အပိုင်း - ၁၁

3K 284 26
                                    

"အိမ်တော်ထိန်းကြီး...
ကျွန်တော့်ယောက်ျားကို တွေ့မိသေးလား"

အိမ်တော်ထိန်းကြီးက ပြူးကြောင်ကြောင်နဲ့ ရပ်ကြည့်နေပြီး ခေါင်းလေး နည်းနည်းစောင်းကာ ဂျီမင့်ကို ကျော်ကြည့်ရင်း ပြောလိုက်သည်။

"သခင်လေးဂျီမင်ရဲ့ အနောက်မှာပါ"

အိမ်တော်ထိန်းကြီးရဲ့စကားကြောင့် နောက်ကို ပျာပျာသလဲ လှည့်ကြည့်မိသည်။ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ မျက်လုံးအဝိုင်းသားနဲ့ သူ့ကို ကြည့်နေတဲ့ ဂျွန်...။ သူလည်း ကြားသွားပုံပါပဲ။ နေ့ခင်းက အမေပြောသွားတာတွေကြောင့် အိမ်တော်ထိန်းကြီးရှေ့ တမင် အကဲပါပါ ခေါ်လိုက်တာ။ အခုဖြင့် ရှက်စရာကောင်းလွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ။ ဂျွန့်လက်ထဲက ကုတ်အင်္ကျီနဲ့ လက်ဆွဲအိတ်ကို မြန်မြန်ယူလိုက်ပြီး အနည်းငယ် အပေါ်သို့ မြှောက်ပြကာ မပွင့်တပွင့်နဲ့ ပြောလာသည်။

"လာကြိုပေးတာ"

ပြောပြီးသည်နှင့် ကျောခိုင်းပြီး အရင်ဦးအောင် ပြေးတက်သွားသည်။

သူ ဘယ်လိုလေးခေါ်လိုက်တာလဲ ရင်ထဲ ကလိကလိဖြစ်ရအောင် သူ သိပ်စွမ်းသည်။ ဂျွန်လို့ ခေါ်တုန်းကလည်း တစ်ကိုယ်လုံး တုန်ယင်သွားလောက်အောင် ဆွဲဆောင်မှု့ရှိပြီး
ကျွန်တော့်ယောက်ျားလို့ခေါ်ပြန်တော့လည်း အူတုန်လောက်အောင် ချစ်ဖို့ကောင်းသည်။

အဝတ်လဲခန်းတွင် ဂျွန့်ကုတ်အင်္ကျီကို သေချာချိတ်ကာ သိမ်းဆည်းပေးနေသော အိမ်ရှင်ထီးလေးကို ရှက်နေမှာသိလို့ မမြင်ချင်ယောင်ဆောင်ပေးလိုက်သည်။

"ဟို... ခုနကလေ... ကြားသွားလား"

"ဘာကိုလဲ အာ... ကျွန်တော့်ယောက်ျားဆိုတာကိုလား"

အနားကို ဘယ်လိုရောက်လာမှန်းမသိ ဗိုက်ကို သူ့လက်သီးသေးသေးလေးနဲ့ လာထိုးသည်။ အခွင့်အခါသင့်တိုင်း ဒီလက်ကလေးကို ကိုင်ထားချင်သူမို့ သူ့လက်သီးလေးကို ဂျွန်က ဖမ်းဆုပ်ထားလိုက်သည်။

"အဲ့လိုရှက်နေမှာသိလို့ အလိုက်တသိနေပေးနေတာကို
ဘာလို့လာမေးလဲ"

"နေ့ခင်းက အမေလာသွားတယ်
အဲ့ဒါ အမေက နှစ်ယောက် ကြင်ကြင်နာနာနေရမယ်တဲ့"

My DarlingDonde viven las historias. Descúbrelo ahora