အပိုင်း - ၆

2.9K 272 10
                                    

Park Groupရှေ့တွင် သတင်းထောက်တွေများစွာ စောင့်နေကြသည်။ CEO Park ကားပေါ်က ဆင်းလာသည်နှင့် securityများက ကာကွယ်ကာ လမ်းရှင်းပေးကြသည်။သတင်းထောက်များကလည်း ဝိုင်းအုံကာ အလုအယက် အင်တာဗျူးကြသည်။

"Park Groupရဲ့ အငယ်ဆုံးမြေးက မကြာမီ လက်ထပ်တော့မယ်ဆိုတာ တကယ်ပါလား"

"အခုလို ထွက်လာတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲခင်ဗျာ"

ကင်မရာတဖျက်ဖျက် နှင့် မေးခွန်းပေါင်း သောင်းခြောက်ထောင်ကို မသိကျိုးနွံပြုကာ တစ်ခွန်းမှ ပြန်မဖြေဘဲ companyထဲသို့သာ မြန်မြန်ဝင်ခဲ့တော့သည်။ ဓာတ်လှေကားထဲတွင် သက်ပြင်းမောများသာချလိုက်ရင်း ဘေးကလူကို လှည့်ကြည့်ပြီး ပြောလာသည်။

"သူ့ဆီ ဖုန်းခေါ်လိုက်စမ်း"

"ဟုတ်ကဲ့"

ရုံးခန်းရှေ့ ရောက်သည့်တိုင် ဖုန်းခေါ်ရပုံမပေါ်ပါ။

"ဖုန်းမကိုင်ဘူးမလား
နေပါစေ... မခေါ်နဲ့တော့"

ရုံးခန်းတံခါးကိုဖွင့်ပြီး ဝင်လိုက်တော့ အသံဆာဆာလေးနဲ့ ဆီးကြိုနေသည့် ပတ်ဂျီမင်...။

"မင်္ဂလာပါ ကျွန်တော်ချစ်ရတဲ့ အဖိုးကြီး Parkရေ
မတွေ့ဖြစ်တာ ကြာလို့ လွမ်းနေတာ"

အဖိုးနဲ့အတူ ဝင်လာသော လူကိုလည်း သေသေချာချာ နှုတ်ဆက်လိုက်သည်။

"ငါတို့ယောက်ဖ မန်နေဂျာချွဲနဲ့လည်း မဆုံတာကြာပြီ
အစ်မကိုလည်း လာတွေ့ဦးမယ်လို့ ပြောပေးပါ"

အခန်းထောင့်က ဂေါက်ရိုက်တံကို ယူလိုက်ကာ ရိုက်ရန်ရွယ်နေသော အဖိုးအား ဘယ်သူကမှ အဖတ်မလုပ်ကြပါ။ ထိုအခါ ဂေါက်ရိုက်တံကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။

"ဒီအဖိုးကြီးက အိုနေလို့ ဂရုမစိုက်ကြတာလား"

"မဟုတ်ပါဘူး ချစ်မှန်းသိလို့ ဒီမြေးလေးက မကြောက်တာ"

မြေးသမက်ချွဲကလည်း စာရွက်စာတမ်းများနဲ့အိတ်ကို စားပွဲပေါ်တင်ပေးခဲ့ပြီး မြေးအဖိုးနှစ်ယောက်အား နှုတ်ဆက်၍ ထွက်သွားတော့သည်။

"ပြောစမ်းပါဦး... တွဲနေတာ မင်ယွန်ဂီမဟုတ်လား
လက်ထပ်မယ့်သူက ဘာလို့ ဂျွန်ဂျောင်ဂုလဲ"

My DarlingTempat cerita menjadi hidup. Temukan sekarang