အခန်း ၂၅။

5.4K 459 4
                                    

A/N- Extra မရသေးပါ၊ မရသေးပါ၊ ခဏခဏလာလာမေးကြလို့ မီလည်းအားနာပါတယ်။ စကားမစပ် မီရဲ့ အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေး စာအုပ်ထွက်ပြီနော်၊ ဝယ်ချင်သူတွေ မနက်ဖြန် ခုနှစ်နာရီမှာ Ukiyo book house မှာ preorder တင်လို့ရပါတယ်၊ ဝယ်ပေးစေချင်ပါတယ် စျေးလည်း ၈၂၀၀ ပဲမို့လို့တတ်နိုင်မယ်ထင်ပါတယ်၊ half prepaid လည်းရတာမို့ပါ၊ ပြီးတော့ ကိုယ်တကယ်ကြိုးစားပြီး ခံစားချက်များစွာနဲ့ရေးထားတာဖြစ်လို့ဝယ်ပေးရင်တကယ်ပျော်မိမှာပါ၊
ကျေးဇူးတင်ပါတယ်။

----------------

ကျွန်မအိပ်ရာနိုးလာတော့ ဆောင်းရာသီရဲ့အအေးဓာတ်ကခါတိုင်းထက်ကိုနွေးထွေးနေသည်ဟုထင်ရသည်။ ရင်ခွင်ထဲက နွေးထွေးစေသည့်လူသားကလေးကတော့ ယခုထက်ထိအိပ်ရာကမနိုးသေး။ မနေ့ညကသောက်လိုက်သည့်အရှိန်တွေကြောင့် တော်တော်လေးလည်းခေါင်းကိုက်လောက်မှာသေချာသည်။ ကျွန်မလို သောက်နိုင်သည့်သူတောင်မှ တော်တော်လေးမူးသလိုခံစားရသည်မဟုတ်ပါလား။ နဂိုကတည်းက alcohol ပါသည့်အရာတွေကိုသောက်နိုင်သလို သိပ်မမူးတတ်ဘူးဆိုပေမဲ့ မနေ့ညကတော့ ခေါင်ရည်၊ ဝိုင်နှင့်ဘီယာသုံးမျိုးပေါင်းဟာတော်တော်လေး ခံရခက်စေပါသည်။

ကုတင်ကျဉ်းကျဉ်းလေးဖြစ်သလို ကျွန်မကအရပ်ရှည်တာကြောင့် ကုတင်နှင့်တောင့်သိပ်မဆန့်ချင်။ ဆုဆုကတော့ခပ်သေးသေးဆိုတော့ ထောင့်နေရာလေးမှာတင်မလှုပ်မယှက်ငြိမ်ငြိမ်လေးအိပ်နိုင်သည်။ ဆောင်းရာသီမှာနေပွင့်တာနောက်ကျသည့်အပြင် တိုက်ကလည်းအလုံဆိုတော့
အခန်းထဲကိုဘာအလင်းရောင်မှမရောက်သေး။ သို့သော်လည်းမှောင်မဲနေသည်မဟုတ်ဘဲ နည်းနည်းတော့မြင်ရသလို အမှောင်နှင့်ကျင့်သားရနေသောမျက်လုံးတွေက ရင်ခွင်ကလူသားကလေးဆီရောက်သွားသည်။ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေသည်။

ယနေ့ဟာပြက္ခဒိန်ရက်စွဲတွေအရ နှစ်သစ်ကူးသောနေ့တစ်နေ့။ နှစ်သစ်မှာ ကျွန်မအတွက်လက်ဆောင်လှလှလေးနှင့်အတူနှစ်သစ်ကူးကြသည်။ နောင်နှစ်သစ်တွေမှာလည်း ဒီလိုပဲဖြစ်ချင်သည်။ တစ်ခါတစ်လေကြတော့ ကံတရားက လက်ဆောင်လှလှလေးတွေပေးတတ်သည်။ ထိုအရာကို ကိုယ့်ဘက်ကဆုပ်ကိုင်ထားနိုင်ဖို့ပဲလိုသည်။

Let's get married!Où les histoires vivent. Découvrez maintenant