Chapter 45

9.7K 1.3K 24
                                    

"ချီဟန်၊ မင်း ရောက်လာပြီလား?"

ဖန်းကျင်းလော် သူ့လက်တွင် ပတ်ထားတဲ့ လက်ပတ်ကြိုးကို ထိလိုက်ကာ သူ့မျက်လုံးတွေက အရမ်း ခက်ထန်နေသည်။

ချီဟန်ရဲ့ မျက်နှာ အမူအရာ က အေးစက်နေပြီး စကား ပြန်မပြောပေ။

 မကြာသေးခင်က ဖန်းကျင်းလော် ဘာထဖောက်တာလဲ သူ မသိပေမယ့် သူ့ကို ဂရုမစိုက်ဘဲ ငြိမ်နေခဲ့သည်။

'ခေါင်းကို ထု​ပေးဖို့ တူတစ်ချောင်း လိုနေတာလား?'

တုံ့ပြန်မှု မရတော့ ဖန်းကျင်းလော်ရဲ့ အကြည့်တွေ က ပိုတင်းမာလာပြီး ရှေ့သို့ အနည်းငယ် တိုးကာ မျက်လွှာချ၍ အရမ်း ရင်းနှီးတဲ့ လေသံဖြင့် တိုးတိုးပြောလာသည်။

 "မင်း ဘာလို့ ဒီဒုက္ခိတနဲ့ အတူတူ ရှိနေပြန်တာလဲ? ညစ်ပတ်တယ်လို့ မင်း မထင်ဘူးလား?"

သူက ပြောနေချိန်မှာ ရုန်ရှူ တစ်ချက်လေးတောင် မကြည့်ဘဲ မောက်မာ‌စွာ ပြောလိုက်သည်။

ချီဟန် : "..."

'အရူး၊ ခွေးကတောင် မင်းလောက် အရှက်မမဲ့ဘူး!'

ချီဟန် ထိုင်ချလိုက်ပြီး ရုန်ရှူကို ဘေးတိုက်ကြည့်ရင်း သူ့မျက်လုံးတွေ က သံသယတွေ ပြည့်နှက်နေသည်။

"အာ.. ရုန်ရှူ၊ ငါ အခု ခွေးဟောင်သံ ကြားလိုက်သလိုပဲ၊ ဖန်းအိမ်တော်ရဲ့ ရှေးဟောင်းလမ်းမှာ ခွေးတွေ ဘယ်လိုလုပ် ရှိနေနိုင်တာတုန်း?" 

ရုန်ရှူရဲ့ မျက်လုံးတွေ က ခဏလောက် ပြုံးသွားပြီး ချီဟန်ရဲ့ လိမ္မာပါးနပ်တဲ့ အကြည့်ကို မြင်လိုက်ရတော့ သူ့စိတ်ထဲရှိ စိတ်ဓာတ်ကျနေတာတွေ ပျောက်ကွယ်သွားသည်။

ရုန်ရှူ သူ့ရဲ့ဆံပင်ကို ညှပ်ပြီးကတည်းက သူ့ရဲ့ ပြောင်မြောက်လှတဲ့ အသွင်အပြင် က သူ သွားလေရာ၌ လူအများရဲ့ အာရုံကို ဆွဲဆောင်ခဲ့ပြီး အခုအချိန်မှာတော့ လူအများစုရဲ့ အာရုံစိုက်မှုကို ခံခဲ့ရသည်။

"အဲ့ဒါက မတော်တဆ အထဲ ရောက်လာတဲ့ ခွေးရိုင်း ဖြစ်နိုင်မလား?" 

ရုန်ရှူ သူ့ရဲ့ မေးစေ့ကို လှပစွာ မြှောက်လိုက်ပြီး သူ့ရဲ့ လက်ချောင်းထိပ်လေး က ချီဟန်ရဲ့ နားရွက်လေးကို ညင်သာစွာ ပွတ်လိုက်သည်။ သူက ဝှီးချဲလ်မှာ ထိုင်နေရရင်တောင် သူ့ရဲ့ အရှိန်အဝါက သူ့အရှေ့မှာ ရပ်နေတဲ့ ဖန်းကျင်းလော်ထက် ပိုပြင်းထန်နေသည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now