သူဒီကိစ္စတွေအတွက် Jung Yunhoဆီက ရှင်းရှင်းလင်းလင်းသိရအောင် လုပ်ရမည်။ ရှင်းရှင်းလင်းလင်းမသိရလျှင်ဖြစ်စေ သိရလျှင်ဖြစ်စေ သူ ဒီလူနဲ့ ကွာရှင်းမည်။ သူ မချစ်သောလူကို သူဆက်မပေါင်းနိုင်ပါ။ သူ့အနာဂတ်တွေက မှားနေသည်ဖြစ်စေ မှန်နေသည်ဖြစ်စေ သူမချစ်သောသူနှင့် တစ်သက်လုံးအတူတူနေသွားရအောင်အထိ သူမမိုက်မဲပါ။
ဒီလူနဲ့ကွာရှင်းပြီး Changminကို ကျေနပ်လောက်တဲ့အထိ တောင်းပန်မည်။ သူ Changminကို ယုံကြည်သည်။ Changmin၏ မျက်လုံးထဲတွင် သူ့ကိုချစ်နေသေးသည့် အရိပ်အယောင်များကို တွေ့နေရသည်။ Changminဆီက ခွင့်လွှတ်မှုတွေရလျှင် အရာအားလုံး နဂိုအတိုင်းပြန်ဖြစ်သွားမည်ဖြစ်သည်။ သူ့စိတ်ကူးထဲကအတိုင်း အကောင်အထည်ဖော်ဖို့ ကြိုးစားရန် သူ yunhoနောက် လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
Jung Corporation အဆောက်အဦးရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားသည။် အထပ် ၂၀ခန့်မြင့်သောအဆောက်အဦးရှေ့တွင်ခဏရပ်လိုက်ပြီး အသက်ကို ၀၀ရှုလိုက်သည်။ yunho ကို ရင်ဆိုင်ရန် အားမာန်အပြည့်သွင်းကာ ခြေလှမ်းများကို စတင်လိုက်သည်။ သူ companyထဲ ၀င်လိုက်သည်နှင့် အနီးအနာမှာရှိသောလူအားလုံးက သူ့ကိုခေါင်းညွှတ်ကာ အရိုအသေပေးကြသည်။ သူ ဘယ်သွားရမည်မှန်းမသိ၍ အူကြောင်ကြောင်ဖြစ်နေစဉ် အသက်ကြီးကြီးလူတစ်ယောက် အနားကို ရောက်လာသည်။
" Mr. Jung, ကျွန်တော်တို့ CEOဆီလာတာလား.. သူအခု အရေးပေါ်အစည်းအဝေးလုပ်နေတယ်.. သူ့ရုံးခန်းထဲမှာ စောင့်နေလို့ရပါတယ်.. လာ ကျွန်တော့်နောက်လိုက်ခဲ့ပါ"
ဓါတ်လှေကားမှတဆင့် အဆောက်အဦး၏အပေါ်ဆုံးထပ်ကို တက်သွားသည။် အပေါ်ဆုံးထပ်အရောက် ဓါတ်လှေကားတံခါးဖွင့်လိုက်စဉ် ကြီးကျယ်ခမ်းနားလှသောဧည့်ခန်းကြီးနှင့် ရုံးခန်းကို မြင်လိုက်ရသည်။ သူဝင်လိုက်တော့ yunho၏အတွင်းရေးမှူးဖြစ်ဟန်တူသော ကောင်မလေးက ဦးညွှတ်ပြီးနှုတ်ဆက်လိုက်သည်။
Jaejoong သူ့ရုံးခန်းထဲသို့ ၀င်လာခဲ့သည်။ ရုံးခန်းအကျယ်ကြီးထဲတွင် ပစ္စည်းများက သူ့နေရာနှင့်သူ သပ်သပ်ရပ်ရပ်ရှိနေသည်။ ရုံးခန်းထဲတွင် Jaejoongကို တစ်ယောက်တည်းထားခဲ့ပြီး ထွက်သွားကြသည်။ ရုံးခန်းထဲတွင် သူလှည့်ပတ်ကြည့်ရှုနေစဉ် စားပွဲပေါ်မှာတင်ထားသော ဓါတ်ပုံလေးကို တွေ့လိုက်ရသည်။ ဓါတ်ပုံထဲတွင် သူနှင့် Jung yunhoတို့ ပြုံးပျော်ကြည်နူးစွာ နဖူးချင်းတိုက်ပြီး selcaရိုက်ထားကြသည်။ Jaejoongအံ့သြသွားသည်။ သူမှဟုတ်ရဲ့လားဟု စိတ်ထဲထင်နေမိသည်။ Changminမဟုတ်သော တခြားသူတစ်ယောက်နှင့် ဒီလိုရိုက်ဖို့ဆိုတာ Jaejoongစိတ်ထဲတွင်စိတ်တောင်မကူးမိပါ။ Jaejoong မျက်မှောင်ကြုတ်၍ ဓါတ်ပုံကို ကြည့်နေစဉ် အခန်းတံခါးဖွင့်ပြီး Yunho၀င်လာသည်ကို တွေ့လိုက်ရသည်။
YOU ARE READING
Wonderful Love Story of My Life
FantasyHello Everyone... Long time no see Now I've prepare my third fanfic.. Hope you guy enjoy... I'm busy in these days but for sure I try my best.. Thanksssss...