9

2.1K 158 11
                                    

'ငါ့ရဲ့အချစ်တွေကိုသာ မင်းခံစား
တတ်ရင် အဲ့သလောက်တောင်ချစ်
ရလားဆိုပြီး ချုံးပွဲချမငိုမိရင်
အကြိုက်ပြော'

တဂျုံးဂျုံးတဂျက်ဂျက်နဲ့ခုတ်မောင်း
နေတဲ့ ရထားပေါ်တွင် ထိုင်ရင်း
ပြတင်းပေါက်အပြင်ဘက်သို့ကြည့်
ကာ လူရှိုင်း သူ့ဘာသာသူတစ်ကိုယ်
တည်း တွေးလိုက်မိတဲ့စကားကြောင့်
ပြုံးမိသည်။ တကယ်ပဲ ရှေးအပေါ်
ထားတဲ့ သူ့ရဲ့အချစ်တွေနဲ့ပတ်သက်
ရင် ယုံကြည်မှုတို့ဟာ လိုသည်ထက်
ပို ပြည့်ဝလို့နေ၏။

ပြတင်းပေါက်မှတဆင့်တိုးဝှေ့တိုက်
ခတ်လာသည့်လေညှင်း၏ အထိ
အတွေ့ကို မျက်လုံးမှိတ်ကာ ခံစားရင်း
လေညှင်းလေးက သယ်ဆောင်လာ
သည့် သဘာဝ၏သံစဥ် သစ်ရွက်
လှုပ်ခတ်သံများကို ဆူညံနေသည့်
ရထားသံများကြားမှ လူရှိုင်းခံစား
နေမိတာကြောင့် မျက်လုံးများမှိတ်
လျက်တိုင်း ပြတင်းပေါက်ဘောင်ပေါ်
မေးတင်ရင်း ငြိမ်ငြိမ်လေးနေကာ
နားစွင့်နေမိသည်။

'လွမ်းလိုက်တာ'

ရှေးကို သတိရလွန်းလို့အဖေနဲ့အမေ
ကို အတိုက်ခံလုပ်ကာ သူရန်ကုန်
သို့ အပြေးပြန်လာခဲ့ခြင်းဖြစ်တယ်။
ရှေး ပြောခဲ့သည်အတိုင်း ရှေး၏
အနာအဆာကို သူ့မိသားစုဟာ
လက်သင့်မခံကြောင်းပြောခဲ့၍
လူရှိုင်း အရာရာကိုလွှတ်ချပြီးရှေးဆီ
ကို အပြေးလာမိသည်။ ရှေးကသာ
သူ့ဘဝရဲ့ ပထမဦးစားပေးလေ။

အခုသူ့အတွေးထဲမှာ နေရာအပြည့်
ယူထားသည်က ရှေးကိုတွေ့သည်
နှင့် ရှေးလက်ကိုဆွဲပြီး ကမ္ဘာအပြင်
ဘက်ထိ ပြေးထွက်သွားမည့်ဆိုတာ
ပင် ဖြစ်၏။ ရှေး က မလိုက်ချင်ဘူး
ငြင်းရင်တောင် သူကအကြမ်းနည်း
သုံးပစ်မည်။ ရှေးကိုထပ်ပြီး အလို
လိုက်လို့ မရတော့ဘူး။ သူ့ကိုအနိုင်
ကျင့်တာ များနေလေပြီ။

လိုရာခရီးကိုဆိုက်ရောက်လာပြီ
ဖြစ်တဲ့ ရထားပေါ်မှ လူရှိုင်း ဆင်း
ရန်ပြင်သည်။သူ့ပုံစံက ဘယ်လောက်
တောင် အလျှင်လိုနေလဲဆိုရင်
ရထားအပေါက်မှ ဆင်းသူတွေများ
နေတာကြောင့် သူထိုင်နေရာခုံဘေး
မှ ပြတင်းပေါက်ကိုကျော်ခွာကာ
ခုန်ဆင်း​နေလေသည်။ ကျောပိုးအိတ်တစ်လုံးသာပါသည်မို့ လွယ်ကူစွာပဲ
ဆင်းလိုက်နိုင်သည်။ ​မြေပေါ်
မရောက်ခင် ကိုယ်ရှိန်ကို ထိန်းသည့်
အနေနှင့် ​မြေကြီးပေါ်လက်ထောက်
လိုက်သည်။ ပေကျံသွားသော
ဖုန်မှုန့်များကို ခါလိုက်ပြီးဘူတာရုံမှ
အပြေးထွက်လာသော သူ့ပုံစံကို
လူအများက လိုက်ကြည့်နေကြ
သော်လည်း မရှက်နိုင်။

ညဥ့်ငှက်လေး ကိုမှ ချစ်မိလေပြီ(ညဥ့်ငှက်လေး ကိုမှ ချစ်မိလေပြီ)Where stories live. Discover now