"မင်းနဲ့စကားပြောတဲ့အခါ
နှလုံးရပ်မတတ် ဖြစ်သွားတယ်မင်းပစ်ထားရင်
တိတ်တိတ်လေးငိုရတယ်စာတိုလေးပဲပြန်ရင်တောင်
ငါမှာထခုန်မတတ်ပျော်လို့လက်လွှတ်ချင်ရင်တောင်
လွှတ်ချလို့မရတဲ့ကြိုးတစ်ချောင်း
ငါ့မှာရှိတယ်အမှန်တရားကိုငြင်းဆန်ရင်း
ငါရှေ့ဆက်တိုးတယ်မီးပုံဖြစ်နေတော့
ငါ့နှလုံးသားကလောင်ကျွမ်းသွားတာပေါ့.."#KimEnola
21 Jan 2023"ခဏလောက်လေးပဲဖြစ်ဖြစ်
လိမ်ညာပြီးပဲဖြစ်ဖြစ်
အဖြူထည်ပဲဖြစ်နေပါစေ
မုန်းချင်မုန်းပါစေချစ်တယ်လို့
ပြောပေးလို့မရဘူးလားငါမင်းနားမှာအမြဲရှိနေမယ်လို့
ပြောပေးလို့မရဘူးလားရင်ထဲမှာ မြိုချထားတဲ့စကားတွေကို
ဂရုမထားဘဲဒီအတိုင်းလေး
ငြိမ်ပြီးနားထောင်နေဟန်ဆောင်ပေးလို့မရဘူးလားအချိန်တစ်စက္ကန့်လေးပဲဖြစ်ရင်တောင်
ချစ်တယ်လို့ပြောပြီး
ရူးမတတ်ဖြစ်နေတဲ့ငါ့ကို
မုန်းသွားအောင် လုပ်ပေးစမ်းပါမင်းကိုချစ်နေရတာထက်
မုန်းသွားရင်
ပိုပြီးအသက်ရှူချောင်မယ်ထင်လို့...."21 Jan 2023
#KimEnola"ငါ့လည်မြိုမှာ တစ်ဆို့နေတဲ့
အဲ့ဒီစကားက
မင်းအတွက်ပါ အချစ်ရယ်
သို့ပေမယ့် ဖွင့်ပြောဖို့သတ္တိလည်းမရှိခဲ့သလို
မှန်တစ်ချပ်မဟုတ်တဲ့ နံရံရှေ့မှာ
ငါပြောလို့ရော
မင်းခံစားတတ်မှာ မလို့လား ချစ်ရသူ..."#KimEnola
21 Jan 2023"အလုပ်တွေအရမ်းရှုပ်နေအောင်
ကိုယ့်ကိုယ်ကိုယ်ထားလည်း
မင်းကိုတမ်းတပြီးလွမ်းနေတယ်တစ်စ တစ်စ ဝေးသွားမလား
တဖြည်းဖြည်းနီးလာမလားငါ့ဘက်ကအတင်းလိုက်မဆွဲချင်ခဲ့ဘူး
သို့တည်းမဟုတ်...
ငါလွှတ်လို့လည်းမရခဲ့ဘူး"#KimEnola
21Jan 2023"မင်း နဲ့ကံကြမ္မာက ဇာတ်ခုံပေါ်မှာ
ခန့်ခန့်ကြီး ထိုင်နေပြီး သနားစရာ သူလို
သွေး တွေနဲ့ငါ့ကိုကြည့်နေတဲ့အချိန်
မော့ကြည့်လိုက်တဲ့
ငါ့မျက်လုံးတွေကပြောတယ်
မင်းကို ချစ်တယ်တဲ့...."#KimEnola
21Jan 2023(စာကြွင်း- အပေါ်ကဗျာတွေက အဆွေးVibe ကိုအသားပေးကဗျာတွေပါ သာသာ ကဗျာစပ်နည်းသင်ဖူးပေမယ့် အလွတ်တမ်းကဗျာပါနော်
Last but not least သာသာ က စာရေးရင် နှလုံးသားသတ်သတ် အပြင်လောကက နှလုံးသားကသတ်သတ်မလို့ စိတ်မပူကြပါနဲ့ဦးလို့ ခင်ဗျားလေးတို့ သာသာက ပေါတောတောလေး ...😝BTW-ဒီထဲက စာသားတွေထဲမှာ ချစ်ရသူ, အချစ် ဆိုတဲ့နာမ်စားပိုင်ရှင်ကို သေချာလေးဖော်ပြထားတယ် ရှာကြည့်ကြပါ hee" )
![](https://img.wattpad.com/cover/330425874-288-k194358.jpg)
YOU ARE READING
𝑅𝑎𝑛𝑑𝑜𝑚 𝑃𝑜𝑒𝑚𝑠
Poetryစိတ်ကူးရရင်ရေးဖြစ်နေတဲ့ကဗျာလေးတွေကို အမှတ်တရဖြစ်စေချင်လို့ပါ အလွတ်တမ်းကဗျာဖြစ်ပါတယ်ရှင့်