အပိုင်း - ၁၃

2.8K 255 17
                                    

"ဒီနေ့ (အိမ်တော်-၁)မှာ ညစာစားကြမယ်
အမေနဲ့အဖိုးက တို့ကို စောင့်နေမှာ
တစ်ချိန်လုံး ဒီလိုပဲ ဖက်ထားတော့မှာလား
သွား... ရေချိုးချေတော့"

ကားပေါ်က ဆင်းပါပြီဆိုကတည်းက ဂျီမင့်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားတဲ့သူ...။

"ကျွန်တော် ပျော်လို့ပါ"

ကြိုတင်မျှော်လင့်ခဲ့ပြီးသားအဖြေပေမယ့် အဖေခင်းခဲ့တဲ့လမ်းပေါ် လျှောက်နိုင်ပြီဆိုတဲ့အသိနဲ့ ပြောမပြတတ်အောင် ဝမ်းသာမိတာ တကယ်ပါ။

~~~~~~~~~~~~~~~

"ဟဲလို အစ်ကိုဆော့ဂျင်းလား"

"ပြောလေ နမ်ဂျွန်း"

"စကားမပြောဖြစ်တာတောင် ကြာပြီ နေကောင်းတယ်မလား"

"ကြာဆို မင်း Americaရောက်သွားကတည်းက မပြောဖြစ်တာပဲ... ငါ နေကောင်းပါတယ်
စကားပုလ္လင်ခံမနေပါနဲ့ ပြောစရာရှိတာသာပြောပါ
ငါတို့နှစ်ယောက်လုံး သိပ်အလုပ်ရှုပ်တဲ့ ဆရာဝန်တွေမလား"

"ကျွန်တော် ဝေ့ဝိုက်မနေတော့ပါဘူး
အကူအညီတစ်ခုလောက်တောင်းချင်လို့ပါ...
ဒီလို............"

"လွယ်ပါ့မလားကွာ
တော်ကြာ သူ့ယောက်ျားက ငါ့ကို ဆွဲထိုးရင် ဒုက္ခ...
အေးပါ ငါ သွားတွေ့ကြည့်လိုက်ပါ့မယ်
ပြီးရင် အကျိုးအကြောင်း ပြန်ပြောမယ်လေ"

~~~~~~~~~~~~~~~

December 24 Saturday

"ခေါင်းစွပ်လှလှလေး လိုချင်တာ
အနီရောင်လေးဆို ငါနဲ့ လိုက်တယ်မလား"

ခရီးအတွက် လိုအပ်သည်များ ဝယ်ရန် Shopping Mall တစ်ခုမှာ ခြေတိုအောင် လျှောက်ရသည်။ ဂျီမင်သည် ဒီခရီးစဉ်အတွက် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ကာ ခေါင်းအစခြေအဆုံး ယုတ်စွအဆုံး အတွင်းခံကအစ အသစ်တွေကိုသာ ဝယ်ယူနေတော့သည်။ ခြေကုန်လက်ပမ်းကျနေပေမယ့် မပင်ပန်းခဲ့ပါဘူး သူ သိပ်တက်ကြွပြီး ပျော်နေတယ်လေ ဘာတွေကများ ကျွန်တော့်ကို ပင်ပန်းစေနိုင်မှာတဲ့လဲ။

~~~~~~~~~~~~~~~

December 25 Sunday

Incheon International Airportကနေ Zurich, Switzerlandကို မနက် ၇နာရီ လေယာဉ်နဲ့ ပျံသန်းကာ ပျားရည်ဆမ်းခရီးလေး စတင်ခဲ့သည်။ ပျံသန်းချိန် ၁၂နာရီနီးပါး ကြာမြင့်ပြီးနောက် လေယာဉ်သည် Zurichမြေပြင်ပေါ်  ဆင်းသက်ခဲ့သည်။ Zurich Airportရောက်ချိန်သည် အချိန်ကွာဟမှု့ကြောင့် မနက် ၁၁နာရီကျော်သာ ရှိသေးသည်။ Switzerlandသည် Koreaထက် ၈နာရီတိတိ နောက်ကျကာ အချိန်ကွာဟသည်။ ဂျွန်တို့ရွေးချယ်ခဲ့တဲ့ Lauterbrunnen ဆိုတဲ့ ရွာလေးဟာ လေယာဉ်ကွင်းမရှိတာမို့ အနီးဆုံးဖြစ်တဲ့ Zurich Airportမှာ ဆင်းသက်ရခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် Lauterbrunnenသို့ ၁နာရီ မိိနစ်၄၀နီးပါး ကြာအောင် တက္ကစီဖြင့် ခရီးဆက်ရသည်။ နေ့လယ် ၁နာရီခွဲဝန်းကျင်တွင် တည်းခိုမည့် Hotel Silberhornရှေ့သို့ ရောက်ရှိခဲ့ကြသည်။

My DarlingHikayelerin yaşadığı yer. Şimdi keşfedin