အပိုင်း 50

20 3 1
                                    

"အင်း အိမ်သွားအရာအောင်"

"အိမ် အိမ် နားထောင်လို့ကောင်းလိုက်တာ" သား

သူတို့အတူတူအိမ်ထဲဝင်ကြတယ်

"မောင်ရယ် သိလား ဆုကမောင်နဲ့အတူတူ အိမ်ထဲဝင်ခြင်းတယ်ဆိုလို့ မတို့ဒီရက်ပိုင်း ဒန်နိုအိမ်မျာနေနေရတယ်"

"ဆုကတော့လေ အရင်နေနှင့်လဲရတာကို"

"မဟုတ်ဘူး ဆုက အလုံးအတူတူ အိမ်ကိုလာခြင်းတာ"

"ဟုတ်ပါပြီ ကိုကိုနဲ့ သားပင်ပန်လာတယ်"သား

"ရော ရေသောက်ကြ....."

ဟိန်းပြုံးလိုက်တယ် ဒါသူတောင်တာနေခဲ့တဲ့ ဘဝဘဲ

"ကိုကို ဘာဖြစ်တာလဲ...."

"ဟင့် ဘာလို့လဲ....."

တုန်နေတဲ့လက်ကိုပြလိုက်တယ် ဟိန်းလက်တွေတုန်နေတယ် ဒါသူရဲ့စိတ်အခြေအနေကြောင့်ပါ

"ဘာမှာမဟုတ်ပါဘူး ခရီးပန်လာလို့ ကိုယ်နားတော့မယ်"

ဟိန်း သူအခန်းထဲဝင်လိုက်တယ် သူအခန်းကိုပတ်မကြည့်နိုင်သေးဘူး စိတ်ကိုငြိမ်အောင်အရင်လုပ်လိုက်တယ်

"သား မောင်ဘာဖြစ်လာတာလဲ...."

"ဘာ ဘာမှာမဟုတ်ပါဘူး သားလဲသွားနားတော့မယ်"

"ခဏ သား ခဏလေ....."

ပြန်လှည့်မကြည့်ဘဲ အခန်းထဲကိုတန်းဒိုးတာဘဲ ဆုနဲ့မထက်က နဲနဲသဘောပေါက်တယ် ဟိန်းတစ်ခုခုဖြစ်နေတယ်ဆိုတာကို ဒါမဲ့ ဟိန်းမပြောခြင်းလို့မပြောတာလို့ သက်မှတ်လိုက်တယ် ညရောက်တော့ ဂျက်တို့ကိုပါအတူတူထမင်းခေါ်ကျွေးတယ် ဓာတ်ပုံတွေရိုက်ပြီ တင်တယ် သူတို့အိမ်သားတွေအကုန်သိအောင်လို့ ထမင်းစားရင်

"မောင် ဟိုမှာအဆင်းပြောရဲ့လား"

"အင်း ပြေပါတယ် ကိုကောင်း ကစိတ်ချရတယ်"

"အဲ့ဒါဆို ဘာလို...."

ဟိန်း စကားဖြတ်ပြောလိုက်တယ်

"ဆု ကိုယ်တို့ ကားလိုင်ဆင်သွားဖြေရအောင် မနက်ဖြန်ကျရင်"

"ဟုတ်ကိုကို"

"သားရော ဘာလုပ်ခြင်းလဲ....."

"သား ကားတို့ဆိုင်ကယ်တို့ ပြင်တဲ့သင်းတန်းတက်ခြင်းတယ် ကိုကို"

Dark and Light Friendship (အလင်းနဲ့အမှောင်က အခင်ဆုံးသူငယ်ချင်းတွေပါ)Kde žijí příběhy. Začni objevovat