1

14.6K 475 15
                                    

ညအမှောင်ဘက်သို့ တဖြေးဖြေးကူးပြောင်း
နေတဲ့ကောင်းကင်ကြီးကို လူရှိုင်း ဆိုတဲ့
ကောင်လေးကမော့ကြည့်ရင်း သက်ပြင်း
တစ်ချက်ရှိုက်သည် ။ သူ အခုရပ်နေရာက
မှတ်တိုင်တစ်ခု၊ မြို့လယ်ခေါင်ဖြစ်သည့်
အပြင် ​ဈေးရုံကြီးများလည်းအများအပြားရှိ
သည် ။ တစ်ချို့ကုန်ထမ်းသမားများဆို
အခုချိန်ထိတောင် မပြန်နိုင်ကြသေးပေ။
တော်သေးတာပေါ့ ။ လူရှိုင်း က စာရင်းကိုင်
နေရာမှာ ချောချောချူ ချူ အလုပ်ဝင်နိုင်လို့။
သိုပေမယ့် အခုတောင်သူ့အလုပ်ပြန်ချိန်က
သူများထက် ​နောက်ကျနေသည်။
မှတ်တိုင်မှာ ထိုးစိုက်လာတဲ့ ကားတွင်
လူအများပြည့်သိပ်နေသည်ကို ကြည့်ရင်း
လူရှိုင်း က ​နောက်တစ်ခေါက်သက်ပြင်း
ရှိုက်ပြီး ခပ်သွက်သွက်ပဲ ကားပေါ်တက်
လိုက်သည် ။ နောက်ကောက်ကျနေရင်
တွယ်စီးနေအုံးမယ်လေ။ တွယ်စီးရတာကို
ကြိုက်ပေမယ့် ဒီနေ့တော့ စိတ်မပါပေ။

ကားပေါ်ရောက်သည်နှင့် သူ့အရပ်နှင့်
သိပ်မလွှတ်ချင်သည့် ကားအမိုးကြောင့်
ဇက်ကိုငုတ်လျိုး ထားရသည် ။ ကြပ်သိပ်
နေအောင်တင်နေသည့် စပယ်ယာကောင်
ကလည်း အင်မတန်မှ ကျက်သရေတုံးပါ၏။

"အတင်းတိုးမနေနဲ့လေ ဒီမှာနင်းမိကုန်ပြီ"

ကားတစ်ခုလုံးကြားဖို့ လုံလောက်သည့်
အနေအထားကြောင့် သေချာပေါက်
လူရှိုင်း လည်းကြားပါသည် ။ ကားကြပ်
တိုင်း ပုံမှန်ကြားနေကြစကားဖြစ်တာ
ကြောင့် စပ်စုပြီးလှည့်မကြည့်ချင်ပေမယ့်
သူ့ကိုပါ တွန်းထိုးသလိုဖြစ်သွားတာကြောင့်
ဆတ်ခနဲ လှည့်ကြည့်မိသည် ။
သူလှည့်အကြည့်မှာပဲ ကားဘားတန်းကို
မြှောက်ကိုင်ထားတဲ့ သူ့လက်မောင်းအော
က် လစ်နေအောက်ဝင်လာတဲ့ လူတစ်
ယောက်ကြောင့် ကိုယ်ကိုအနည်းငယ်
ရို့ လိုက်သည် ။

"ပိုက်ဆံမပေးဘဲ အလကားနှိုက်မြည်း
ချင်တဲ့ အောက်တန်းစား "

သူ့ရင်ခွင်အောက် ပြာတိပြာယာရောက်
လာတဲ့ ​ကောင်လေးမှာ တစ်ဖက်ခြမ်းမှ
လူအားခပ်ကျယ်ကျယ်အော်ပြောလိုက်တဲ့
စကားကြောင့် လူရှိုင်း၏ မျက်ခုံးတန်းများ
ဟာ စုကျူံ့သွားသည် ။ တစ်ဖက်ကို
လှည့်ကြည့်မိရာ နှုတ်ခမ်းမွှေးကားကားနှင့်
အသက်လေးဆယ်အရွယ်လောက် ရှိမည့်
ယောက်ျားတစ်ယောက် ဟာ တစ်ကားလုံး
ရှိ လူအများ၏ အကြည့်ဟာသူ့ထံသို့ရောက်
လာသဖြင့် ရှက်ရမ်းရမ်းသွားပုံရသည်။
နီစပ်စပ်မျက်နှာကြီးကို သပ်ချကာ လူရှိုင်း
ကိုယ်နှင့် ကွယ်နေသောကောင်လေးအား
ပြန်အော်ပြောလာသည် ။

ညဥ့်ငှက်လေး ကိုမှ ချစ်မိလေပြီ(ညဥ့်ငှက်လေး ကိုမှ ချစ်မိလေပြီ)Where stories live. Discover now