Chapter 62

7.6K 1.2K 20
                                    

ရာသီဥတုက နည်းနည်း ပိုအေးလာပြီး နှင်းတွေ ထူထပ်စွာ ကျလာကာ ကမ္ဘာကြီးက တစ်ညတည်းနဲ့ ဖြူဖွေးသွားသည်။

ချီဟန် နောက်ဆုံးတော့ ဗီလာကနေ ပြောင်းသွားသည်။

သီးသန့် အကြောင်းပြချက်တော့ မရှိပေ။ နေရာတိုင်းမှာ ရုန်ရှူရဲ့ အရိပ်ယောင်တွေ ရှိနေပြီး သူ တစ်ယောက်တည်း ကြာကြာ နေလေ သူ့ရဲ့ နှလုံးသားက ပိုပြီး ဗလာဖြစ်လာလေ ဖြစ်သည်။

ရုန်ရှူ ထွက်သွားပြီးကတည်းက ချီဟန်ဟာ စာလေ့လာတဲ့ ‌နေရာမှာ လုံးဝ မြှုပ်နှံထားခဲ့သည်။ နေ့တိုင်း သူက စာသင်ခန်းထဲသို့ ပထမဆုံး ဝင်လာတဲ့သူ ဖြစ်ပြီး နောက်ဆုံးမှ ထွက်တဲ့သူ ဖြစ်သည်။ 

အတန်းပိုင် ဆရာမက စိတ်သက်သာရာရစွာနဲ့ အတန်းထဲက တခြား ကျောင်းသားတွေကို လှည့်ပြီး ပြောလိုက်သည်။

'ပထမနေရာမှာ ရှိနေဖို့ ဘယ်လောက်ခက်လဲ ကြည့်လိုက်ဦး'

'လေ့လာပါ၊ သင်ယူပါ'

ကန်းရွှယ် က စိုးရိမ်တကြီးဖြင့် ချီဟန် ကို ပြန်လှည့်ကြည့်လိုက်သည်။

ရုန်ရှူ က ရုတ်တရက်ကြီး ထွက်သွားသည်။ ကျောင်းအုပ် ဆရာမကြီး က ရုတ်တရက် ရောက်လာပြီး ရုပ်ပိုင်းဆိုင်ရာ အကြောင်းပြချက်ကြောင့် ရုန်ရှူ ကျောင်းနားသွားကြောင်း ကြေညာတာ ကို သူမ သတိရမိသည်။ အတန်းထဲ၌ ခဏလောက် တိတ်ဆိတ်သွားပြီး လူတိုင်းက မယုံနိုင်ဖြစ်ကာ အချိန် အတော်ကြာပြီးနောက် လက်ခံလိုက်ကြသည်။

ရုန်ရှူ ကျောင်းနားသွားတာက လူတိုင်း အတွက် ခဏနေ ပျောက်ကွယ်သွားတဲ့ ရေလှိုင်းငယ် တစ်ခုမျှသာဖြစ်သည်။

ဒါပေမယ့် ချီဟန်အတွက် က...

ကန်းရွှယ် နှုတ်ခမ်း ကိုက်ပြီး သက်ပြင်းချလိုက်သည်။

ချီဟန် က ရုန်ရှူရဲ့ စားပွဲခုံကို မနက်တိုင်း သန့်ရှင်းရေး လုပ်ပေးပြီး စားပွဲပိုင်ရှင်က မထွက်သွားသေးဘဲ ဒီနေ့ကျောင်း နောက်ကျနေသကဲ့သို့ ထိုင်ခုံကို ရွှေ့ထားပေးလိုက်သည်။

ပထမအချိန်၊ နောက် အတန်းချိန် မတိုင်ခင် ဒါမှမဟုတ် ပြီးသွားရင် ပြန်လာမှာလို စောင့်နေခဲ့သည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now