😶

7 0 0
                                    


ကိစ္စတစ်ခုကို စလိမ်လိုက်မိပြီဆိုရင်
အဲ့ဒီကိစ္စကို မပေါ်အောင် နောက်ထပ် အလိမ်အညာစကားတွေ သုံးပြီး ထပ်ခါထပ်ခါ ဆက်လိမ်နေရတတ်တယ်နော်

လူတစ်ယောက်ရဲ့ အလိုအလျောက်သိစိတ် နဲ့  ကိုယ်ရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းကို
မင်းလျော့မတွက်မိစေနဲ့

လူတိုင်း လူတိုင်းမှာလေ သူ့လုပ်နိုင်စွမ်းနဲ့ သူ ရှိတယ်သိလား

ယောက်င်္ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အကုန်ရင်ဘောင်တန်းလုပ်လို့ရတယ် ယောင်္ကျားဖြစ်နေလို့ မိန်မဖြစ်နေလို့ဆိုတဲ့ သတ်မှတ်ချက်က ဟိုးရှေးရှေးတုန်းမှာကျန်ခဲ့ပြီ

မင်းပိုက်ဆံရှာနိုင်သလို ငါလည်းရှာနိုင်တယ်

မင်း အရက်ဘီယာသောက်သလို ငါလည်း အရက်ဘီယာ လိုက်သောက်နိုင်တယ်
မင်းဆေးလိပ်သောက်သလို
ငါလည်း‌ ဆေးလိပ်လိုက်သောက်နိုင်တယ်

နောက်ဆုံးကွာ မင်း ကျား or မ ခေါ်အိပ်အုန်းမလား အဆင်ပြေတယ် မင်းလုပ်သလို ငါလည်း လိုက်လုပ်နိုင်တယ် အဓိက က လုပ်ချင်စိတ်ရှိဖို့ပဲလိုတာ
but စဉ်းစားဆင်ခြင်နိုင်စွမ်း နဲ့
ကိုယ့်ကိုယ်ကျင့်တရားကောင်းဖို့တော့
လိုသေးတာပေါ့ကွာ ..
ပြီးတာ့ လုပ်သင့်လား မလုပ်သင့်လား
ဖြစ်သင့်လား မဖြစ်သင့်လားဆိုတာတော့ စဉ်းစားရမှာပေါ့
ကြားဖူးတယ်မှတ်လား ဆန္ဒ ကို သိက္ခာ နဲ့ ထိန်းပါ ဆိုတာလေ .....

ငါကတော့လေ တစ်ခုခုလုပ်မယ်ဆိုရင်  ကိုယ် ကိုယ်တိုင်ပဲထိခိုက်မယ် ကိုယ်ကလည်း အထိခိုက်ခံနိုင်တယ်ဆိုရင် အဆင်ပြေတယ် ဆက်လုပ်ပဲ
ဒါပေမယ့် ငါလုပ်လိုက်တဲ့အကျိုးဆက်က
ငါ့မိသားစု ငါ့တန်ဖိုးထားရတဲ့ ရပ်၀န်း တစ်ခုခုကို ထိခိုက်လာမယ်ဆိုရင်တော့
ငါဆက်လုပ်ဖြစ်မှာမဟုတ်ဘူး 
မသိလို့မှားခဲ့တာမျိုးဆိုရင်တောင် ရပ်တန့်နိုင်အောင်ကြိုးစားမှာသိလား
ပြီးတော့ တူညီအမှားမျိုးကို ငါထပ်လုပ်မှာတော့မဟုတ်ဘူး

အခုထိတော့ စိတ်ကုန် စိတ်ပျက်တဲ့အဆင့်ထိမရောက်သေးဘူး ဒါပေမယ့် ငါ့ပျော်ရွှင်မှု့တွေ နည်းပါးလာပြီ

ငါ နောင်တမရချင်ဘူး

အချိန်တွေကို နောက်ဆုတ်ပြီး ဖြစ်ပျက်ခဲ့သမျှတွေ ပြောင်းပြန်လှန်ပစ် အစကနေ ပြန်စချင်တယ်ဆိုတဲ့ စိတ်ပျက်မှု့မျိုးတွေ
မလိုချင်ဘူး

တစ်ချိန်က ရွေးချယ်ခဲ့လမ်းကြောင့်
၀မ်းနည်းခဲ့ရတာတွေ အားငယ်ခဲ့ရတာတွေ  သိမ်ငယ်ခဲ့ရတာတွေ ပြီးတော့
အထီးကျန်ခြင်းဆိုတာတွေကိုလည်း တစ်ယောက်ထဲ ကြုံတွေ့ခဲ့ရ ခံစားခဲ့ရဖူးပြီ
အားလုံးရဲ့ စွန့်ပစ်ခြင်းကိုလည်း ခံခဲ့ရပြီးပြီ
အခုချိန်ထိလည်း စွန့်ပစ်ခံနေရတုန်းပဲ
ဒါပေမယ့် ငါမှားလျှောက်ခဲ့တဲ့လမ်းမို့
ငါ့မျက်ရည်တွေကိုပဲ ငါ့အားအင်အဖြစ်ယူပြီး ရှေ့ဆက်ခဲ့တာ

ငါဆုံးရှုံးခဲ့ရတာတွေမနည်းတာမို့ ကျေးဇူးပြီးငါ့ကိုနောင်တရစရာတွေမပေးပါနဲ့လား  ....

သူမဲ့ရင် ကိုယ်မဲ့ပြမယ်
သူပြုံးရင် ကိုယ်ပြုံးပြပြီး မှန်လိုပဲကျင့်မယ်ဆိုတဲ့ မာကျောကျောအတွေးတွေ ပေါ်လာအောင်မလုပ်ပါနဲ့လား .....


အငယ်Where stories live. Discover now