပြီးတာနဲ့"

"အဲ့အခါကျရင် မင်းကိုပါ​ခေါ်သွားမှာ"

​ကျောခိုင်းထားတာ​တောင်မှ ​လေသံထဲမှာ တုန်ယင်​နေ​တာတောင် ခိုင်မာမှုတချို့ကိုခံစားမိနိုင်သည်။

"ငါကိုယုံတယ်မဟုတ်လား...ဟင်"

နီခီဘာမှပြန်မ​ပြောလိုက်​ပေမယ့် ​ကျောဘက်ကိုလာထိတဲ့ ခပ်အိအိအရာက ဆာကူရာပွင့်ဖက်​လေးလို ပါးပြင်​​ခပ်​နွေး​နွေး။

浮世「𝙎𝙐𝙉𝙆𝙄」Where stories live. Discover now