လောကကြီးကမျက်နှာလိုက်သည်လော..
သူက်ပဲအတိတ်ကံတွေမကောင်းခဲ့သည်လော...
အညွန့်တလူလူနဲ့လှလှပပ အဖူးအငုံတွေကြား သူ့တစ်ယောက်တည်းညိုးညိုးငယ်ငယ်ရယ်။"တီ..တီ...တီ"
ဒီအခန်းကျဉ်းလေးထဲအိပ် ဒီအခန်းကျဉ်းလေးထဲစား..
နှာခေါင်းပေါက်လောက်သာရှိသော အခန်းကျဉ်းလေးသည် jungkookအတွက် အေးချမ်းသော ဘုံနိဗ္ဗာန်တစ်ခု။
အခုလည်း အိပ်ယာနိုးသည်နှင့် မျက်နှာသစ်သွားတိုက်ပြီးနောက် သဘတ်အား ပုခုံးပေါ်တင်ကာ နှစ်ချို့နေပြီဖြစ်သော ဖုန်းနှင့် မေမေ့ဆီဖုန်းခေါ်နေခဲ့သည်။ ဖုန်းဝင်သွားပြီးစက္ကန့်အနည်းငယ်လောက်ကြာတော့ မေမေဖုန်းကိုင်ခဲ့တယ်။
"ဟယ်လို မေမေ"
"အေး သားလေး "
မနက်ခင်းနိုးလာတိုင်းဖုန်းဆက်နေကျဖြစ်ပေမဲ့ ဆက်လိုက်တိုင်းလည်းမေမေသည် နှစ်ပေါင်းများစွာ အဆက်အသွယ်မရသောသူမှ ဆက်သွယ်သလို လိူက်လိူက်ခါ ဝမ်းသာဆဲ။
"သားလေး ကျောင်းတတ်ရတာအဆင်ရောပြေရဲ့လား"
"ပြေပါတယ် မေမေရဲ့ မေမေရော စျေးရောင်းရတာ အဆင်ပြေရဲ့လား"
"အမေက ဘာမှမဖြစ်ဘူး ငါ့သားလေး အဆင်ပြေဖို့အရေးကြီးတယ်။ မုန့်ဖိုးရောကျန်သေးရဲ့လား"
"ကျန်သေးတယ်မေမေ မေမေသာ ကျန်းမာရေးဂရုစိုက် "
ကျောင်းစတတ်သည့်နေ့မှာပင် ပါသမျှပိုက်ဆံတွေအကုန် ဝိုင်းထိုးဝိုင်းရိုက်ရင်း လုယူခံလိုက်ရကြောင်း မေမေ့ကိုမပြောပြဖြစ်တော့။
"အေးပါ ငါ့သားလေးကိုလွမ်းလိုက်တာကွယ် အားတဲ့နေ့တေွကျ ရွာကိုပြန်လာခဲ့ဉီးနော်"
"ဟုတ်ကဲ့မေမေ အာ့ဆိုဒါဘဲနော်"တီကနဲပြတ်တောက်သွားသော လေလိူင်းလေးအပြီး မတူညီတဲ့ နေရာဆီကနေ တူညီတဲ့ ခံစားချက်တို့နှင့် သည်းထန်စွာငိုကြွေးနေကြသော လူသားနှစ်ဉီး..။
"မေမေ့သားလေး မေမေ့အပြစ်တွေကြောင့် မေမေ့သားလေး ဒုက္ခများနေရပြီ တောင်းပန်ပါတယ် သားရယ် မေမေတောင်းပန်ပါတယ် မေမေ့ကလေးလေးရယ်"
ဖုန်းချပြီးသည်နှင့် အခန်းထောင့်လေးထဲထိုင်ချကာ သဲကြီးမဲကြီး ငိုကြွေးနေတဲ့ jungkook
"အဆင်မပြေဘူးမေမေရယ် ကျွန်တော်ကြောက်တယ် လူတွေက သိပ်ကြောက်ဖို့ကောင်းတာပဲမေမေရယ် ကျွန်တော်သူတို့ရှေ့မှာမငိုဘူးမေမေ ကျွန်တော်မငိုခဲ့ဘူး "
သန်မာချင်ယောင်ဆောင်ထားတဲ့ကလေးလေးရဲ့ငိုသံတွေ နာကျင်မူတွေကို ထိုအခန်းကျဉ်းလေးရဲ့နံရံတွေသာအသိဆုံး။
