ကိုယ်တို့ကြားက သွေးအေးမှု့တွေ တိတ်ဆိတ်မှု့တွေ ဘယ်အချိန်မှာ စတင်ခဲ့ပါသလဲ
ကိုယ်တို့နှစ်ယောက်ကြားက နားလည်မှု့တွေ အပြန်အလှန် လေးစားတတ်ခြင်းတွေက ဘယ်ဆီကိုများ ရောက်သွားခဲ့တာလဲ
အနေတွေဝေးခဲ့ကြလို့လား
လိုက်လွန်းရင် ပြေးတတ်တယ်တဲ့
ကိုယ်ပဲ မင်းနောက် အရမ်းလိုက်ခဲ့မိလို့ မင်းပြေးထွက်ချင်ခဲ့တာလား
ကိုယ်ကြောင့်များ မင်းမွန်းကျပ်နေခဲ့တာလား
မင်းအတွက်ဖိအားတွေ ဖြစ်ခဲ့လေသလားကိုယ်တို့တွေ ချစ်ခဲ့ကြတာပဲမဟုတ်လား
ဘယ်သူ့မှမမြင်နိုင်တော့တဲ့အထိ မင်းမှမင်းမင်းကိုပဲမြင်ပြိး ချစ်ပေးခဲ့ပဲမဟုတ်လား
ကိုယ်ပေးခဲ့တဲ့အချစ်တွေက မလုံလောက်ခဲ့လို့လား ဒါမှမဟုတ် ကိုယ်အချစ်လွန်ပေးခဲ့မိတာလားဒီနှစ်မှာ မင်းပြောင်းလဲနေတာ မင်းကိုယ်မင်း မသိပေမယ့် မင်းအရင်လိုမဟုတ်တော့တာ ကိုယ်မြင်နေရတယ်အချစ်ရဲ့
ဒါတွေဟာ ကိုယ်တို့ဝေးကွာခဲ့တဲ့နှစ်တွေကြောင့်များလား ဒါမှမဟုတ် .......ပြောနေကျစကားပဲ ထပ်ပြောပါ့မယ်
တကယ်လို့များ
အင်း တကယ်လို့များပေါ့လေ မင်းနဲ့တည့်ကျမယ့်သူ မင်းကိုချစ်ပြီး မင်းကိုနားလည်ပေးနိုင်သူ နောက်တစ်ယောက်ရှိနေမယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပဲ ဖွင့်ပြောပေးပါ အသာတကြည်ပဲ လက်လွှတ်ပေးပါ့မယ်
မင်းရုန်းထွက်စရာမလိုအောင် ဘာတစ်ခုနဲ့မှ မချည်နှောင်ပဲ ကိုယ်က လက်လွှတ်ပေးပါ့မယ်
မင်းပင်ပန်းခဲ့သမျှတွေ မွန်းကျပ်ခဲ့သမျှတွေအတွက် ကိုယ်ကတောင်းပန်ပါတယ်
ဒါပေမယ့်လေ
ကိုယ့်မှာလည်း မင်းထက်မလျော့တဲ့
မွန်းကျပ်မှု့တွေ စိတ်ပင်ပန်းမှု့တွေ နာကျင်ရတာတွေက ဒုနဲ့ဒေးပါပဲ အချစ်ရေရန်တွေလည်းမဖြစ်ချင်တော့ဘူး
စကားတွေလည်းမများချင်တော့ဘူး
တစ်ခုခုဆိုရင် ကိုယ့်ကြောင့် ကိုယ့်အမှားဆိုတဲ့ အသံတွေလည်း မကြားချင်တော့ဘူး အဖုအထစ်တွေနဲ့လည်း ဖုန်းမပြောချင်တော့ဘူး
ဒီနေ့တော့ ကိုယ်တကယ်ပင်ပန်းနေပြီကွယ်
ကိုယ်တကယ်ပင်ပန်းလွန်းနေပြီ

YOU ARE READING
အငယ်
Fantasyဘာရယ်မဟုတ်ပါဘူး လိုအပ်လာရင် မွန်းကျပ်ခဲ့သမျှတွေကို အရည်ဖျော်ပစ်ဖို့အတွက်