Chapter 79

6.4K 875 6
                                    

နောက်တစ်နေ့၌

ဆရာဝန်က မနေ့ညက စစ်ဆေးလို့ ရတဲ့ ရလဒ်တွေအပေါ် မူတည်ပြီး အစီအစဉ်ကို ပြုပြင်ပြောင်းလဲပေးခဲ့သည်။ ၁၀နာရီလောက်မှာ လေ့ကျင့်ရေး အခန်းကို သွားနိုင်တယ်လို့ ရုန်ရှူ ကို အကြောင်းကြားခဲ့သည်။

မနေ့ညက အိပ်တာ နောက်ကျနေပြီ ဖြစ်လို့ လက်ထောက်က တံခါးလာခေါက်တဲ့ အချိန် ချီဟန် မနိုးသေး‌ပေ။

ရုန်ရှူကတော့ နိုးနေတာ ကြာပြီ ဖြစ်သည်။ သူ့လက်မောင်းပေါ် က ချီဟန်ကို ဖြေးဖြေးလေး ရွှေ့လိုက်ပြီး တိတ်တိတ်လေး အခန်းထဲက ထွက်သွားလိုက်သည်။

"မင်း ဒီမှာ စောင့်နေပေးလိုက်၊ ချီဟန် နိုးလာရင် မနက်စာ လာပို့ပေးလိုက်ပါ" 

ရုန်ရှူ က လျော့နေတဲ့ ကြိုးကို ညှိလိုက်ပြီး "သူ စားပြီးရင် ငါ့ဆီ လာခဲ့ဦး" လို့ တိုးတိုးလေး ပြောလိုက်သည်။

လက်ထောက် က ခေါင်းညိတ်လိုက်ပြီး အရေးကြီးတဲ့ လက္ခဏာတွေ ကို သိနိုင်တဲ့ လက်ပတ်ကို ရုန်ရှူ ဝတ်ဖို့ ပေးလိုက်သည်။

ရုန်ရှူ မျက်နှာပြင်ကို ချိန်ညှိလိုက်ပြီး လက်ထောက်ကို ငုံ့ကြည့်ကာ

"အဲဒါ့အပြင် မပြောသင့်တာ ကို ဘာဆို ဘာမှ မပြောနဲ့"

ထိုအကြည့်ကြောင့် လက်ထောက်ရဲ့ ဦးရေပြား ထုံကျင်သွားပြီး လျှင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။

သူ့ရဲ့ ဘော့စ် က စိတ်ထားပြည့်ဝသူ ဖြစ်ပြီး သူက စားလိုက် သောက်လိုက်ဖြင့် ဖြစ်နေသော ဆင်းရဲနွမ်းပါးတဲ့ ရွှေ့ပြောင်း အလုပ်သမား တစ်ယောက် ကို ဆောင်းဦး၌ လာရှာကာ အလုပ်ခန့်ခဲ့သူ ဖြစ်သည်။

ရုန်ရှူ က ခဏရပ်ပြီး ဆက်ပြောခဲ့သည်။

"ဒီနှစ် တရုတ် နှစ်သစ်ကူးမှာ အချိန်ပို ဆင်းခဲ့ရလို့ လကုန်မှာ မင်းကို ဘောနပ်စ် နှစ်ဆပေးမယ်"

လက်ထောက် က ချက်ချင်း ထရပ်လိုက်သည်၊ ခါးနဲ့ ခြေထောက်တွေ မနာတော့ဘဲ၊ "ကျေးဇူးတင်ပါတယ် ဘော့စ်" ဆိုတဲ့ စကားလုံး လေးလုံး ကို မျက်နှာပေါ်မှာ ရေးထိုးထားသည်။

...

ချီဟန်သည် ၁၁နာရီ ထိုးသည်အထိ အိပ်မောကျနေခဲ့ကာ သက်တောင့်သက်သာနဲ့ အကြောဆန့်လိုက်ပြီး ခေါင်းအုံးပေါ်ကို ပါးနဲ့ ပွတ်လိုက်တော့ သူ့နှာသီးဖျားတွင် ရုန်ရှူရဲ့ အနံ့နဲ့ ပြည့်နေခဲ့သည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Dove le storie prendono vita. Scoprilo ora