Chapter 1

3.6K 189 5
                                    

အိပ်ရာနိုးနိုးချင်း ထူးဆန်းသလိုခံစားလိုက်ရသည်။ ဘာထူးဆန်းတာလဲ ရုတ်တရက်စဉ်းစားမရ။

တစ်ခုခုတော့ ထူးဆန်းနေသည်။ သူစဉ်းစားနေရင်း အမြင်တွေကြည်အောင် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။ တဖြည်းဖြည်း အမြင်ကြည်လင်သွားသောအခါ ပထမဆုံးမြင်လိုက်ရသည်က မျက်နှာကျက်။

မထူးဆန်းသော မျက်နှာကျက်တွင် ထူးဆန်းတာတစ်ခုကို သူသတိထားမိသွားသည်။ သူ့အခန်းမျက်နှာကျက်က အပြာရောင်။ အခု အဖြူရောင်။

သူအံ့အားသင့်သွားပြီး အိပ်ရာပေါ်မှ ထလိုက်သည်။ ထိုအခါမှ ပို၍ ပို၍ ထူးဆန်းအံ့သြဖွယ်ရာကို မြင်လိုက်ရသည်။


သူ့အခန်းထဲက ပစ္စည်းတွေအားလုံး သူ့နေရာနှင့်သူမဟုတ်တော့။ သူအံ့သြကြီးစွာ ကုတင်ပေါ်က ဆင်းလိုက်သည်။ သူ့စာကျက်နေကျ ကုတင်တည့်တည့်က သူ့စာအုပ်စင်နေရာတွင် သူတစ်ခါမှမမြင်ဘူးသော ကျွန်းဗီဒိုကြီးက နေရာယူထားသည်။ သူ့ဗီဒိုနေရာတွင်တော့ အလှဆင်ထားသော ရေတံခွန်လေး။


သူတစ်ခု ထပ်သတိထားမိသွားသည်။ ဒီသပ်ရပ်သန့်ရှင်းနေသောအခန်းက သူ့၏ရှုပ်ပွနေသောအခန်းထက် တော်တော်လေးပိုကျယ်သည်။

ပြီးတော့ ကုတင်ကလည်း သူအိပ်နေကြ တစ်ယောက်အိပ်ကုတင်လေးမဟုတ်တော့။ ကျွန်းကနုတ်များဖြင့် စီခြယ်ထားသော ခမ်းနားလှသော နှစ်ယောက်အိပ်ကုတင်ကြီးဖြစ်နေသည်။ ဒါသူ့အခန်းမဟုတ်ဟူသော အချက်ကို သူကိုယ်တိုင်ထူးဆန်းစွာဖြင့် လက်ခံလိုက်သည်။

ဒါသူ့အခန်းမဟုတ်ပါ။  ဒါဆို သူဘယ်ရောက်နေတာလဲ။ မနေ့ညက ည၁၁နာရီအထိစာကြည့်ပြီး အိပ်ရာဝင်ခဲ့သည်။ အခုမနက်မိုးလင်းတော့ သူ့အိမ်မဟုတ်ဘဲ တခြားအိမ်ကို ရောက်နေသည်။ သူတော်တော်ကို ခေါင်းရှုပ်သွားသည်။ ဘာတွေလဲ စဉ်းစားမရတော့။


သူအပြင်ထွက်ကြည့်ဖို့ စဉ်းစားလိုက်သည်။ တံခါးဖွင့်လိုက်တော့ စင်္ကြန်အရှည်ကြီးကို တွေ့လိုက်ရသည်။ အိမ်ကြီးကတော့ တော်တော်ကို ခမ်းနားလှပစွာရှိနေသည်။ ကြည့်လိုက်သည်နှင့် မည်မျှချမ်းသာသည်ကို ခန့်မှန်း၍မရနိုင်အောင် ကြီးမားလှပသောအိမ်ကြီးဖြစ်သည်။ သူစင်္ကြန်တည့်တည့်အတိုင်း လျှောက်လာမိသည်။

Wonderful Love Story  of My LifeWhere stories live. Discover now