ဂျွန်မရောက်ခင် ရောက်နှင့်နေသော အတွင်းရေးမှူးအီနှင့် သူ့ရဲ့ရှေ့နေက ပတ်ဂျီမင်ခြံရှေ့တွင် စောင့်နေကြသည်။ ဂျွန် ကားပေါ်က ဆင်းသည်နှင့် အတွင်းရေးမှူးအီက အနားသို့ သုတ်သုတ်ပြာပြာ ရောက်လာသည်။
"ဆရာ... လက်ထပ်ဖို့အထိ လိုအပ်လို့လား
စဉ်းစားချိန်ရှိသေးတယ်...
တစ်ခြားနည်းလမ်းလည်း ရှိနေသေးတာပဲ"ထိုသို့ပြောကာ လမ်းတစ်ဘက်က ခြံဝိုင်းကို မေးထိုးပြသည်။
ညက အတွင်းရေးမှူးအီကို အကျိုးအကြောင်း ပြောပြကာ သက်သေအနေနဲ့ လက်မှတ်ထိုးရန် ခေါ်ထားသည်မို့ ကျွန်တော် မစဉ်းစားမဆင်ခြင်ဘဲ လုပ်မိလိုက်မှာကို အတော်လေး စိုးရိမ်နေပုံရသည်။ ဟုတ်၏...။ second planလည်း အသင့်ရှိနေပါရက် ကျွန်တော် ဘာကြောင့်များ ဒီလို လုပ်ရတာပါလိမ့်။ မဖြစ်မနေ ဆင်ခြေပေးရမယ်ဆိုရင် ကျွန်တော့်အတွက် အသစ်အဆန်းဖြစ်နေတာရယ် ပတ်ဂျီမင်ကို သနားတာရယ်ကြောင့်ပါ။
"အတွင်းရေးမှူးအီ... အရမ်းကြီး စိတ်မပူပါနဲ့
ကျွန်တော် သေချာ ဆုံးဖြတ်ပြီးသွားပြီ
မပြင်ချင်တော့ဘူး..."ဂျွန့်မှာ ဆင်ခြေကောင်းကောင်း ပေးစရာမရှိတာကြောင့် ရှေ့နေနားကိုသာ မြန်မြန်သွားလိုက်သည်။ ရှေ့နေကိုလည်း သူ တောင်းဆိုထားတဲ့အကြောင်းအရာတွေက အဆင်ပြေ၏၊ မပြေ၏ သေချာမေးမြန်းကာ စကားပြောနေလိုက်သည်။ နာရီကို ငုံ့ကြည့်လိုက်တဲ့အခါ မနက် ၈နာရီ လုံးဝ ကွက်တိ။ ဘဲလ်ကို နှိပ်လိုက်သည်နှင့် ခြံတံခါးသည် တန်းပွင့်လာသည်။ ထို့နောက် ပတ်ဂျီမင့်ခြံထဲသို့ ကား၃စီး ရှေ့ဆင့်နောက်ဆင့် မောင်းဝင်သွားကြသည်။
ဧည့်ခန်းထဲတွင် ပတ်ဂျီမင်ကလည်း သူ့ရှေ့နေနှင့် အလုပ်ရှုပ်နေဟန်ရှိသည်။ ဂျွန်တို့ အိမ်တံခါးဝရောက်မှ ပတ်ဂျီမင်က ထိုင်ရာမှ ထကာ ဧည့်ကြိုလာသည်။
ရှေ့နေ၊ အတွင်းရေးမှူးအီနှင့် ဂျွန်တို့က တစ်ဖက် ပတ်ဂျီမင်နှင့် သူ့ရှေ့နေက တစ်ဖက် အပြန်အလှန် မျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်။ ဂျီမင်က စားပွဲပေါ်တင်ထားသည့် စာရွက်ကို ဂျွန့်ရှေ့သို့ ထိုးပေးလိုက်သည်။ ဂျွန်ကလည်း သူ့ရှေ့နေဆီမှ သူ ပြင်ဆင်ခိုင်းထားတဲ့စာရွက်ကို တောင်းယူလိုက်သည်။ ဂျီမင့်ကို စာရွက်ပေးလိုက်ပြီး နှစ်ယောက်လုံး ခေါင်းမဖော်တမ်း အပြိုင် ဖတ်ကြည့်နေကြသည်။
KAMU SEDANG MEMBACA
My Darling
Fiksi PenggemarYou're the only one I loved. My very first story🤗 Beginning - 2022 December 26 Ending - 2023 March 29