"မျှော် "
စောင့်မျှော်ခြင်းမဟုတ်တဲ့
မျှော်လင့်ခြင်းနဲ့
မျှော်နေမိတဲ့ ကြယ်လေး
ပုံဖော်လို့မရ
ကြယ်ဟုသာသိခဲ့ရတယ်
မှောင်မိုက်နေတဲ့လမ်းသွယ်သွယ်မှာ
သက်ပြင်းချသံသဲ့သဲ့တွေနဲ့
နွံထဲကငါခြေထောက်ကိုရုန်းလိုက်တယ်
ယိုင်နဲ့နဲ့ ဒဏ်ရာဗရပွနဲ့ငါ
မမြင်အောင်အနက်ရောင်ခြုံလွှာကိုလွှမ်းလိုက်တယ်
အေးခဲနေတဲ့နှလုံးသားကိုလက်မှာကိုင်
ခပ်မဲ့မဲ့ပြုံးရင်း တစ်လှမ်းချင်းလျှောက်တယ်
မရိပ်မိအောင် အရူးလိုကခုန်ရင်း
ဟားတိုက်ရယ်ခဲ့တယ်
ငါမျိုချထားတဲ့စကားလုံးတွေကို
ရှေ့မှာ အန်ချပြနိုင်မယ့်ကြယ်လေး
ငါ မျှော်ပါတယ်.....။#KimEnola
28 December 2022"သူ"
ကော်ဖီပူပူကို တစ်ငုံသောက်ရင်း
သက်မတစ်ချက်ချလိုက်တယ်
လမ်းမှောင်မှောင်မှာ
လရောင်ကိုမော့မကြည့်ရဲလို့
ငါခေါင်းငုံ့လမ်းလျှောက်ခဲ့တယ်
ငါ မြင်ရတာအမှောင်ထု
လရောင်ကို ကြည့်သင့်တယ်ဆိုတာသိပေမယ့်
ပျောက်ကွယ်သွားမှာစိုးလွန်းလို့
ထင်ယောင်ထင်မှားသာဖြစ်မှာစိုးလွန်းလို့
အိပ်မက်ဆိုးတွေကိုအံတု ငါခေါင်းငုံ့ခဲ့တယ်
မျိုချထားတဲ့ စကားလုံးတွေ
တစ်ချိန်ချိန်မှာတော့
ဒဏ်ရာဗရပွနဲ့ငါ့ကို
ထွေးပွေ့ထားမယ့်သူ
ငါ့စကားသံတွေကို
မငြိုငြင်မယ့်သူ
သူ့ရင်ခွင်မှာငါပြိုလဲချင်မိတယ်....#KimEnola
28 December 2022
YOU ARE READING
𝑅𝑎𝑛𝑑𝑜𝑚 𝑃𝑜𝑒𝑚𝑠
Poetryစိတ်ကူးရရင်ရေးဖြစ်နေတဲ့ကဗျာလေးတွေကို အမှတ်တရဖြစ်စေချင်လို့ပါ အလွတ်တမ်းကဗျာဖြစ်ပါတယ်ရှင့်