ဒီနေ့ တစ်မိသားစုလုံး အဘွားအိမ်ကို သွားလည်ကြသည်။ သူတစ်ယောက်တည်း စာမေးပွဲရှိ၍ မလိုက်ရဘဲ ကျန်ခဲ့သည်။ ညဘက် သူစာကျက်နေရင်း အိပ်ငိုက်လာခဲ့သည်။ အိပ်ဖို့စဉ်းစားလိုက်ပြီး စာအုပ်တွေပိတ်ကာ ကုတင်ပေါ်တွင် တက်လှဲလိုက်သည်။ ကုတင်ပေါ်တွင် ရုတ်တရက်အိပ်မပျော်သေးဘဲ အတွေးတွေထဲနစ်မြောနေသည်။ ပြီးခဲ့သည့်အပတ်သူ့မွေးနေ့တွင် Changmin၏အချစ်ဝန်ခံချက်ကြောင့် သူအိပ်မပျော်ဖြစ်နေခဲ့သည်မှာ တစ်ပတ်လုံးလုံးပင်။ သူကိုယ်တိုင် Changminကို ညစ်ချင်ဇောဖြင့် ချက်ချင်းအဖြေမပေးမိခဲ့သည်ကို နောင်တရနေသည်။ နောက်ဆုံး သူမနေနိုင်တော့ဘဲ မနက်ဖြန်Changminကို ချိန်းထားလိုက်သည်။ သူ မနက်ဖြန်Changminကို ဘယ်လိုအံ့သြအောင်အဖြေပေးရမလဲဟု စဉ်းစားရင်း အိပ်မပျော်နိုင်ဘဲ ရင်တွေခုန်နေမိသည်။ Changminအကြောင်းတွေစဉ်းစားရင်း နောက်ဆုံးတော့ သူအိပ်မောကျသွားခဲ့သည်။
ည ၂နာရီ ပတ်ဝန်းကျင်.....
ခိုးကြောင်ခိုးဝှက်လှုပ်ရှားနေသော အရိပ်တစ်ခုကြောင့် Jaejoongအိပ်ရာကလန့်နိုးလာခဲ့သည်။ သူ့အခန်းထဲက ဗီဒိုထဲတွင် တစ်စုံတစ်ခုကို ရှာဖွေနေသော အရိပ်တစ်ခု။ Jaejoong ခဏတော့လန့်သွားပြီး စိတ်ကို တည်ငြိမ်အောင်အရင်လုပ်လိုက်သည်။ သူ့ကုတင်ဘေးတွင် ထောင်ထားသည့် ဘေ့ဘောတုတ်ကို အသံမထွက်အောင် ဆုပ်ကိုင်လိုက်ရင်း သူခိုးနားသို့ တစ်လှမ်းချင်းကပ်သွားလိုက်သည်။ အနားသို့ရောက်ခါနီးတွင် သူ့ဘက်ကို လှည့်ကြည့်လာသောသူခိုးကို Jaejoongမိမိရရရိုက်ချလိုက်သော်လည်း ရှောင်လိုက်သောကြောင့် ပုခုံးကိုသာရိုက်မိသွားသည်။ သူ့ကိုပြန်ပြီးလက်သီးနဲ့ထိုးလိုက်သောကြောင့် Jaejoongနောက်ပြန်လန်ကျသွားသည်။ Jaejoongချက်ချင်းကုန်းထလိုက်ပြီး ပြန်ထိုးရန်ပြင်လိုက်စဉ် သူခိုးအကျီထဲမှဓါးမြှောင်ထုတ်လိုက်သောကြောင့် သူခဏရပ်သွားသည်။ သူ့ကို ဓါးမြှောင်နှင့်လှမ်းထိုးလိုက်စဉ် သူရုတ်တရက်ရှောင်လိုက်ရာမှ အရှိန်မထိန်းနိုင်ဘဲချော်သွားပြီး နောက်ပြန်ပြုတ်ကျကာ ခေါင်းကို တစ်စုံတစ်ခုနှင့်တိုက်တာကိုခံစားလိုက်ရပြီး သူ့အမြင်အာရုံတွေအားလုံး အမှောင်ကျသွားလေသည်။
YOU ARE READING
Wonderful Love Story of My Life
FantasyHello Everyone... Long time no see Now I've prepare my third fanfic.. Hope you guy enjoy... I'm busy in these days but for sure I try my best.. Thanksssss...