အပိုင်း 30

33 5 1
                                        

ဟိန်းထွက်သွားဘက်ကို ခဏကြည့်ပြီ

"လိုရင် ကိစ္စကိုပြောပါ ......"

တည်ငြိမ်ပြီ လေးနက်စွာမေးလိုက်တယ်

"အင်းကောင်းပြီ လာရင်ကိစ္စက အန်ကယ်သားရဲ့ လက်ကိစ္စ"

"အဲ့ဒါကိစ္စဆို ကျနော်ဘယ်လို ကူညီရမလဲ အန်ကယ်တို့က ဥပဒေအရဖြေးရှင် ခြင်းတဲ့သူတွေမဟုတ်တဲ့အတွက် ကျနော်လက်ကိုပြန်ချိုးခြင်းတာလား .....  "

လိုရင်ကိုမေးလိုက်တဲ့ ဟိန်းကြောင့် အန်ကယ်ဖြစ်သူက ကြောင်နေရတယ်

'စကားပြောပုံက တစ်ယောက်ယောက်နဲ့တူသလိုဘဲ ငါဘာ်မှာတွေဘူးပါလဲ'

"ပြောဖို့ ခတ်နေလဲ ကိစ္စမရှိပါဘူး ကျနော်လက်ကို ပြန်ချိုးလဲ ကိစ္စမရှိပါဘူး ဘာလိုလဲဆိုတော့ ကျိုးပြီမို့ပါ ပြောရမယ်ဆို ကျနော်ငယ်ငယ်ကပေါ့ 3နှစ်လောက်ကပေါ့ တော်တော်တော့နာတယ် ဆေးရုံ2ပတ်လောက်တက်ခဲ့ရတယ် ........"

ဟိန်းရှေ့က အန်းကယ်ကတစ်ခုခုကို သိတဲ့အလား

"ကောင်လေးမင်း နာမည်ဘယ်လိုခေါ်လဲ "

"ကျနော် နာမည် ဟိန်းစိုးပါ ဦးဟိန်းကျော်ရဲ့သားပါ"

ဟိန်းမလိုအပ်ဘဲ သူအဖေနာမည်ကို မိတ်ဆက်မိတယ် ဘာလိုလဲမသိဘူး ဒီဦးလေးကြီးကိုသိသလိုဖြစ်နေတယ်

"ကောင်လေးမင်းက မင်းက ဟိန်းကျော်ရဲ့သား‌ ဟုတ်လား"

"ဟုတ်ပါတယ် "

"ဪ အဲ့ဒါကြောင့် အစကားပြောပုံကတစ်ထက်ထဲတူတာကို အမြဲလိုရင်ဘဲ သိခြင်းနေတာ........."

"ဖေဖေကို သိလို့လား ကျနော်လဲ အန်ကယ်ကို ရင်နီးနေသလိုဘဲ....."

"ဦးကိုမမှတ်ဘူးလား ဦးက‌ဦးကောင်းမြတ်လေ ဟား ဟား မတွေတာကြာပြီဆိုတော့ မေ့ပြီပေါ့ မင်းကိုတွေ့တုန်က မင်းကငယ်ငယ်လေးဘဲရှိသေးတာ ......."

"ဟုတ် ကျနော် မှတ်မိပါပြီ ဖေဖေ တာချီလိပ်မှာ ဦးတို့အိမ်မှာ ညညဆိုဝိုင်းဖွဲ့ပြီသောက်ကြတာ ဖေဖေကိုအမြဲခေါ်တဲ့ ဦးမှတ်လား......"

"အင်း ဟုတ်တယ် အဲ့ဒီတုန်ကဆို မင်းကမင်းအဖေကို အမြဲနဲနဲဘဲသောက်ဖို့တားနေတာ ဘာပါလဲ မှတ်မိပါတယ် ဪ တစ်ခွက်ဘဲသောက်အမြဲ သောက်လို့ပြောတာ မှ‌တ်မိပြီ "

Dark and Light Friendship (အလင်းနဲ့အမှောင်က အခင်ဆုံးသူငယ်ချင်းတွေပါ)Onde histórias criam vida. Descubra agora