အပိုင်း - ၁

9.8K 373 6
                                    

စားပွဲပေါ်တွင် ရှုပ်ယှက်ခတ်နေသော စာရွက်စာတမ်းတွေရယ် Laptopတစ်လုံးရယ်နဲ့ သိပ်အလုပ်ရှုပ်နေတဲ့ CEO Jeon Jungkookတစ်ယောက် ညအချိန်ရောက်သွားမှန်းတောင် မသိခဲ့ပါ။ vibrate လုပ်ထားတဲ့ဖုန်းလေး တစ်ဒီဒီမြည်လာသည်။စောင့်နေတဲ့ အတွင်းရေးမှူးအီရဲ့ဖုန်းကို ကောက်ကိုင်ဖို့ရာ တုံ့ဆိုင်းနေဆဲ။ နာရီကို ကြည့်မိတော့ ည၉နာရီရှိနေပြီ။ လက်ထဲက စာရွက်စာတမ်းတွေကို ချကာ ဖုန်းကိုကိုင်လိုက်ပြီး လက်တစ်ဖက်ကို သွားဖြင့် တတိတိကိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် တစ်ဖက်က ပြောလာမည့်စကားကို နားစွင့်နေသည်။

"ဟဲလို... CEO Jeon"

"အင်း... အခြေအနေ"

"အခုချိန်ထိ အိမ်ရှင်က ထွက်မတွေ့ပါဘူး ဆရာ။"

"တစ်နေကုန်စောင့်နေတာကို ထွက်မတွေ့ဘူးဆိုတော့ အိမ်ရှင်မရှိတာများလား"

"ည ၇နာရီကျော်တဲ့အထိ ခြံဝန်းကြီးရော အိမ်ကြီးပါ မှောင်မည်းနေတာ ဒါကြောင့် ကျွန်တော်လည်း အစက လူမရှိဘူး ထင်ခဲ့တာ။ ဒါပေမယ့် ၈နာရီမထိုးခင်မှာ အိမ်ကြီးက မီးတွေလင်းလာတယ်။ ကျွန်တော် ဝမ်းသာအားရနဲ့ ဘဲလ်ကို အကြိမ်ကြိမ်နှိပ်ခဲ့ပေမယ့် အိမ်ရှင်က လုံးဝတုံ့ပြန်ခြင်းမရှိဘူး ဆရာ..."

"ကျစ်..... ခက်တာပဲ"

တစ်ခဏလောက် ပြောစရာစကားမရှိဘဲ တိတ်ဆိတ်သွားသည်။ ဘယ်လိုလူမျိုးမို့ ဒီလောက် လူမှု့ရေးခေါင်းပါးရတာလဲလို့တွေးမိသည်။

"နောက်ရက်မှ တစ်မျိုးစီစဉ်ကြည့်ကြတာပေါ့...
အတွင်းရေးမှူးအီ အဲ့ကနေပဲ ရုံးဆင်းလိုက်ပါ...
ဒီနေ့အတွက် တာဝန်ကျေပါတယ်..."

ဖုန်းချပြီးသည်နှင့် ရုံးဆင်းဖို့ ပြင်ခဲ့တော့သည်။
အိမ်ကိုရောက်ရောက်ချင်း ဧည့်ခန်းထဲ ဝေ့ဝဲကြည့်လိုက်တော့ တစ်ယောက်မှ မရှိနေ။ အိန်တော်ထိန်းကြီးက ဂျွန့်ကိုတွေ့တွေ့ချင်း ခါးကို အနည်းငယ် ကိုင်းကာ အရိုအသေပေးသည်။ ဂျွန်လည်း ခေါင့်ညိမ့်တယ်ဆိုရုံ ညိမ့်ပြလိုက်ပြီး ပြန်လှည့်ထွက်ရန်ပြင်လိုက်တော့ အိမ်တော်ထိန်းကြီးက

"သခင်လေးဂျွန် အဘိုးကတော့ စာကြည့်ခန်းထဲမှာ ရှိပါတယ်... "

"အွန်း... ကျွန်တော် ဝင်တွေ့လိုက်ပါ့မယ်"

My DarlingWhere stories live. Discover now