သူ

15 2 8
                                    

"သူ"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"သူ"

သူငယ်ချင်းလည်းမဟုတ်
မိတ်​​ဆွေအဆင့်သာရှိ​သေး​လို့
သက်ပြင်း​တွေအလီလီချဖူးတယ်

ပြန်​ချော့မှာမဟုတ်ဘူးဆိုတာသိလည်း
တစ်​ယောက်တည်း
ရူးရူးမိုက်မိုက် စိတ်ကောက်ဖူးတယ်

အဲ့ဒီလိုပဲ မင်းရဲ့ Reply ​လေး​တွေကြည့်ပြီးလည်း
အရူးလိုပြုံး​နေခဲ့ဖူးတယ်

မင်းအပြုံး​တွေကိုမြင်တိုင်း
လူမသိ​အောင် Screen ​လေးကိုခိုးနမ်းဖူးတယ်

ငါ့အတွက်မဟုတ်တဲ့
Voice Meessage​တွေကလည်း
ငါ့မျက်ရည်​တွေသုတ်​ပေးဖူးတယ်

မင်းမရိပ်မိ​အောင်
​အေးစက်စက် Reply​​တွေကိုပြန်မိရင်း
မင်းစိတ်ပျက်သွားမလား ​
တစ်ညလုံး​တွေး​နေဖူးတယ်

Morning, Good night
မ၀ံ့မရဲ နှုတ်ဆက်ဖူးတယ်

နေ့စဥ်ဘဝမှာ ငါ ရှိ​နေလားဆိုတာ​တောင်မသိဘဲ
စိတ်ကူး​တွေယဥ်ကြည့်ဖူးတယ်

မင်းရှိရာအရပ်ကို
ကြိုးကြိုးစားစားလာခဲ့​ပေမယ့်
ငှက်က​လေးကပျံသွား​တော့မတဲ့
ဘယ်သူမှမသိ​အောင်
တိတ်တိတ်​​​လေး
ငိုလည်းငိုဖူးခဲ့ပါတယ်.....။

#KimEnola
29 December 2022

"One sided"

လမင်း​ရေ...
မင်း​ဘေးနားမှာရံ​နေတဲ့ကြယ်​တွေထဲက
သာမန်ကြယ်​လေးမို့
၁ရာခိုင်နှုန်း​လောက်ပဲ သတိထားမိပါ​စေ
ငါ့အချစ်က ၁၀၀ရာခိုင်နှုန်းမလို့
ထပ်​​ပေါင်းဖြည့်ပြီး
၁၀၁ရာခိုင်နှုန်းအပြည့်
မင်းကိုသ​ဘောကျတယ်...။

#KimEnola
29 December 2022

"အလိုရှိသည်"

​အကြိမ်ကြိမ်လဲကျခဲ့ပြီးပြီမလို့​
နောက်တစ်ကြိမ်ထပ်လဲကျမှာ
​သေမ​လောက်​ကြောက်​နေတဲ့ငါ့ကို
ဖမ်းဆွဲထားမယ့်လက်တစ်စုံ
လူမသိ​အောင် အလိုရှိတယ်....။

#KimEnola
29 December 2022

#KimEnola29 December 2022

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


𝑅𝑎𝑛𝑑𝑜𝑚 𝑃𝑜𝑒𝑚𝑠Where stories live. Discover now