အခန်း ၂၁။

5.2K 532 18
                                    

"တောပန်းကလေးများနှင့်လှချင်တိုင်းလှနေပါတယ် လမ်းကလေးကွေ့ကောက်ရာဘေးနှစ်ဖက်မှာ အဆင်းအတက်ခရီးဆက်လို့ဖြတ်ကျော်မြင်ကွင်းအရှေ့မှာ တောင်ပြာတန်းတွေစီးလို့ကာ"

ကားဘေးကနေဖြတ်သန်းသွားသည့် ကားကြီးကားငယ်အသွယ်သွယ်နှင့် ဘေးပတ်ဝန်းကျင်လမ်းဘေးဝဲယာက သဘာဝရဲ့အလှတရားတွေကို ငေးကြည့်နေမိသည်။ ဆိုင်ကယ်တွေနဲ့ဖြတ်သွားကြသောသူတွေကိုတွေ့တော့ ကျော့ထဲစိမ့်အောင်ပင်အေးသွားရသည်။ အေးခဲနေသည့် ဆောင်းရာသီမှာ ဘယ်လောက်ပဲအနွေးထည်ထူထူဝတ်ဝတ်၊ စောင်တပတ်တွေပဲပတ်ပတ် ဆိုင်ကယ်စီးရတာဟာ ဘယ်လောက်ထုံကျင်အေးစက်သည်ဆိုတာကို ကောင်ရေစာရင်းကောက်သွားသည့်အခါ ဆိုင်ကယ်စီးခြင်းက သက်သေပြနေသည်။

ကလေး- တီးတိန်လမ်းကလေးက အကွေ့အကောက်များသလို ချင်းတောင်တန်းတွေဘက်ကို ခရီးဆက်သည့်သူတွေကလည်းအရမ်းများသည်။ မနက်လေးနာရီခွဲလောက်ကတည်းက ကားလေးတွေအစီးပေါင်းများစွာထွက်သည်။ ယခုသူနှင့်အစ်မကလည်း ထိုလမ်းပေါ်ကိုရောက်နေတာဖြစ်ပြီး ကလေး- တီးတိန်လမ်းမှာတည်ရှိသည့် လေထန်ကုန်းကိုသွားတာဖြစ်သည်။

မနေ့ညကသူလုပ်ခဲ့သည့်ကိစ္စကြောင့် အစ်မကိုမျက်နှာချင်းဆိုင်ဖို့ရှက်ရွံ့နေမိသည်။ ထို့ကြောင့်ပင် အစ်မဘက်ကို မျက်နှာမလှည့်ရဲသလို ကားပြတင်းကနေ ဘေးဘက်ဝဲယာကိုသာငေးကြည့်နေမိသည်။ ငေးကြည့်ရလောက်အောင်လည်း ရှု့ခင်းတွေကတကယ်တန်သည်။ မနေ့ညကကိစ္စနှင့်ပက်သက်၍ စကားပြောကြမည်ဟု သူ့ဘက်ကပဲတောင်းဆိုလိုက်တော့ အစ်မကသူ့ကိုကြည့်ပြီး ခေါင်းညိမ့်ကာ
တောင်ဇလပ်တွေနဲ့ချယ်ရီတွေကြည့်ရအောင်ဆိုပြီး ခေါ်လာသည်။ ဒီနေ့တစ်ရက်လည်း နားကြတာမို့ အရက်နာကျနေသည့်အစ်မတွေနှင့် စိုးလေးမိုးလေးကတော့မထကြသေး။ သူကသာ စိတ်ပါလက်ပါနှင့်စောစောစီးစီးထကာ အစ်မကိုအေးအေးဆေးဆေးစကားပြောကြရအောင် တောင်းဆိုမိတာပင်။

ရာသီဥတုဟာ ချင်းပြည်နယ်အဝင်မှာပိုသိသာလာသည်။ အုံ့ဆိုင်းနေသည့်မြူထုဟာဆိုရင် တောင်တန်းတွေပတ်ပတ်လည်မှာရစ်သိုင်းလို့နေသလို ကားလမ်းမထက်မှာလည်း ခပ်ဝါးဝါး။ မြင့်မားပြီးတောင်အထပ်ထပ်နှင့်လှပလွန်းတာကတော့ သူ့ကိုပျော်ရွှင်စေသည်။ ချင်းတောင်ပြာတန်းတွေမှာ တောင်ဇလပ်တွေရဲရဲနီနေလောက်သည်၊ ချယ်ရီတွေလည်းဝေနေမှာသေချာသည်။

Let's get married!Where stories live. Discover now