Chapter 29

10.2K 1.4K 20
                                    

  ဆေးသွင်းပြီးနောက် ရုန်ရှူရဲ့ မျက်နှာ အရောက သိသိသာသာ ကောင်းမွန်လာသည်။ သူက အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားကာ ပြတင်းပေါက်ကို အေးစက်စွာ ကြည့်နေခဲ့သည်။ ချီဟန်ပေါ်လာတဲ့ အခါ၌ သူ့ရဲ့ အမူအရာက အနည်းငယ် ပျော့ပျောင်းလာသည်။

"ဆေးရုံဆင်းလို့ ရပြီ၊ သွားကြရအောင်၊ ဒါဆို အိမ်ပြန်ကြတော့မလား?"

ချီဟန် ရုန်ရှူရဲ့ wheelchairကို ကုတင်ဘေးသို့ တွန်းပေးပြီး သူ့ကို ကုတင်ပေါ်က ဆင်းလို့ ရအောင် ကူညီပေးလိုက်သည်။

ရုန်ရှူ ကုတင်ပေါ်မှ ထကာ အကြိမ် ၁၀၀၀ကျော်လောက် လုပ်ခဲ့ဘူးတဲ့ လှုပ်ရှားမှုနဲ့ သပ်သပ်ရပ်ရပ် ထထိုင်လိုက်သည်။

ချီဟန်ရဲ့ မျက်လုံးတွေ နက်ရှိုင်းသွားကာ ရုန်ရှူဟာ အိမ်မှာ အရာအားလုံး ကို တစ်ယောက်တည်း လုပ်နေခဲ့ရတာ သူ သိလိုက်သည်။ မဟုတ်ရင် သူ ဒီလောက် ကျွမ်းကျင်နေလိမ့်မည် မဟုတ်ပေ။

ကားပေါ်မှ ဆင်းပြီးနောက် အိမ်တော်ထိန်း က ရုန်ရှူ ကို ဗီလာထဲသို့ တွန်းသွားတော့မယ့် အချိန် ချီဟန် က သူ့လက်ကို လွှတ်ခိုင်းလိုက်ပြီး ထိုလူကို တွန်းလိုက်သည်။

အိမ်တော်ထိန်း က ထိုနေရာတွင် ကြောင်တောင်တောင်နဲ့ ရပ်နေကာ သူ့မျက်နှာ ခဏလောက် ပြောင်းလဲသွားပြီး ရှက်ရွံ့စွာနဲ့ လိုက်လာသည်။

မနေ့ညက အလျင်စလိုဖြစ်ပြီး ဧည့်ခန်ထဲးမှ မီးတွေ အချိန်မီ မဖွင့်နိုင်ခဲ့အေ။နံရံနဲ့ ဆန့်ကျင်ဘက်ရှိ ဒုတိယထပ်ကို တက်တဲ့ လှေကားရဲ့ အစိတ်အပိုင်း က ကျဉ်းမြောင်းလွန်ပြီးး wheelchair တစ်ခု သွားလို့ ရရုံသာ ရှိတာ အခုမှ သိလိုက်ရသည်။ 

 "ကျန်တာကို ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်။ သခင်လေး ချီ ပင်ပန်းသွားလောက်ပြီ၊ အိမ်ပြန်ပြီး အနားယူလိုက်ပါ၊ အပြင်မှာ မှောင်နေပြီ"

အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ချီဟန်ရဲ့ တစ်ခုတည်းသော စိတ်ရှည်မှုကို ရုန်ရှူအား ပေးခဲ့ပြီး ဖြစ်သဖြင့် အခုချိန်မှာတော့ ဘယ်သူ့ကိုမှ စကား ကောင်းကောင်း မပြောနိုင်တော့ချေ။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now