💛

12 0 0
                                    

တစ်နေ့နေ့တော့ ကိုယ်ဆိုးလို့ရတဲ့ဘောင်ထဲကနေ ဆိုးကြည့်အုန်းမယ် . . .

တက်တူးထိုးမယ် . . .
ဘီယာတွေ နေ့စဉ်ရက်ဆက်သောက်မယ် . . ကိုယ့်ရဲ့အထီးကျန်မှု့တွေဖြေပျောက်ဖို့ဆေးလိပ်သောက်မယ်  . . .

ဘယ်သူ ဘယ်သူ့ကိုမှ မထိခိုက်စေပဲ ဆိုးလို့ရ‌သလောက် ဆိုးကြည့်မယ် . . .

အရမ်းလူလိမ္မာကြီးမဟုတ်ပေမယ့် ကိုယ်လိမ္မာခဲ့သမျှကို 2022 မှာထားခဲ့ပြီး 
2023 ကစပြီး လုပ်ချင်တာတွေ လုပ်လို့ရတာတွေအကုန်လုပ်မယ်  . . .

တက်လက်စသင်တန်းတွေ ပြီးအောင်တက်မယ် . . .
wp ကို အတက်နိုင်ဆုံးစွန့်ခွာနိုင်အောင်ကြိုးစားမယ် . . .

ပင်ပန်းတာတွေ စိတ်ဖိစီးတာတွေရှိလာခဲ့ရင် ဘီယာတစ်ဘူး စီးကရက်တစ်လိပ် သီချင်းတစ်ပုဒ်နဲ့ ဖြေသိမ့်မယ် . . .

ပွဲ‌တွေကိုရှောင်မယ် . . .
လူတွေကိုအတက်နိုင်ဆုံးရှောင်မယ် . . .
သူတို့မြင်နေကျအတိုင်း ကိုယ်အဆင်‌ပြေနေတယ် အမြဲတမ်းပြုံးနေတယ်ဆိုတာပဲ ဆက်ပြီးမြင်စေမယ် . . .
လိုအပ်လာရင် ဒီထက် $ကြောတင်းတင်း
နေပြမယ် . . .

ကိုယ်လုပ်ပေးနိုင်တာရှိရင် လုပ်ပေးလိုက်မယ် . . .
ကိုယ့်စေတနာနဲ့ မတန်တဲ့သူတွေကို ဥပေက္ခာပြုမယ် . . .
ကိုယ့်နောက်ကျော ဓါးနဲ့ထိုးမယ့်သူမျိုးတွေကို ဝေးဝေးကရှောင်မယ် . . .
ကိုယ်လက်လှမ်းမှီသမျှ မျက်နှာဖုံးအတုတွေကို အတက်နိုင်ဆုံးဖယ်ရှားမယ် . . .

အငယ်Where stories live. Discover now