Coffee

10 1 5
                                    

မင်းကို မုန်းတယ်
အ​ရေးမပါတဲ့သူတစ်​ယောက်လို
ငါ့ကိုဆက်ဆံတဲ့
မင်းကို မုန်းတယ်

မင်းအပြုံး​တွေ

အသံချိုချို Voive Message ​တွေ 

မင်းသုံး​နေကြ meme ပုံ ​လေး​တွေ

​ပထမတစ်ကြိမ်
လွတ်ထွက်သွားမယ့် ကြိုး​လေးကို
ငါအနာခံဖမ်းဆွဲခဲ့တယ်

ဒုတိယတစ်ကြိမ်
ငါ မလွှတ်တမ်းဆွဲထားဆဲပဲ

ငါ့ကို​ပေါ်​ပေါ်တင်တင်ဥ​ပေက္ခာပြုထားရဲတဲဲ့မင်း

​ဝေဝါး​အေးစက်သွားတဲ့ ငါတို့ Chat ​လေးထဲမှာ

​သေချာတာက​တော့
ဒီတစ်ကြိမ်   ငါ့ကို မင်းပြန်မရ​တော့ဘူး

ညတိုင်း​သောက်တတ်တဲ့ ​ကော်ဖီဟာ မချို​တော့ဘူး
ချို​အောင်လည်း  ငါ မကြိုးစား​တော့ဘူး

သို့​ပေမယ့် လျှာဖျားမှာစွဲ​နေတဲ့ ​ကော်ဖီချိုချိုကို​တော့
ငါ လွမ်း​တယ်
လွမ်း​နေပါတယ် ချစ်ရသူ...

#KimEnola

သွားတန်း​လေး​တွေ​ပေါ်​အောင်
ရယ်ရယ်​မော​မော
ပြုံးပြတတ်တဲ့ငါ နဲ့

နှုတ်ခမ်းတင်းတင်း​စေ့ပြီး
ပြုံးပြတတ်တဲ့ငါ

စကား​တွေ​ဖောင်ဖွဲ့  ​​ရောက်တတ်ရာရာ
စ​နောက်ပြီး ​ပြောပြတတ်တဲ့ငါ နဲ့

တစ်ခွန်းဆိုတစ်ခွန်းပြတ်ပြတ်သားသား​
​အေး​​အေး​ဆေး​ဆေး​ပြောပြလိုက်တဲ့ငါ

သတိထားမိမှာမဟုတ်တဲ့ ကွာခြားမှု​တွေကို
ငါ​ထောက်ပြလိုက်တယ် ချစ်ရသူ..

မင်း နားလည်သွားတဲ့အခါ
​သေချာ​ပေါက်ငါ့ကိုလွမ်းမ​နေပါနဲ့

ငှက်ဆိုတာ ပျံသန်းထွက်ခွာသွားရင်
​နောက်တစ်ကြိမ် မင်းပုခုံး​ပေါ်လာနားဖို့ဆိုတာ

မင်း​တွေးကြည့်​ပေါ့......

#KimEnola

မင်း​ရဲ့အရိပ်လိုမျိုး
မင်း​ရှိတဲ့​နေရာမှာ​နေချင်တယ်

မင်းနဲ့​နေ့တိုင်း​တွေ့ချင်တယ်

ငါ့အတွက်မဟုတ်တဲ့
မင်းအသံ​လေးကြားချင်တယ်

မင်းဟာသ​တွေကို ရယ်​မောချင်တယ်

တစ်ဖက်မှာ​တော့
ငါမရှိတဲ့ရပ်မှာ ​ပျော်​နေတဲ့မင်းဆီ

ဆွဲငင်နေတဲ့ငါ့နှလုံးသားကို

ငါ့​ခြေ​ဖဝါးကတားတယ်

ငါ့ဦး​နှောက်ကတားတယ်

ငါ့မျက်ရည်​တွေကတားတယ်

ငါ့နှုတ်ခမ်းက​ပြောတယ်

"သူ​သိပ်ပျော်​နေတာ ဘာလို့ ဖျက်ဆီးရမှာလဲ "တဲ့...

#KimEnola

ငါမရှိတဲ့အရပ်မှာ​ပျော်​နေတဲ့

မင်းသတင်းငါကြားတယ် ချစ်ရသူ

နှုတ်ခမ်းထက်က အပြုံး​ရဲ့​နောက်မှာ

မျက်​တောင်နှစ်ချက် စိုစွတ်စွာ ပုတ်ခတ်သွားတယ်​

#KimEnola


(Recommend Song-Hurt)

You've reached the end of published parts.

⏰ Last updated: Jan 30, 2023 ⏰

Add this story to your Library to get notified about new parts!

𝑅𝑎𝑛𝑑𝑜𝑚 𝑃𝑜𝑒𝑚𝑠Where stories live. Discover now