" Joongieeeee ရေ... Boo Jaeeeeee..."
" ဟင် "
အသံနှင့် တဆက်တည်း လူပါ အခန်းထဲကို ၀င်လာသည်ကို တွေ့ရသည်။ ဓါတ်ပုံထဲမှလူ အခန်းထဲဝင်လာသည်ကို Jaejoongကြောင်ကြည့်နေမိသည်။
" boo နေမကောင်းလို့လား?? မျက်နှာကလဲ ဖြူဖပ်ဖြူရော်နဲ့" ပြောရင်း သူ့နဖူးဆီသို့ လက်လှမ်းလိုက်သော ထိုသူ၏မျက်နှာကို Jaejoongမျက်တောင်မခတ်ဘဲ ကြည့်နေမိသည်။
" နေလဲကောင်းပါတယ်။ ဘာလဲ မနေ့က ရုတ်တရက်ကြီးခရီးထွက်သွားလို့ စိတ်ကောက်နေတာလား။ Booကလဲ ခရီးက မဖြစ်မနေမို့သာထွက်ရတာပါကွာ။ ကိုယ့်စိတ်က Booဆီမှာပဲရှိနေတာ သိရဲ့သားနဲ့။ အခုလည်း Company တန်းသွားရမှာကို မသွားနိုင်ဘဲ Booမျက်နှာလေး မြင်ချင်လို့ အိမ်ကို အရင်ဝင်လာတာ" ဟု ပြောပြောဆိုဆိုဖြင့် Jaejoongကို လှမ်းဖက်လိုက်သည်။
Jaejoong တစ်ကိုယ်လုံးတောင့်တင်းသွားပြီး ထိုသူကို တွန်းချလိုက်ကာ လှေကားပေါ်သို့ ပြန်ပြေးတက်လာခဲ့သည်။ သူပြေးရင်းနဲ့ နောက်ဆုံး သူအိပ်ခဲ့သည့် အိပ်ခန်းသို့ ပြန်ရောက်လာခဲ့သည်။ တံခါးကိုလော့ချလိုက်ပြီး ကုတင်ပေါ်တက်ကာ ချုံးပွဲချငိုမိသည်။
တံခါးအပြင်မှ တဒုန်းဒုန်းထုနေသံကြားသော်လည်း သူဘာမှဂရုမစိုက်နိုင်တော့။ ညက သူ့အိမ်မှာ စာကျက်ရင်းအိပ်ပျော်သွားပြီးနောက် မိုးလင်းတော့ သူများအိမ်ပေါ်ရောက်နေသည်။ ထို့ထက်ဆိုးသည်က သူတခါမှမမြင်မတွေ့ဖူးသောသူနှင့် လက်ထပ်ပြီးသားဖြစ်နေသည်။ သူဘယ်လိုမှစဉ်းစားမရတော့။ နောက်ဆုံး တံခါးကိုထုနေသံတိတ်သွားပြီးနောက် သူလဲ မောပန်းစွာဖြင့် ကုတင်ပေါ်မှာ ပြန်အိပ်ပျော်သွားတော့သည်။
သူနိုးလာတော့ မျက်လုံးမဖွင့်ခင် သူ့ကြုံနေတာတွေက အိပ်မက်တွေဖြစ်ပါစေဟုဆုတောင်းလိုက်သည်။ အခုမျက်လုံးဖွင့်လိုက်လျှင် သူ့အိမ်ပြန်ရောက်နေရမည်ဟု တွေးလိုက်ရင်း မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။
YOU ARE READING
Wonderful Love Story of My Life
FantasyHello Everyone... Long time no see Now I've prepare my third fanfic.. Hope you guy enjoy... I'm busy in these days but for sure I try my best.. Thanksssss...